Pages

Tuesday, July 31, 2012

စည်းမထိုး၊ကြွေမပစ် ၊ပဏ္ဍာမဆက် သို့သော်………….နိုင်သည်

စာအုပ်အမည် = စည်းမထိုး၊ကြွေမပစ် ၊ပဏ္ဍာမဆက် သို့သော်………….နိုင်သည်

စာရေးသူ = မိုးဟိန်း (သားဂျာနယ်ကျော်)

စာအုပ်အမျိုးအစား = ဆောင်းပါးများစုစည်းမှု

စာမျက်နှာ=၁၁၀

ထုတ်ဝေသည့်ခုနှစ် = ၂၀၁၀-ခု၊ ဒီဇင်ဘာလ ၁၀-ရက်

ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်


စာအုပ်တိုက်  = သီဟရတနာ စာအုပ်တိုက်

စာညွန်း = ဤစာအုပ်သည် ကွန်လွန်သွားခဲ့သည့် စာရေးဆရာဖြစ်သော ဦးမိုးဟိန်း(သားဂျာနယ်ကျော်) ကိုယ်တိုင်ရေးသားထားသည့်  ဆောင်းပါးများအားစုစည်းထုတ်ဝေသည့် စာအုပ်ဖြစ်သည်။  ဤစာအုပ်တွင် ဆရာမိုးဟိန်းမှာ ကင်ဆာရောဂါခံစားနေရစဉ်အချိန်အတွင်း ကင်ဆာရောဂါသည်တစ်ယောက်၏ ရင်ဆိုင်တွေ့ကြုံသည့် အတွေ့အကြုံများနှင့်  ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည့် အတွေးအမြင်များကိုရေးသား တင်ပြထားသည်။ ထို့အပြင်  နောင်လာနောင်သားများအတွက် အင်မတန်မှတန်ဖိုးရှိသော ကဗျာတစ်ပုဒ် အား လည်း ဤစာအုပ်၏နောက်ဖုံးတွင်ရေးသားထည့်သွင်းထားသည်။

စာအုပ်အညွန်းရေးသူ = Khaing Soe Aung  (မောင်သာဂိ)

ကြောက်စိတ်

စာအုပ်အမည် -  ကြောက်စိတ်
စာရေးသူအမည် - မောင်သစ်ဆင်း
စာပေအမျိုးအစား - ဆောင်းပါး
စာမျက်နှာ - ၁၇၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - အောက်တိုဘာလ၊ ၁၉၉၈
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - မုံရွေးစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၄၅၀ ကျပ်

စာညွှန်း - သင့်ဘ၀မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခဲ့ဖူးသော ဆရာမောင်သစ်ဆင်း၏ ဆောင်းပါး (၆)ပုဒ်ကို စုစည်းဖော်ပြထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ပလေတိုးနိဒါန်း

စာအုပ်အမည် - ပလေတိုးနိဒါန်း
စာရေးသူအမည် - ဇော်ဂျီ
စာပေအမျိုးအစား - ဒဿနစာတမ်း
စာမျက်နှာ - ၃၅၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊၂၀၀၂။
ထုတ်ဝေသည့်အကြိမ် - စတုတ္ထအကြိမ်
စာပေတိုက် - စာပေလောကစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၁၅၀၀ ကျပ်

စာညွှန်း - ဤစာအုပ်သည် ရှေးခေတ်ဂရိဒဿနိကဆရာ ပလေတိုးရေးသားခဲ့သော ကထာစာတမ်း (၁၃) ပုဒ်မှ ကောက်နုတ်သော စာများကို ဆရာဇော်ဂျီမှဘာသာပြန်ဆိုထားခြင်းဖြစ် သည်။ ရှေးခေတ် ဂရိနိုင်ငံနှင့် ရှေးခေတ်ဂရိလူမျိုးတို့အကြောင်းကို နိဒါန်းအဖြစ်ဖော်ပြထားပါသည်။ ထို့နောက် စာ(၂၄)ပုဒ် ကို ဂရိတွေးခေါ်ပညာရှင် ဆော့ခရိတ္တိ၏ သဘာဝကိုအလွယ်တကူနားလည်စေရန် စာပါအကြောင်းအရာ အလိုက် စီစဉ်ထားပါသည်။ ဥရောပယဉ်ကျေးမှုကို တည်ထောင်ခဲ့သော ပလေတိုးသည် ဆော့ခရိတ္တိ၏ တပည့်ဖြစ်သည့်အားလျှော်စွာ သူ၏ကထာစာတမ်းများတွင် ဆော့ခရိတ္တိကိုခေါင်းဆောင်တင်၍ရေးသား ခဲ့ပါ သည်။ ဤစာများသည် လောကကိုစောင့်ရှောက်တတ်သော အကျင့်စရိုက်ကောင်း၊ လောကကို ဖျတ်ဆီးတတ်သော အကျင့်စရိုက်ဆိုးတို့ကို ဖွင့်ဆိုထားသောစာများ ဖြစ်သဖြင့် အချိန်ယူ၍ ဖတ်ရှုသင့်သော စာကောင်းများဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ဘ၀နှင့်စာပေ

စာအုပ်အမည် - ဘ၀နှင့်စာပေ
စာရေးသူအမည် - တက်တိုး
စာပေအမျိုးအစား - ဆောင်းပါး
စာမျက်နှာ - ၃၁၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - နိုဝင်ဘာလ၊ ၂၀၀၁။
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - ရတနာပုံစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၉၀၀ကျပ်

စာညွှန်း - ဆရာတက်တိုးသည် ဤဆောင်းပါးများကိုရေးသားခဲ့ခြင်းမှာ မြန်မာစာဖတ်သူတို့အား ကမ္ဘာ့စာပေဗဟုသုတ ဆည်းပူးရန် လမ်းညွှန်မျှသာ ဖြစ်သည်ဟုဆိုခဲ့သော်လည်း ဤစာအုပ်ကို ဖတ်ရှုပြီးနောက် ကမ္ဘာ့ဂန္တ၀င်များအား စိတ်ဝင်စားသွားသဖြင့် စာတွေအများကြီး ဖတ်ဖြစ်ခြင်းဖြင့် စာပေဗဟုသုတ ပြည့်စုံသွားပါသည်ဟု ဆရာတက္ကသိုလ်ဘုန်းနိုင်က ဆိုခဲ့ပါသည်။ ဤစာအုပ်တွင် ဆရာတက်တိုးသည် စာပေဆိုင်ရာ သဘောတရားများ၊ စာပေအမျိုးအစားများ၊  ကမ္ဘာ့ဂန္တ၀င်စာပေများနှင့် စာရေးဆရာများအကြောင်းကို ညွှန်းဆိုခဲ့ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

မိုရှေဒါယန်

စာအုပ်အမည် - မိုရှေဒါယန်
စာရေးသူအမည် - မောင်ဝံသ
စာပေအမျိုးအစား - အတ္ထုပ္ပတ္တိ
စာမျက်နှာ - ၂၄၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - သြဂုတ်လ၊ ၂၀၀၂။
ထုတ်ဝေသည့်အကြိမ် - တတိယအကြိမ်
စာပေတိုက် - ဒေါင်းစာပေ
စာအုပ်တန်ဖိုး - ၆၅၀ ကျပ်

စာညွှန်း - ဤစာအုပ်သည် အစ္စရေးနိုင်ငံ၏ သူရဲကောင်းတစ်ဦးဖြစ်သော ၀န်ကြီးချုပ်မိုရှေဒါယန်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါသည်။ မိုရှေဒါယန်သည် ခေတ်သစ် စစ်ခေါင်းဆောင်များထဲတွင် တစ်ဖက်ကမ်းခတ် သူ တစ်ဦးဟု ကမ္ဘာ့စစ်ခေါင်းဆောင်အများစုက ၀န်ခံထားရပါသည်။ ဤစာအုပ်တွင် မိုရှေဒါယန်၏ဘ၀ အကြောင်းအရာများ၊ နိုင်ငံရေးခံယူချက်များ နှင့် အာရပ်-အစ္စရေး စစ်ပွဲအကြောင်း တို့ကို လေ့လာနိုင်ပါ သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

စာနယ်ဇင်းသမားတစ်ယောက်ဖြစ်ဖို့

စာအုပ်အမည် - စာနယ်ဇင်းသမားတစ်ယောက်ဖြစ်ဖို့
စာရေးသူအမည် - မောင်စိုးသစ်
စာပေအမျိုးအစား - ဘာသာပြန်
စာမျက်နှာ - ၁၁၁မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - စက်တင်ဘာလ၊ ၂၀၀၃။
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ဒီရေဦးစာပေတိုက်
စာအုပ်တန်ဖိုး - ၅၀၀ ကျပ်

စာညွှန်း - ဤစာအုပ်ကို စာရေးဆရာ မောင်စိုးသစ်မှ ၁၉၆၅ ခုနှစ်တွင် ထုတ်ဝေသော M. L. Stein ၏ How to be a Journalist စာအုပ်အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် စာနယ်ဇင်းများ၏ အရေးပါမှု၊ စာနယ်ဇင်းပညာ၏ သဘောသဘာဝ၊ အယ်ဒီတာနှင့် ထုတ်ဝေသူများ၏ အတွေးအမြင်၊ သတင်းသမားများ၏ ယုံကြည်မှုများကို ဖော်ပြထားပါသည်။ စာနယ်ဇင်းသမားတစ်ယောက်သည် ဒီမိုကရေစီ စနစ်တစ်ခု၏ အရေးပါဆုံးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သော ကမ္ဘာလောကကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြောပြနိုင်စွမ်း ရှိသည်ဟု နိဒါန်းချီထားပြီး စာနယ်ဇင်းလောကသို့ ၀င်ရောက်လိုသူတိုင်း ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ယန်းပေါဆက်၏ ဖြစ်တည်မှုဝါဒ

စာအုပ်အမည် - ယန်းပေါဆက်၏ ဖြစ်တည်မှုဝါဒ
စာရေးသူအမည် - မောင်သာမည
စာပေအမျိုးအစား - ဘာသာပြန်စာတမ်း
စာမျက်နှာ - ၁၁၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - နိုဝင်ဘာလ၊ ၂၀၀၂
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - လင်းဦးတာရာစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၅၀၀ ကျပ်

စာညွှန်း - ဒုတိယ ကမ္ဘာစစ်အပြီး၌ ဖြစ်တည်မှုဝါဒ (Existentialism) သည် မက်စ်ဝါဒနည်းတူ ရေးပန်းစားလာခဲ့သည်။ ပြင်သစ်လူမျိုး ယန်းပေါဆက်ကား ဖြစ်တည်မှုဝါဒကို လူသိထင်ရှား ထင်ပေါ်ကျော်ကြားလာအောင် ပြုလုပ်ခဲ့သူဖြစ်သည်။ ဤစာအုပ်သည် Philip Mairet နှင့် Bernard Frectman ၏ Existentialism ဆိုင်ရာ ဟောပြောချက်စာတမ်း နှစ်စောင်ကို ကိုးကား၍ စာရေးသူမှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ယန်းပေါဆက်၏ဘ၀အကြောင်း၊ သူ၏ဖြစ်တည်မှုဝါဒ ဒဿန၊ Playboy မဂ္ဂဇင်းနှင့် အင်တာဗျူး ဟူ၍ ကဏ္ဍသုံးခုခွဲ၍တင်ပြထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

အရှေ့ကနေ၀န်းထွက်သည့်ပမာ (ပ+ဒု)

စာအုပ်အမည် - အရှေ့ကနေ၀န်းထွက်သည့်ပမာ (ပ+ဒု)
စာရေးသူအမည် - သိန်းဖေမြင့်
စာပေအမျိုးအစား - ၀တ္ထုရှည်
စာမျက်နှာ - ၆၁၃ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဒီဇင်ဘာလ၊ ၂၀၀၁။
ထုတ်ဝေသည့်အကြိမ် - အဌမအကြိမ်
စာပေတိုက် - စာအုပ်ဈေးစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၁၇၀၀ ကျပ် (တစ်အုပ်တန်ဖိုး)

စာညွှန်း - မြန်မာ့နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကို နောက်ခံကားအဖြစ်ထား၍ မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသော ကိုအောင်ဆန်း၊ ကိုဘဟိန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်သိန်းဖေ၊ ကိုလှရွှေအစရှိသည့် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် မောင်တင်ထွန်း၊ မမြမှီ စသည့်ဇာတ်ရုပ်များဖြင့် သိုင်းဝိုင်းဖွဲ့နွဲ့ထားသော မြန်မာ့စာပေနယ်၌ ဂန္တ၀င် အမြောက်ဆုံးသော ၀တ္ထုရှည်ကြီးဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Wednesday, July 25, 2012

ငဘ



စာအုပ်အမည် - ငဘ
စာရေးသူအမည် - မောင်ထင်
စာပေအမျိုးအစား - ၀တ္ထု
စာမျက်နှာ - ၉၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊ ၁၉၉၁။
ထုတ်ဝေသည့်အကြိမ် - ပဉ္စမအကြိမ်
စာပေတိုက် - သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
စာအုပ်တန်ဖိုး - မဖော်ပြ

စာညွှန်း - ဆရာမောင်ထင်၏ ငဘ၀တ္ထုသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြတ်သန်းခဲ့ရသော မြန်မာလူမျိုးများ၏ ဘ၀သရုပ်ဖော် ၀တ္ထုတစ်ပုဒ်အဖြစ်သာမက ဂျပန်ခေတ်၏ လူနေမှုစနစ်ဆိုးများကိုပါ ခြယ်မှုန်းပြသထားသော ဘ၀ပန်ချီကားတစ်ချပ်လည်းဖြစ်ပါသည်။ ဤ၀တ္ထုကို ဆရာမောင်ထင်သည် ၁၉၄၇ခုနှစ် နှစ်ဦးပိုင်းတွင် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ “ကိုယ့်ကံကြမ္မာကို ကိုယ်မဖန်တီးနိုင်သော ဗမာပြည်ရှိ ငဘများသို့” ဟုနိဒါန်းချီကာ မြေရှင်အရင်းရှင်ကြီးများ၏ လွှမ်းမိုးမှုအောက်တွင် ကျင်လည်ခဲ့ရသော မြန်မာတောင်သူကြီးများ၏ ဘ၀ကို ဖော်ညွှန်းသော ဤ၀တ္ထုသည် တရုတ်နှင့် ဆိုဗီယက် နိုင်ငံတို့တွင် တိုက်ရိုက်ဘာသာပြန်ဆို၍ ရိုက်နှိပ်ထုတ်ဝေခဲ့ရပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Tuesday, July 17, 2012

ဘုန်းနိုင်အတွေး ဘုန်းနိုင့်အမြင်

စာအုပ်အမည် = ဘုန်းနိုင်အတွေး ဘုန်းနိုင့်အမြင်
စာရေးသူအမည် =တက္ကသိုလ်ဘုန်းနိုင်
စာပေအမျိုးအစား = စာပေဟောပြောပွဲများ၊ ရေးသူဖတ်သူဆွေးနွေးပွဲများစုစည်းမှု
စာမျက်နှာ = ၂၀၅ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၇၇ ခုနှစ် ( ပထမအကြိမ်- လွင်မော်စာပေ )
                           ၂၀၀၄ ခုနှစ် ( ဒုတိယအကြိမ်- ကံ့ကော်ဝတ်ရည်စာပေ )
စာအုပ်တန်ဖိုး = ၁၀၀၀-ကျပ်
မျက်နှာဖုံးပန်းချီ =၀သုန်
စာညွှန်း =" စာပေနှင့်ပတ်သက်သော သဘောတရားအထွေထွေကို ထောင့်စုံစုံမှ ဓမ္မဒိဌာန်ကျကျ သိရှိ နားလည်နိုင်ရန် ရည်ရွယ်သည်" ဟုစာရေးသူကိုယ်တိုင်မှ သူ၏ (၃-၇-၇၇ )အမှာတွင်ရေးသား ဖော်ပြထား သည်။ ဆရာရေးသားခဲ့သော စာအုပ်များနှင့် ပတ်သက်သော အချက်အလက်များ၊ ဇာတ်လမ်း တည်ဆောက်ပုံများ၊ ဇာတ်ကောင်စရိုက်များ၊ စိတ်ပညာနှင့်ပတ်သက်သော ဆရာ၏ခံယူချက်များကို
ဒေါ်ခင်မျိုးချစ်၊ ဆရာအောင်သင်း၊ မောင်သိန်းဆိုင် တို့ကဲ့သို့သောပုဂ္ဂိုလ်များနှင့် အခြားစာဖတ် သူများနှင့်ဆွေးနွေးထားခြင်း များကို စုစည်းထားသည့်စာအုပ်ကောင်းတအုပ်ဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ =Foe Zan

သာဓု.. သာဓု.. သာဓု

စာအုပ်အမည် = သာဓု.. သာဓု.. သာဓု
စာရေးသူအမည် = သုမောင်
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ်
စာမျက်နှာ = ၁၂၀ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = အောက်တိုဘာလ၊ ၂၀၁၀
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စိတ်ကူးချိုချိုအနုပညာ
စာအုပ်တန်ဖိုး = ၁၅၀၀-ကျပ်
စာညွှန်း =  စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ‘သာဓု’ ၏ ငယ်ဘဝပုံရိပ်အချို့ကို သားဖြစ်သူ ‘သုမောင်’ မှ ရေးသားထားသော စာစုများဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

သမိုင်းတွင် သမိုင်းဝင်စကားများ

စာအုပ်အမည်   =သမိုင်းတွင် သမိုင်းဝင်စကားများ
စာရေးသူအမည် =ချစ်ဦးညို
စာပေအမျိုးအစား=ဆောင်းပါး
စာမျက်နှာ       =၁၇၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၅ ၊ဒီဇင်ဘာလ
စာပေတိုက် = ယုံကြည်ချက်စာပေ

စာညွန်း          =ဆရာချစ်ဦးညို မှ သမိုင်းတွင် ခဲ့သော စကားများနှင့် အဆိုပါစကားများဖြစ်ပေါ်လာ ပုံများ နှင့် စကားများပေါ်ထွက်လာခဲ့သည့် သမိုင်းကာလဖြစ်စဉ်များ၊ စကားများ၏ သမိုင်းတွင်ပုံ အကြောင်းအရင်းများ အား စိတ်ဝင်စားဖွယ်ရာတင်ပြထားသည် ။

စာအုပ်အညွှန်းတင်သူ    = Khing Soe Aung (မောင်သာဂိ)

Friday, July 13, 2012

ဆံတော်ကြိုစေတီ(၆)ဆူ သုတေသနစာတမ်း


စာအုပ်အမည် = ဆံတော်ကြိုစေတီ(၆)ဆူ သုတေသနစာတမ်း
စာရေးသူအမည် = မောင်ပန်းမွှေး(အမည်ခံ)ဦးလှမြင့်
စာပေအမျိုးအစား = သုတေသနစာတမ်း
စာမျက်နှာ = ၁၂၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၈-ခု၊ နိုဝင်ဘာလ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = သာသနာရေး ဦးစီးဌာန
စာအုပ်တန်ဖိုး = အခမဲ့

စာညွှန်း = တပုဿနဲ့ဘလ္လိက တို့ ယူခဲ့တဲ့ ဆံတော်တွေကို ကြိုတဲ့နေရာတွေမှာ ဆံတော်ကြိုစေတီတွေ တည်ခဲ့ပြီး၊ နှစ်ပေါင်းကြာလာတော့ တိမ်မြုပ်နေတဲ့နေရာတွေကို ကျိုက်ထီးဆောင်းဆရာတော်မှ ညွှန်ပြ၍ ဇေကမ္ဘာ ခင်ရွှေတို့က ဘက်စုံ ပြုပြင်ထားရာ မောင်ပန်းမွှေး(အမည်ခံ)ဦးလှမြင့်က သုတေသနပြုထားခြင်း ဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ဆံတော်စေတီ(၆)ဆူ သုတေသနစာတမ်း


စာအုပ်အမည် = ဆံတော်စေတီ(၆)ဆူ သုတေသနစာတမ်း
စာရေးသူအမည် = မောင်ပန်းမွှေး(အမည်ခံ)ဦးလှမြင့်
စာပေအမျိုးအစား = သုတေသနစာတမ်း
စာမျက်နှာ = ၁၂၇ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၈-ခု၊ နိုဝင်ဘာလ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = သာသနာရေး ဦးစီးဌာန
စာအုပ်တန်ဖိုး = အခမဲ့

စာညွှန်း = ဘီးလင်းမြို့နယ်ရှိ ဆံတော်စေတီ(၆)ဆူအား ကျိုက်ထီးတောင်းဆရာတော်မှ ညွှန်ပြ၍ မောင်ပန်းမွှေး(အမည်ခံ)ဦးလှမြင့်က သုတေသနပြုထားခြင်း ဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ရွှေနားပန်စေတီတော် သုတေသနစာတမ်း


စာအုပ်အမည် =ရွှေနားပန်စေတီတော် သုတေသနစာတမ်း
စာရေးသူအမည် = မောင်ပန်းမွှေး(အမည်ခံ)ဦးလှမြင့်
စာပေအမျိုးအစား = သုတေသနစာတမ်း
စာမျက်နှာ = ၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၉-ခု၊ ဇန်နဝါရီလ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မဖော်ပြထား
စာအုပ်တန်ဖိုး = အခမဲ့

စာညွှန်း = ရန်ကုန်မြို့၊ သုဝဏနားရှိ ရွှေနားပန်စေတီတော် (ရှေးဟောင်းဘုရား)သည် နာဂစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရာ ကျိုက်ထီးတောင်းဆရာတော်နှင့် ဇေကမ္ဘာ ခင်ရွှေတို့က ဘက်စုံ ပြုပြင်ထားရာ မောင်ပန်းမွှေး(အမည်ခံ)ဦးလှမြင့်က သုတေသနပြုထားခြင်း ဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

Monday, July 9, 2012

မြန်မာအက္ခရာ ရေးသားနည်းစနစ်


စာအုပ်အမည် = မြန်မာအက္ခရာ ရေးသားနည်းစနစ်
စာရေးသူအမည် = ဦးမြတ်ကျော်(မြန်မာစာအဖွဲ့)
စာပေအမျိုးအစား = ဘာသာစကား
စာမျက်နှာ = ၁၂၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၉၂-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး = ၂၆-ကျပ်

စာညွှန်း = မြန်မာအက္ခရာ လုံးချင်းဗျည်းရေးဆွဲပုံ၊ ဗျည်းတွဲရေးဆွဲပုံ၊ အသတ်ရေးဆွဲပုံ၊ သရများ ရေးဆွဲပုံ၊ ဂဏန်းရေးဆွဲပုံ စသည်တို့ကို စနစ်တကျ ရေးဆွဲနည်းမှန်ကန်စေရန် ပြုစုထားသော စာအုပ်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ခြင်းလုံးခတ်ကစားခြင်း သမိုင်း


စာအုပ်အမည် = ခြင်းလုံးခတ်ကစားခြင်း သမိုင်း
စာရေးသူအမည် = ဦးဘဇော်
စာပေအမျိုးအစား = မြန်မာ့ရိုးရာ အားကစား
စာမျက်နှာ = ၈၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၆၈-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး = ၅၀-ပြား

စာညွှန်း = မြန်မာ့ရိုးရာ အားကစားနည်း တစ်ခုဖြစ်တဲ့ ခြင်းလုံးခတ်ကစားခြင်း သမိုင်းကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ *ခြင်းလုံးခတ်ကစားနည်း မပါပါ။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

အလင်္ကာကျော်စွာ ဦးဟန်ပ


စာအုပ်အမည် = အလင်္ကာကျော်စွာ ဦးဟန်ပ
စာရေးသူအမည် = နန်းညွန့်ဆွေ
စာပေအမျိုးအစား = အတ္ထုပတ္တိ
စာမျက်နှာ = ၉၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၇၁-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး = ၇၅-ပြား

စာညွှန်း = တစ်ချိန်က ဆိုင်းဆရာ ရွာစားကြီး စိန်ဗေဒါနှင့် ခေတ်ပြိုင် ကျော်ကြားခဲ့သော ဆိုင်းဆရာ အလင်္ကာကျော်စွာ ဦးဟန်ပ အကြောင်း အတ္ထုပတ္တိကို ရေးသားထားခြင်း ဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ပါနောက်၏ ရုပ်ကြီးစင်


စာအုပ်အမည် = ပါနောက်၏ ရုပ်ကြီးစင်
စာရေးသူအမည် = ပါနောက်
စာပေအမျိုးအစား = ဇာတ်စာပေ
စာမျက်နှာ = ၈၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၇၄-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး =၁-ကျပ်

စာညွှန်း = နှစ်ပေါင်း ၇၀ကျော်တွင် ခေတ်စားခဲ့သော ပါနောက်ရုပ်ကြီးစင် အကြောင်း၊ အမြင်သဘင်ဟုလည်းခေါ်သော ရုပ်သေးပညာ၏ အဆို အငို အပြောတို့ကို ရေးသားထားခြင်း ဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ပုဂံသား မောင်ဘကျော်


စာအုပ်အမည် = ပုဂံသား မောင်ဘကျော်
စာရေးသူအမည် = ပန်တျာမြင့်အောင်
စာပေအမျိုးအစား = ဝတ္ထု
စာမျက်နှာ = ၁၂၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၆၇-ခု၊
ထုတ်ဝေသည့်အကြိမ် = ဒုတိယ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး =၁-ကျပ်

စာညွှန်း = တစ်ချိန်က ကျော်ကြားခဲ့သော ဇာတ်မင်းသား ပုဂံသား မောင်ဘကျော် အကြောင်း အတ္ထုပတ္တိကို ဆွေမျိုးတော်သူ ပန်တျာမြင့်အောင်မှ ဝတ္ထုအသွင် ရေးသားထားခြင်း ဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

၂၁ ရာစု ပုဂံစာတမ်းများ



စာအုပ်အမည်   = ၂၁ ရာစု ပုဂံစာတမ်းများ
စာရေးသူအမည် =စာရေးဆရာစုံ
စာပေအမျိုးအစား= အကြောင်းအရာစုံ
စာမျက်နှာ       =၃၄၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၆
စာပေတိုက် = ပုဂံစာအုပ်တိုက်

စာညွန်း          =ဤစာအုပ်တွင် သမိုင်းဆိုင်ရာအကြောင်းအရာများ ၊ အတွေးအခေါ်ဆိုင်ရာအကြောင်းအရာများ ၊ စာပန်းခြင်း ၊ ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများကို စာရေးဆရာများ ၊ဆရာမများတို့မှာစုပေါင်းရေးသားထားသည့် အက်ဆေးများ၊ဆောင်းပါးများ ကို စုစည်းတင်ပြထားသည့်စာအုပ်ဖြစ်သည့် ။

စာအုပ်အညွှန်းတင်သူ    = Khing Soe Aung (မောင်သာဂိ)

မီးတောင်ကျွန်းက မပို့ဖြစ်သောစာများ



စာအုပ်အမည်   = မီးတောင်ကျွန်းက မပို့ဖြစ်သောစာများ
စာရေးသူအမည် =နီမင်းဆွေ
စာပေအမျိုးအစား=ရုပ်ရှင်ဝေဖန်ရေးဆောင်းပါး
စာမျက်နှာ       =၂၈၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၈ ၊သြဂုတ်လ
စာပေတိုက် = ရွှေပြည်စိုးစာပေ

စာညွန်း          =နိုင်ငံတကာရှိ  အော်စကာဆုရ နာမည်ကြီးရုပ်ရှင်များဖြစ်သော  The Departed ၊Bable  စသည့်ရုပ်ရှင်များအားရိုက်ကူးစဉ်တွေ့ကြုံရသည့်အတွေ့အကြုံ များနှင့်  ဇတ်လမ်း အား ပြန်လည်ခံစားတင်ပြခြင်းများကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည် ။ ထို့အပြင်   ဂျပန်နိုင်ငံအားသိမ်းပိုက်ယူစဉ်ကာကလ  စစ်အတွင်းဖြစ်ရပ်များအားရိုက်ကူးထားသော  Letters From Iwo Jima  ၊ Flag Of Our Father  စသည့်ရုပ်ရှင်များအကြောင်းကို စိတ်ဝင်စားဖွယ်ရာအချက် အလက်များ အား ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာင်ပြထားသည် ။ ဤစာအုပ်၏ နောက်ဆုံးပိုင်းတွင် ဂျပန်ခတ် တွင် မြန်မာနိုင်ငံမှ ဂျပန်စစ်သားများ ၏ အကြောင်းကို ရေး သားထားသည့် " မြန်မာစောင်း " ရုပ်ရှင်အကြောင်းအားလည်းရေးသားတင်ပြထားသည့် ။

စာအုပ်အညွှန်းတင်သူ    = Khing Soe Aung (မောင်သာဂိ)

ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ


စာအုပ်အမည် = ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ
စာရေးသူအမည် = အောက်တိုဘာအောင်ကြီး
စာပေအမျိုးအစား = ကိုယ်တွေ့ မှတ်တမ်း
စာမျက်နှာ = ၁၄၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၄-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = မြတ်စာပေ
စာအုပ်တန်ဖိုး = ၅၀၀-ကျပ်

စာညွှန်း = အောက်တိုဘာအောင်ကြီးသည် ကာတွန်းဆွဲတဲ့ စာရေးဆရာဖြစ်သည်...း) ရုပ်ရှင်နယ်မှ လူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ စာအုပ်ကို ရေးသည်။ ပြုံးစရာလေးများလည်းပါ၍ အပျင်းပြေသည်။ တစ်ချိန်က ပထမဆုံး စတန့်မင်းသား ကျော်စိုးအကြောင်းလည်းပါသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

မည်သည့်လူမျှ မျောက်မဟုတ်



စာအုပ်အမည်   = မည်သည့်လူမျှ မျောက်မဟုတ်
စာရေးသူအမည် = မောင်ဝဏ္ဏ
စာပေအမျိုးအစား= စိတ်ပညာဆိုင်ရာဆောင်းပါး
စာမျက်နှာ       =၃၄၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၈ ၊ မေလ
စာပေတိုက် = ပုဂံစာအုပ်တိုက်

စာညွန်း          =ဤစာအုပ်တွင် ဆရာမောင်ဝဏ္ဏ  မှ လော့ဂျစ်ဆိုင်ရာအတွေးအခေါ်အယူအဆ ၊ တွေးပုံတွေးနည်းများကို ဥပမာအမျိုးမျိုးဖြင့်  ရေးသားတင်ပြထားသည် ။  လောဂျစ်ပညာရပ်အား  မည်သူမတို နားလည်အောင်  ဥပမာများဖြင့်ရေးသားတင်ပြထားသည့်အတွက် လောဂျစ်ပညာရပ်အား စိတ်ဝင်စားသူများလေ့လာသူများဖတ်ရှု့သင့်သည့်စာအုပ်ဖြစ်သည် ။

စာအုပ်အညွှန်းတင်သူ    = Khing Soe Aung (မောင်သာဂိ)

သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်



စာအုပ်အမည်   = သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်
စာရေးသူအမည် = တက္ကသိုလ် ဘုန်းနိုင်
စာပေအမျိုးအစား= ၀တ္ထု
စာမျက်နှာ       =၄၄၇ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၆ ၊  နိုင်ဝင်ဘာ (ဧကဒသမအကြိမ်)
စာပေတိုက် = ကံကော်ဝတ်ရည်စာအုပ်တိုက်

စာညွန်း          =ဤစာအုပ်တွင် ဆရာ တက္ကသိုလ် ဘုန်းနိုင် မှ သူငယ်ချင်းသုံးယောက်အတွင်းရှိ သံယောဇဉ် များ နှင့် ဘ၀ အတွေးအမြင် ပေါ်အခြေခံသည့်အချစ် သံယောဇဉ်ပေါ်တွင် အခြေခံသည့် အချစ် များ ယဉ်ပြိုင်ကြပုံ များနှင့် ၅၂၈ နှင့် ၁၅၀၀ မေတ္တာများကြားဖြစ်ပေါ်လာသည့် ပြဿနာ ခံစားချက်များကိုရသမြောက်စွာရေးသားတင်ပြထားသည့် ၀တ္တုလေး ဖြစ်သည် ။

စာအုပ်အညွှန်းတင်သူ    = Khing Soe Aung (မောင်သာဂိ)

Sunday, July 8, 2012

ကွယ်လွန်ထင်ရှား ဆရာ ၁၀၀ ၏ အားမာန်များ


စာအုပ်အမည် = ကွယ်လွန်ထင်ရှား ဆရာ ၁၀၀ ၏ အားမာန်များ
စာရေးသူအမည် = အောင်မင်းမြင့်
စာပေအမျိုးအစား = အတ္ထုပတ္တိ
စာမျက်နှာ = ၂၆၀- မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၉-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး = တန်ဖိုး(      )ကျပ်ဟု ရေးထား

စာညွှန်း =မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ခေတ်က မြန်မာတိုင်းရင်းသား၊ ပညာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသော ပုဂ္ဂိုလ်ကျော် ၁၀၀ ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၇ (၁၈၂၅ ခုနှစ်) ခုနှစ်မှ ၁၂၆၂ (၁၉၀၀ ပြည့်နှစ်)အထိ ၇၅ နှစ်တာကာလ (၁၉ ရာစု)အတွင်း ဖွားသန့်စင်ခဲ့ကြသော တိုင်းကျိုးပြည်ပြု၊ မျိုးစောင့် ပြည်ချစ် မြန်မာတိုင်းရင်းသား ရှေးပညာရေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် လုပ်ဆောင်ချက်များပါရှိသည်။ အများစုမှာ ဗမာလူမျိုးများ ဖြစ်ကြပြီး မွန်လူမျိုး ၇ ဦး၊ ရခိုင်တိုင်းရင်းသား ၆ ဦး၊ ထားဝယ်တိုင်းရင်းသား ၃ ဦးနှင့် ကရင်တိုင်းရင်းသား ၂ ဦးတို့ ပါရှိသည်။ ၄င်းတို့အနက် ၄၃ ဦးမှာ သက်ဆုံးတိုင် ပညာတာဝန်ထမ်းခဲ့ကြပြီး ကျန်ပုဂ္ဂိုလ်များမှာ ဆရာဖြစ်ပြီးမှ ကံလမ်းကြောင်းပြောင်း၍ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စာပေနယ်၊ အနုပညာနယ်စသည်တို့သို့ ရောက်ရှိသွားခဲ့ကြသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂၀၀၇ ခုနှစ်၊ စာပေဗိမာန်စာမူဆု စာပဒေသာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ



စာအုပ်အမည် = ကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ
စာရေးသူအမည် = မြေမှုန်လွင်
စာပေအမျိုးအစား = ဝတ္ထု
စာမျက်နှာ = ၂၇၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၁၂-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ငါတို့စာပေ
စာအုပ်တန်ဖိုး =၁၅၀၀-ကျပ်

စာညွှန်း = စာအုပ်၏ အညွှန်းအား ရေးရန်ကို (ရေးသင့်/မရေးသင့်) တော်တော်စဉ်းစားပါသည်။တွေးရဲ
ရေးရဲသော စာရေးဆရာ မြေမှုန်လွင်အား ချီးကျူးချင်သောကြောင့် ရေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။
စာအုပ်အမည်နှင့် အဖုံးသည် စွဲဆောင်မှုအား အတော်ကောင်းပါသည်။

အစတွင် စာအုပ်ပါ အသုံးအနှုန်းအချို့သည် (၁၆)နှစ်အောက် ကလေးများ ဖတ်ရှု့ရန် မသင့်တော်ကြောင်း၊ ဒါကြောင့် မိဘ/အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရမှ ဖတ်ရှုရန် ကြိုတင်သတိပေးထားပေသည်။
ယနေ့ခေတ် လူငယ်တွေရဲ့ စရိုက်ကို ပီပြင်စွာ ရေးဖွဲ့ထားကာ သာမန်လူတန်းစား လောလီပေါ့ ကြိုက်ပြီး တစ်ညလုံး ဒိုတာခုတ်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား နှင်းခါးနှင့် သူ၏ဘော်ဒါများ၊ ပိုက်ဆံပုပ်နံ လှိုင်လှိုင်ထနေတဲ့ မင်္ဂလာဈေးအကြောင်း၊ ရေဒီယိုစီးပြီး ကမ္ဘာပတ်နေတဲ့ ငါ့အဖေ၊ ဘုန်းကြီးအတုဆိုတဲ့ စကားလုံးက ငါ့နှလုံးသားကို ထောက်ချွန်နဲ့ အပေါက်ခံရသလို စူးစူးနစ်နစ်နာ……ရွှေဝါရောင်တော်လှန်ရေး အကြောင်းမဟုတ်ပေမဲ့ ရွှေဝါရောင်တော်လှန်ရေးနောက်ခံ ဝတ္ထု၊ နောက်ဆုံးတော့ ပင်နီတိုက်ပုံနဲ့
ယောလုံချည်…….

တစ်ခန်း၊ နောက်တစ်ခန်း၊ နောက်ထပ်တစ်ခန်း၊ နောက်ဆုံးတစ်ခန်း၊ နိဒါန်း စုစုပေါင်းအခန်း(၅)ခန်းထဲနဲ့ နိတ္ထိတံလေသည်။ တစ်အုပ်လုံး ဖတ်ပြီးသောအခါ ခေတ်တစ်ခေတ်၏ အပြောင်းအလဲတွင် လွတ်လပ်စွာ ရေးသားမှုကို သွေးတိုးစမ်းထားသော စာအုပ်ဟု တင်စားချင်ပါသည်။

*(ရွှေဝါရောင်တော်လှန်ရေးနောက်ခံ ၀တ္ထုစာအုပ်ထုတ်ဝေခဲ့သည့် စာအုပ်တိုက်ကို စိစ⁠စ်ရေးက ထုတ်ဝေခွင့် ယာယီပိတ်လိုက်ပါသည်။ ဒီစာအုပ်ကို ဖတ်ညွှန်းမရေးရဘူးဟု ဂျာနယ်တွေကို စိစ⁠စ်ရေးကဖုန်းဆက်ထားသည်။)

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

Saturday, July 7, 2012

ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား


စာအုပ်အမည် = ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား
စာရေးသူအမည် = ရွှေဥဒေါင်း
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ်
စာမျက်နှာ = ၂၀၃ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = သြဂုတ်လ၊ ၂၀၁၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စိတ်ကူးချိုချိုစာပေ
စာအုပ်တန်ဖိုး = ၂၂၀၀-ကျပ်
စာညွှန်း =  ဆရာကြီးရွှေဥဒေါင်း၏ “ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား၊ သူရာသမားသည် လူဖြစ်အရှုံးဆုံးတည်း၊ လက်ဝဲနှင့်လက်ယာ၊ လူ့သဘာဝ၊ ရှုထောင့်မှန်မှ အမြင်မှန်မည်၊ သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့်၊ ကျွန်ုပ်၏မျက်စိကိုဖွင့်ပေးသောစာအုပ်ကြီးသုံးအုပ်၊ လူပေါ်လူဇော်လုပ်သော ကမ္ဘာကြီး၊ ဗုဒ္ဓဝါဒနှင့်မာ့က်စ်ဝါဒ၊ ဗုဒ္ဓဘာသာနှင့်လောကဓါတ်ပညာ၊ ရွှေဥဒေါင်း၏ဆွေးနွေးခန်း၊ ဘုရား ရှိခိုးခြင်း၏ အဓိပ္ပါယ်၊ ကျွန်ုပ်နားလည်သော ဗုဒ္ဓဘာသာ၊ ကျွန်ုပ်နားလည်သော ရဟန္တာ၊ ကျွန်ုပ် နားလည်သောမဂ်စိတ်၊ ကျွန်ုပ်နားလည်သောနိဗ္ဗာန်၊ ပေးကမ်းစွန့်ကြဲခြင်းသည် မဂ်ဖိုလ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ပုံ” စသည့် ဆောင်းပါး (၁၇) ပုဒ်ကို စုစည်းထားသောစာအုပ်ဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

Thursday, July 5, 2012

ကျမ်းညွှန်း ၁၀၀



စာအုပ်အမည် = ကျမ်းညွှန်း ၁၀၀
စာရေးသူအမည် = တင်နိုင်တိုး
စာပေအမျိုးအစား = ရှေးဟောင်းမြန်မာကျမ်းများအညွှန်း
စာမျက်နှာ = ၃၂၅
ထုတ်ဝေသည့်ခုနှစ် = မေလ၊ ၂၀၁၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = သင်းစာပေ
စာအုပ်တန်ဖိုး = ၄၀၀၀-ကျပ်
စာညွှန်း =  ရှေးမြန်မာပညာရှိကြီးများ၊ စာဆိုတော်ကြီးများ ရေးသားပြုစုခဲ့ကြသည့် ကျမ်းများစွာထဲမှ ကောင်းနိုးရာရာကျမ်းတစ်ရာကို ရွေးနုတ်ကာ မိတ်ဆက်ပေးထားသည်။ ကျမ်းများအကြောင်းကိုဖော်ပြရာတွင် ကျမ်းပြုပုဂ္ဂိုလ်အမည်၊ ကျမ်းပြုကာလ၊ ကျမ်းပါအကြောင်းအရာအကျဉ်း၊ ပုံနှိပ်ထုတ်ဝေထားခြင်းရှိ မရှိ၊ ကျမ်းပြုပုဂ္ဂိုလ်၏အတ္ထုပ္ပတ္တိအကျဉ်း စသည့်အချက်အလက်များကို စုံစုံလင်လင် ရှာဖွေထည့်သွင်းထားသည်။ မူရင်းကျမ်းကို ဖတ်ရှုလေ့လာကြမည့်သူများ (သို့မဟုတ်) ဖတ်ရှုချိန်လုံလောက်စွာမရရှိသော ယေဘုယျအကြောင်းအရာမျှကိုသာ သိလိုသူများအတွက် အထူးသင့်တော်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

နိုင်ငံရေးစာကိုးစကားကိုး



စာအုပ်အမည် = နိုင်ငံရေးစာကိုးစကားကိုး
စာရေးသူအမည် = မောင်ဝံသ
စာပေအမျိုးအစား = နိုင်ငံရေးအဆိုအမိန့်များ (ဘာသာပြန်)
စာမျက်နှာ = ၁၄၇
ထုတ်ဝေသည့်ခုနှစ် = ဇွန်လ၊ ၂၀၁၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ဒေါင်းစာပေ
စာအုပ်တန်ဖိုး = ၁၀၀၀-ကျပ်
စာညွှန်း =  “ယခုရှာဖွေဖော်ပြသော အဆိုအမိန့်များသည် သူ့နည်းသူ့ဟန်ဖြင့် ထင်ရှားခဲ့ကြသော နိုင်ငံတကာ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်အချို့၏ မှတ်ချက်စကားများကို ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ နိုင်ငံရေးလောကကြီးကို ကောင်းစေလို၍ နိုင်ငံရေးသမားများက ဆန်ရင်းနာနာဖွတ်သည့်အနေဖြင့် နိုင်ငံရေးကို သရော်လှောင်ပြောင် ဝေဖန်တိုက်ချွတ်ခဲ့ကြခြင်းဟု ဆိုနိုင်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်ကြခြင်းဟုပင် ပြောမည်ဆိုက ပြောနိုင်ပါသည်” ဟု ဆရာမောင်ဝံသ က ညွှန်းထားသည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

ပေးဝေခြင်းနှင့် ဘ၀တစ်သားတည်းဖြစ်ပါစေ နှင့် ရသစာစုများ



စာအုပ်အမည်=ပေးဝေခြင်းနှင့် ဘ၀တစ်သားတည်းဖြစ်ပါစေ နှင့် ရသစာစုများ
စာရေးသူအမည် =ခင်စောတင့်
စာပေအမျိုးအစား = ရသစာပေ
စာမျက်နှာ = ၁၅၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် =ဇူလိုင်- ၂၀၀၈ ခုနှစ်၊
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ကံကော်ဝတ်ရည်စာပေ
စာအုပ်တန်ဖိုး = ၁၃၀၀ ကျပ်

 စာညွှန်း= ဆရာမ ခင်စောတင့် ရဲ့ စာစုလေးတွေကိုပေါင်းစုတင်ပြထားတဲ့ ရသစာစုလေးတွေ ဖြစ်ပါတယ်…
(၁) ပန်းတပွင့်ကပေးတဲ့ ဘ၀သင်ခန်းစာ
(၂) 'အိုပယ်' မဟုတ် 'အိုကြွယ်' တွေပါ
(၃) အမိမြေကြီးရဲ့တမန်တော် ပေါင်းပင်များ
(၄) အနှစ်ထုတ်ယူနိုင်တဲ့ အတွေ့အကြုံများ
(၅) လှနိုင်ကြပါစေ
(၆) သပြေညိုဆိုတဲ့အိမ်
(၇) သဘာဝနှင့် လက်တွဲလျှက်
(၈) မြေကြီးနှင့် နီးနီးကပ်ကပ်စားသောက်ခြင်း
(၉) ဇယားရှုပ်တဲ့ အလုပ်တွေ
(၁၀) သတိမထားခဲ့တဲ့ ဘ၀ရဲ့ အံ့ဖွယ်ရာတွေ
(၁၁) ရလိုက်တဲ့ လက်ဆောင်လေးတွေ
(၁၂) အောင်နိုင်ခြင်းက အဓိကမဟုတ်ပါ
(၁၃) ကြောက်ရွံ့မှု့ဆိုတဲ့ အသိပညာ
(၁၄) အချိန်နဲ့ အခါ
(၁၅) ကြောက်ရွံ့မှုလမ်းကို ဖြတ်သန်းသွားခြင်း
(၁၆) တိတ်ဆိတ်ခြင်းရဲ့အသံ
(၁၇) အသိဉာဏ်ပညာပါတဲ့ စကားလုံးများ
(၁၈) မိမိကိုယ်နဲ့ မိမိ ဆက်ဆံရေး
(၁၉) အလိုက်သင့်စီးဆင်းတတ်ရင် သင်မရူးနိုင်ပါ
(၂၀) ပျော်ရွှင်ခြင်းဖြင့် သက်ဝင်လှုပ်ရှားပါ
(၂၁) ပျော်ရွှင်နိုင်နိုင်ဖို့ နည်းပညာ
(၂၂) စွယ်စုံရ လက္ခဏာများ
(၂၃) အကျိုးပြုသူသားဆရာဝန်ကြီး
(၂၄) ညအလှကိုခံစားခြင်း
(၂၅) ပေးဝေခြင်းနှင့် ဘ၀ တစ်သားတည်းဖြစ်ပါစေ…….
အားလုံးစုစုပေါင်း ရသစာစု (၂၅) စု ပါဝင်ပါတယ်… ။

စာအုပ်အညွှန်းတင်သူ = မေသူ (ညိုချောလေး)

လာခြင်းကောင်းသောအရှင်



စာအုပ်အမည် - လာခြင်းကောင်းသောအရှင်
စာရေးသူအမည် - မြသန်းတင့် (မူရင်း : Robert Payne : The Lord Comes)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထုရှည်
စာမျက်နှာ - ၂၇၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဖေဖ၀ါရီလ၊ ၁၉၉၇
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - Crystal Palace Publishing House
စာအုပ်တန်ဖိုး - ၆၀၀ ကျပ်

စာညွှန်း - ဤစာအုပ်၏ မူရင်းရေးသားသူ ရောဘတ်ပိန်းမှာ တရုတ်ပြည်မှ နာမည်ကြီးတက္ကသိုလ်များဖြစ်သော ဖူတန်နှင့် လီယန်တက္ကသိုလ် များတွင် အင်္ဂလိပ်စာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမေရိကန် သတင်းဆရာနှင့် စာရေးဆရာဖြစ်သည်။ ဤစာအုပ်မှာ သက်ရွယ်အိုမင်းလှပြီဖြစ်သော ညီတော်အာနန္ဒာက သူနှင့်နောင်တော် သိဒ္ဓတ္ထတို့ ငယ်စဉ်ကတည်းက နန်းတော်ထဲတွင် အတူကြီးပြင်းခဲ့ပုံ၊ တောလည်ထွက်ပုံ၊ မမြဲသောတရားကို ငယ်ရွယ်စဉ်ကတည်းက နောင်တော်သဘောပေါက်ခဲ့ပုံ၊ နန်းစည်းစိမ်စွန့်ပုံ၊ ဒုက္ခစရိယာကျင့်ခဲ့ပုံ၊ ဥာဏ်အလင်းရခဲ့ပုံ၊ သူနှင့်အတူ ဒေသစာရီကြွချီခဲ့ပုံ၊ ပရိနိဗ္ဗန်စံတော်မူပုံတို့ကို ပြန်ပြောင်းအမှတ်ရကာ အမှတ်တရ မှတ်တမ်းပုံစံဖြင့် ရေးဖွဲ့ထားခြင်းဖြစ်သည်။ အနောက်တိုင်းသားတစ်ဦး၏ ဗုဒ္ဓအပေါ် ရှုမြင်ပုံကိုလည်း သိမြင်နိုင်သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ရှက်စိတ်



စာအုပ်အမည် - ရှက်စိတ်
စာရေးသူအမည် - လူထုစိန်ဝင်း
စာပေအမျိုးအစား - ဆောင်းပါး
စာမျက်နှာ - ၁၉၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဒီဇင်ဘာလ၊ ၁၉၉၈
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ယနေ့မန္တလေး စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၈၀၀ ကျပ်

စာညွှန်း - ဤစာအုပ်တွင် ရှက်စိတ်အပါအ၀င် ကျင့်ဝတ်ဆိုင်ရာ ဆောင်းပါး (၁၅)ပုဒ်ကိုစုစည်းဖော်ပြထားပြီး ယနေ့ခေတ်လူငယ်တိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ပုလဲတေးသံ



စာအုပ်အမည် - ပုလဲတေးသံ
စာရေးသူအမည် - ထင်လင်း (မူရင်း : John Steinbeck – The Pearl)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထု
စာမျက်နှာ -၁၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဇန်န၀ါရီ၊ ၁၉၉၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်၊ ဒုတိယအကြိမ်
စာပေတိုက် - ဘ၀တက္ကသိုလ်စာပေ၊ ပန်ရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၂၀၀ကျပ်

စာညွှန်း - ဤ၀တ္ထုကို မူလစာရေးဆရာ ဂျွန်စတိုင်းဗက်က ၁၉၄၈ ခုနှစ်တွင် မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ၏ ပုလဲငုတ်စခန်းတစ်ခု ဖြစ်သော လာဗက်ဇ်မြို့ကိုအခြေခံ၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၀တ္ထုဟုယောဘူယအားဖြင့်ဆိုရသော်လည်း ပုံပြင်သဖွယ် လူတို့နေ့စဉ်ပြောဆိုလာကြသည့် ဖြစ်ရပ်ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောခြင်းဖြစ်သည်ဟု ဘာသာပြန်သူ၏ စကားတွင်ဖော်ပြထားသည်။ ဤ၀တ္ထုတွင် အလွန်ကြီးမားသည့် ပုလဲကြီးတစ်လုံး မည်သို့မည်ပုံတွေ့ရှိ၍ မည်သို့မည်ပုံဆုံးရှုံးသွားရသည့် အကြောင်းကို စိတ်ကူးယဉ် နှင့် ဒိဌဓမ္မသရုပ်မှန်ဖြစ်ရပ်ကို ရောနှောရေးသားထားပြီး လူတို့၏စရိုက်ကို အသေးစိတ်ချယ်မှုန်းထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်



စာအုပ်အမည် - ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်
စာရေးသူအမည် - မြသန်းတင့်
စာပေအမျိုးအစား - ၀တ္ထုရှည်
စာမျက်နှာ - ၂၈၇ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - နိုဝင်ဘာလ၊ ၁၉၉၅
ထုတ်ဝေသည့်အကြိမ် - သတ္တမအကြိမ်
စာပေတိုက် - ဘ၀တက္ကသိုလ်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၆၀၀ကျပ်

စာညွှန်း - ဤစာအုပ်သည် ဆရာမြသန်းတင့်၏ ၁၉၇၃ ခုနှစ်တွင်ရေးသားပြီး အနှစ်နှစ်ဆယ်အတွင်း အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ရသော ပင်ကိုယ်ရေးဝတ္ထုရှည်ဖြစ်သည်။ ဤ၀တ္ထုတွင် အဓိကဇာတ်ဆောင် ၄ဦးသာပါဝင်ပါသည်။ ထိုဇာတ်ဆောင် ၄ဦးတို့သည် အလုပ်သမားလူတန်းစားကို ကိုယ်စားပြုသော သံချောင်း၊ ပညာတတ်လူတန်းစားကို ကိုယ်စားပြုသော နန္ဒ၊ လူငယ်ထုကို ကိုယ်စားပြုသော ရဲမြင့်၊ အရင်းရှင်ကို ကိုယ်စားပြုသော ဘရန် စသည့်၎ဦးတို့ သဘောင်္ပျက်ပြီး ကျွန်းတစ်ကျွန်းပေါ်သို့ရောက်ရှိသွားကာ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ကြပုံကိုရေးဖွဲ့ထားပါသည်။ ဤစာအုပ်သည် သူ၏စာရေးသက်တမ်းတစ်လျှောက်တွင် အမြန်ဆုံး၊ အကြိုက်ဆုံး၊ အငြင်ပွားရဆုံး၊ အအောင်မြင်ဆုံး ၀တ္ထုဖြစ်သည်ဟု ဆရာမြသန်းတင့်၏ အမှာတွင်ဖော်ပြထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ချိုသောအတွေးစကား



စာအုပ်အမည် - ချိုသောအတွေးစကား
စာရေးသူအမည် - ညွန့်ဝေမိုး
စာပေအမျိုးအစား - ဘာသာပြန်စာစုများ
စာမျက်နှာ - ၁၂၇ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ပထမအကြိမ်(၂၀၀၂ခုနှစ်၊ဇူလိုင်လ)
                          ဒုတိယအကြိမ်(၂၀၀၇ခုနှစ်၊ဇူလိုင်လ)
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - ပထမအကြိမ်(ဆု-စာပေ)..
                ဒုတိယအကြိမ်(လင်းသစ်ရောင်စဉ်)
စာအုပ်တန်ဖိုး - ၁၀၀၀ ကျပ် (တစ်အုပ်တန်ဖိုး)

စာညွှန်း - ဤစာအုပ်သည် ပေးရှန့်စထရောင်(Patience Strong)ရေးသားသည့် “ဆိတ်ငြိမ်အချိန်”(The Quiet Hour) နှင့် “တိတ်ဆိတ်ထောင့်ချိုးမှ အတွေးများ”(Thoughts from the Quiet Corner) စာအုပ်နှစ်အုပ်မှ သင့်နိုးရာစာစုများကို စာရေးသူမှ ရွေးချယ် ဘာသာပြန် ထားသောစာအုပ်ဖြစ်ပါသည်။ ..စာရေးသူမှာ သူ၏ အတွေးအလင်္ကာများမှ အတွေးလှလှများကိုသာမက အင်္ဂလိပ်စာ အရေးအသားကိုပါ လေ့လာနိုင်စေရန် မူရင်းအင်္လကာ များကိုပါ မြန်မာပြန်နှင့် ယှဉ်တွဲကာ စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - မေသူ(ညိုချောလေး)

ဘ၀ကို စိန်ခေါ်၍ ကမ္ဘာကျော်ခဲ့သူများ


စာအုပ်အမည်                - ဘ၀ကို စိန်ခေါ်၍ ကမ္ဘာကျော်ခဲ့သူများ
စာရေးသူအမည်             - အထောက်တော် ဦးမြတ်လှ
စာပေအမျိုးအစား           - ဘာသာပြန်
စာမျက်နှာ                    - ၂၈၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်         - ၁၉၉၂ ခုနှစ် ၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ်      - စတုတ္ထအကြိမ်
စာပေတိုက်                  - ဇော် စာပေ
စာအုပ်တန်ဖိုး               - ၂၅ ကျပ် (တစ်အုပ်တန်ဖိုး)

စာညွှန်း -  ဘ၀ကို စိန်ခေါ်၍ ကမ္ဘာကျော်ခဲ့သူများ စာအုပ်သည်… ဒေးလ်ကာနက်ဂျီ ၏
          အမြင်၊ အတွေး၊ အရေး တို့ကို ဆရာကြီး ဦးမြတ်လှ(အထောက်တော်) က မှီငြမ်းရေးသား
          ထားသောစာအုပ်ဖြစ်ပါသည်။
          ကမ္ဘာကျော် အနုပညာရှင်ကြီးများ၊ ကမ္ဘာကျော် ခေါင်းဆောင်ကြီးများ၊ ကမ္ဘာကျော် စစ်ဘက်
          ဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ၊ ကမ္ဘာကျော် တီထွင်ခဲ့သူများရဲ့ ဖြတ်သန်းကြိုးစားခဲ့ရတဲ့ ဘ၀တွေကို
          လေးစားအားကျ အတုယူဖွယ်ကောင်းအောင် ထင်ဟပ်ပြသ ရေးသားထားသော
          စာအုပ်ကောင်းတအုပ်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - မေသူ (ညိုချောလေး)

ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ် မြသန်းတင့်နှင့်တွေ့ဆုံခြင်း



စာအုပ်အအမည် =ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ်  မြသန်းတင့်နှင့်တွေ့ဆုံခြင်း
စာရေးသူအမည် = ဦးဝင်းငြိမ်း

စာပေအမျိုးအစား = အင်တာဗျူး

စာမျက်နှာ = ၁၇၃ မျက်နှာ

ထုတ်ဝေသည့်ခုနှစ် = သြဂုတ်လ ၂၀၀၄ ခုနှစ်

စာပေတိုက် = စိတ်ကူးချို ချို အနုပညာ

စာအညွန်း = ဆရာဦးဝင်းငြိမ်းမှာ ဆရာမြသန်းတင်အား အင်တာဗျူး ထားသည့် စာပေအတွေ့အကြုံ

ဘာသာပြန်အတွေ့အကြုံ ဘ၀အတွေ့အကြုံများအား မေးမြန်း ၍ ပြန်လည်ရေးသားထားသည့် အင်တာဗျူး

စာအုပ်လေးဖြစ်သည့်  ။

စာအုပ်အညွန်းတင်သူ = Khing Soe Aung ( မောင်သာဂိ)

ပထမမြန်မာများ


စာအုပ်အမည် = ပထမမြန်မာများ စာရေးသူအမည်  = မင်းယုဝေ

စာပေအမျိုးအစား  = အတ္ထုပတ္တိ

စာမျက်နှာ် = ၂၂၀ မျက်နှာ

ထုတ်ဝေသည့်ခုနှစ် = မေလ ၁ ၂၀၀၃ ခုနှစ် ၊ ( ဒုတိယအကြိမ်)

စာပေတိုက် = ရာပြည့်စာအုပ်တိုက်

စာညွန်း = ဤစာအုပ်တွင်ပြည့်ထောင်စုသာ ပုဂ္ဂိုလ် ကျော် ၁၈ ဦး၏ ဘ၀ဖြစ်စဉ်များ ၊ ကြိုးပမ်းချက်များ  အားရေးသားတင်ပြထားသည့် ။ အဆိုပါ ပုဂ္ဂိုလ်ကျော် ၁၈ ဦးသည် စာပေ၊ ပန်းချီ၊ ကာတွန်း ၊ဂီတ၊သဘင်၊ရုပ်ရှင် ၊ အားကစား ၊ ဆေးပညာ၊ လူမှု့ဝန်းထမ်းတို့ နှင့်ပတ်သက်၍ မြန်မာပြည်တွင် တစ်ခတ်ဆန်းသစ်လာအောင်  သူ့ခတ်သူ့အခါနှင်အညီ ကြိုးပမ်းခဲ့ကြသူများ ၏ အတွေ့အကြုံ များ ကြိုးပမ်းချင်များအား ရေးသားတင်ပြထားသည် ။ ပါဝင်သည့် ပုဂ္ဂိုလ် ကျော် များမှာ မက္ခရာမင်းသားကြီး ၊ ယောမင်းကြီး ဥိးဘိုးလှိုင်၊ ဒေါက်တာရှောလူး၊ ဂျိမ်းလှကျော်၊ဒေါ်ဦးဇွန်း ၊ ဦးရွှေကြူး ၊ ဦးဘိုးစိန်၊ စိန်ဗေဒါ ၊ ဦးဖေမောင်တင် ၊ ဦးအုန်းမောင် ၊ဦးဘကလေး (ရွေတလေး) ၊ ဦးဘဥဏ် ၊ ဒေါက်တာ ၀ါလတာချစ်ထွန်း ၊ ဦးညီပု၊ ဇော်ဂျီ၊ ဥိးဘဂျမ်း ၊ မင်းသုဝဏ် ၊ ဦးဇော်ဝိတ် တို့ ၏ မြန်မာနိုင်ငံ၏ သမိုင်းဝင် ပထမဦးဆုံးပြုလုပ်ခဲ့သည့်အကြောုင်းအရာများအားရေးသားတင်ပြထားသည် ၊

 စာအညွန်းတင်သူ = Khing Soe Aung (မောင်သာဂိ)

ဒိဋ္ဌေဒိဋ္ဌမိတ္တံ လက်တွေ့ကျင့်စဉ်



စာအုပ်အမည် = ဒိဋ္ဌေဒိဋ္ဌမိတ္တံ လက်တွေ့ကျင့်စဉ်
စာရေးသူအမည် = ရွှေဥဒေါင်း
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ် (လောကုတ္တရာရေးရာ)
စာမျက်နှာ = ၁၉၁
ထုတ်ဝေသည့်ခုနှစ် = မေလ၊ ၁၉၉၁
ထုတ်ဝေသည့်အကြိမ် = သတ္တမအကြိမ်
စာပေတိုက် = ယောမင်းကြီးစာပေ
စာအုပ်တန်ဖိုး = ၇၅၀-ကျပ်
စာညွှန်း =  ဆရာကြီးရွှေဥဒေါင်း၏ “ကျွန်ုပ်တွေ့သောစိတ်သဘာဝ (၁) မှ (၁၁)” အထိ လောကုတ္တရာရေးရာ စိတ်သဘောအကြောင်း ဆောင်းပါးများကို စုစည်းထားသောစာအုပ်ဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

သမိုင်းထဲကမန္တလေး မန္တလေးထဲကသမိုင်း


စာအုပ်အမည်= "သမိုင်းထဲကမန္တလေး မန္တလေးထဲကသမိုင်း(Mandalay and Other Cities of The Past in Burma )"
စာရေးသူအမည် = မြသန်းတင့်(V.C Scott O' Conner)
စာပေအမျိုးအစား = ဘာသာပြန်
စာမျက်နှာ = ၂၄၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၉၆-ခု၊ ဇန်န၀ါရီလi
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ယနေ့မန္တလေး စာအုပ်တိုက်
စာအုပ်တန်ဖိုး = မသိပါ ...

စာညွှန်း= ဆရာမြသန်းတင့်မှ  V.C Scott O' Conner  ရေးသော  Mandalay and Other Cities of The Past in Burma  အမည်ရှိစာအုပ်အား တစိတ်တပိုင်း ဘာသာပြန်ရေးသားတင်ပြထားသည့် စာအုပ်ဖြစ်သည  ။ ဤစာအုပ်တွင် ပါတော်မမူခင်နှင့် ပါတော်မူပြီးကာလ မန္တလေးနန်းအတွင်းရှိ ဖြစ်ရပ်များ နိုင်ငံခြားသားတစ်ယောက်မှ မြန်မာဘုရင် စနစ်အပေါ်အမြင်များ ရှေးဟောင်းမန္တလေးမြို့၏ မြင်ကွင်းများအား ဓါတ်ပုံများဖြင့်ဝေေ၀ဆာဖော်ပြထားသည့်  ။ထို့အပြင် အင်းဝ၊ အမရပူရ နှင့် စစ်ကိုင်းတို့ ရှိ ရှေးဟောင်းမြန်မာဘုရင်များနန်းစိုက်ခဲ့သည့် နေရာများနှင့် ပါတော်မူသည့်မြင်ကွင်းများ မြန်မာဘုရင်စနစ်အတွင်းတွင် တိမ်မြုပ်နေသည့်အတွေးခေါ်များအား ရေးသားတင်ပြထားသည့်။ ရှေးခတ်မြန်မာဘုရင်များ ၊ မြန်မာလူမျိုးများအကြောင်းနှင့် နောက်ဆုံးခတ်ဖြစ်သော ကုန်းဘောင်ခတ်၏  မြန်မာရိုးရာ ယဉ်ကျေးမှု့များနှင့် မင်းနေပြည်တော်၏ မြင်ကွင်းများအား ဓါတ်ပုံများဖြင့်ဝေေ၀ဆာတင်ပြထားသည် ။

စာအုပ်အညွှန်းတင်သူ = Khing Soe Aung (မောင်သာဂိ)

မိလိန္ဒပဥှာ


စာအုပ်အမည် = မိလိန္ဒပဥှာ
စာရေးသူအမည် - ဦးသော်ဇင်
စာပေအမျိုးအစား - ဘာသာရေး
စာမျက်နှာ - ၃၇၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - အောက်တိုဘာ၊၁၉၇၂
ထုတ်ဝေသည့်အကြိမ် - အဌမအကြိမ်
စာပေတိုက် - စာပေဟင်းလေးအိုးကြီးစာအုပ်တိုက်
စာအုပ်တန်ဖိုး - မဖော်ပြ

စာညွှန်း - မိလိန္ဒပဥှာသည် ခရစ်တော်မပေါ်မှီ (၂)ရာစုခန့်က ဂရိဘုရင် မိနန်ဒါ (ပါဌိအခေါ် - မိလိန္ဒ) မင်းကြီးနှင့် ရဟန်းတော် ရှင်နာဂသေနတို့၏ ဗုဒ္ဓတရားတော်နှင့်ပါတ်သက်၍ ယုံမှားသံသယများကို ဖယ်ရှားရန် အမေးအဖြေများကို ဖော်ပြထားသော ကျမ်းဂန်ဖြစ်သည်။ မိလိန္ဒပဥှာသည် ဗုဒ္ဓဟောကြားတော်မူသော ပါဌိတော်မဟုတ်ဘဲ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့ ဂုဏ်ယူစရာ ပါဠိပိဋကစာရင်းတွင် ပါဝင်နေသော ကျန်းဂန်တစ်ခုဖြစ်သည်။ ထိုကျမ်းကြီးသည် ပါဠိဘာသာတွင်သာ တည်ရှိ၍ မြန်မာစာသက်သက်တက်သူတို့ ကြည့်ရှုလေ့လာခြင်းမပြုနိုင်သဖြင့် ဆရာဦးသော်ဇင်မှ အကြောင်းအရာအပြည့်အစုံကို အလွန်ရှေးမကျ၊ အလွန်ခေတ်မဆန်စေသော စကားပြေအရေးအသားဖြင့် အကျဉ်းချုပ်ပြန်ဆိုထားခြင်းဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

ရက်ကန်းလွန်း ဝတ္ထုတိုများ


စာအုပ်အမည် = ရက်ကန်းလွန်း ဝတ္ထုတိုများ
စာရေးသူအမည် = ခင်ခင်ထူး
စာပေအမျိုးအစား = ဝတ္ထုတိုပေါင်းချုပ်
စာမျက်နှာ = ၂၆၀
ထုတ်ဝေသည့်ခုနှစ် = ဧပြီလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ကံကော်ဝတ်ရည်စာပေ
စာအုပ်တန်ဖိုး = ၁၆၀၀-ကျပ်
စာညွှန်း =  Beauty ၊ မဟေသီ၊ ပိတောက်ပွင့်သစ်၊ မြင်းခြံမြို့နယ်မဂ္ဂဇင်း၊ သစ်ထုတ်လုပ်ရေးမဂ္ဂဇင်း၊ ကလျာ၊ Mandalay Icon၊ ဆီမီးခုံမြို့နယ်မဂ္ဂဇင်း၊ Perfect၊ Family၊ ရွှေအမြုတေ၊ ချယ်ရီ၊ ပေဖူးလွှာ မဂ္ဂဇင်း များတွင်ဖော်ပြခဲ့သော ၀တ္ထုတိုများအား ပြန်လည်စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။
    “ချည်ထွေး” “စည်းရိုး” “ အရီးနှင့်ကြီးတော်” “နွေသီး” “ဂွဲသတ်ချိန်” “ဇော်နီကွမ်းသွေး” “ဘွားမေသို့မေတ္တာစာ” “ဥဒယ” “မောင်းမ” “တစ်ပင်တစ်ကုံးတစ်ခိုင်လုံးသို့” “ပိုလိုကားချပ်များ” “အိုဇုန်း” “မွေးနေ့ကိတ်” “ခွေးတို့အမေ” “မြောက်ကျွန်းသူ”  စသည့် မဂ္ဂဇင်းဝတ္တုတို ၁၅ ပုဒ်ပါဝင်သည်။
    “ကျွန်မ၏ဝတ္တုတိုများကို ရက်ကန်းလွန်းကလေးနှင့် တင်စားထားပါသည်။ အမြဲတမ်း ဘဝအမောများဖြင့် ပြေးလွှားရုန်းကန်နေကြရသော အညာကျေးလက် လူနေမှုဘဝများနှင့် ပုံရိပ်များကို လွန်းဆံကလေးနှင့် ခိုင်းနှိုင်းချင်၍ ဖြစ်ပါသည်။ ပြေးရင်းလွှားရင်း အကွက်အသွေး အရောင်အဆင်ကျအောင် ပုံဖော်ရသည့် လွန်းကလေးများကို ကျွန်မလေးစားအားကျမိပါသည်။”
ဟု ဆရာမက ဆိုသည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

အခြေပြသတင်းစာပညာ


စာအုပ်အမည် - အခြေပြသတင်းစာပညာ
စာရေးသူအမည် - ဂါးဒီးယန်းဦးစိန်ဝင်း
စာပေအမျိုးအစား - ပညာရေး
စာမျက်နှာ - ၈၈မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဧပြီလ၊ ၂၀၀၅
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - တူဒေးစာပေတိုက်
စာအုပ်တန်ဖိုး - ၅၀၀ကျပ်

စာညွှန်း - ဤစာအုပ်သည် သတင်းသမားတို့လိုအပ်သော အခြေခံအရည်အသွေးများ၊ လိုက်နာစောင့်ထိန်းကျင့်သုံးအပ်သော ကျင့်ဝတ်များကို ဖော်ပြထားပြီး သတင်းသမားဖြစ်ချင်သူများသာမက လက်ရှိသတင်းလောကအတွင်း အခြေချဝင်ရောက်ထားပြီးဖြစ်သော သတင်းသမားများအတွက်ပါ အသုံးဝင်လှသောစာအုပ်တစ်အုပ်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

စာပေ၊ ယဉ်ကျေးမှု ဆောင်းပါးများ


စာအုပ်အမည်           - စာပေ၊ ယဉ်ကျေးမှု ဆောင်းပါးများ
စာရေးသူအမည်        - ကြူရတနာ မောင်မြကြိုင်
စာပေအမျိုးအစား       - မြန်မာမှု၊ ယဉ်ကျေးမှု သုတ
စာမျက်နှာ                - ၁၃၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်    - ၂၀၀၄ ခုနှစ် ၊ ဒီဇင်ဘာလ
ထုတ်ဝေသည့်အကြိမ် - ပထမ အကြိမ်
စာပေတိုက်              - ရှင်မတောင် စာပေ
စာအုပ်တန်ဖိုး            - ၆၀၀ ကျပ် (တစ်အုပ်တန်ဖိုး)

စာညွှန်း                   -  ကြူရတနာ မောင်မြကြိုင် စာပေယဉ်ကျေးမှု ဆောင်းပါးများစာအုပ်သည်
                             စာရေးဆရာကြီး ကြူရတနာ မောင်မြကြိုင်၏ မြန်မာမှု၊ ယဉ်ကျေးမှု သုတ
                             ဆောင်းပါးများထဲမှ (၁၄)ပုဒ်ကို ရွေးချယ်ကာ စုစည်းတင်ပြထားပါသည်။
                             ဆောင်းပါးများမှာ မြ၀တီ၊ ငွေတာရီ၊ သဘင်၊ ပေဖူးလွှာ၊ စစ်ပြန် မဂ္ဂဇင်း
                             တို့တွင်ဖော်ပြခဲ့သော ဆောင်းပါးများဖြစ်ပါသည်။
                             စာပေရေးရာ၊ ယဉ်ကျေးမှုဓလေ့၊ မြန်မာမှုသုတများကို ရေးဖွဲ့ထားသော
                             ဆရာကြီး၏ စာပေလက်ရာ…စာအုပ်ကောင်းတအုပ်ဖြစ်ပါသည်။ 

စာအုပ်အညွှန်းတင်ပြသူ - မေသူ (ညိုချောလေး)

သခင်များနှင့်အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)


စာအုပ်အမည် - သခင်များနှင့်အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)
စာရေးသူအမည် - တက္ကသိုလ်စိန်တင်
စာပေအမျိုးအစား - သမိုင်းအထုပ္ပတ္တိ
စာမျက်နှာ - ၄၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - အောက်တိုဘာလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ညောင်ရမ်းစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၄၅၀၀ ကျပ်

စာညွှန်း - ဤစာအုပ်သည်မြန်မာ့သမိုင်းတွင် အထင်ကရနိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် တို့ဗမာအစည်းအရုံးဝင် သခင်များ၏ မြန့်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ၄င်းသခင်တို့၏ အခန်းဂဏ္ဍကို ဖော်ပြထားသော နိုင်ငံရေး သမိုင်းအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ဖြစ်ပါသည်။ တို့ဗမာ အစည်းအရုံးတွင် ဦးဆောင်ပါဝင်ခဲ့သော ခေါင်းဆောင်သခင်များ၏ နိုင်ငံရေးဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးဆောင်ရွက်ချက်များ၊ နိုင်ငံရေးလုပ်ထုံးလုပ်နည်းများ၊ လူထုအားကောင်းစွာဆွဲငင်နိုင်သော ကြွေးကြော်သံများ၊ ၀ါဒဖြန့်ချီရေးစနစ်သစ်များ၊ ဂီတစွမ်းအားကို နိုင်ငံရေးတွင် အသုံးချပုံနည်းသစ်များကို သီးခြားမော်ကွန်းတင်၍ ရေးဖွဲ့ထားပါသည်။ ထို့အပြင်ရှားပါးဓာတ်ပုံများကိုလည်း ဝေေ၀ဆာဆာထည့်သွင်းထားပါသည်။ မျိုးဆက်သစ်လူငယ်များ နိုင်ငံရေးဆောင်ရွက်မည်ဆိုပါက လေ့လာအတုယူစရာ အထုပ္ပတ္တိသမိုင်းကျမ်းကြီးပင်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Wednesday, July 4, 2012

မြန်မာအနုပညာလက်ရာပစ္စည်း


စာအုပ်အမည်=မြန်မာအနုပညာလက်ရာပစ္စည်း
စာရေးသူအမည် = ဒေါက်တာ သန်းထွန်း
စာပေအမျိုးအစား = ဘာသာပြန် (သမိုင်း)
စာမျက်နှာ = ၉၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၄-ခု၊ မတ်လ
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ကွန်သာယာ စာပေ
စာအုပ်တန်ဖိုး = ၇၅၀-ကျပ်

စာညွှန်း= လန်ဒန်မှ ဝိတိုရိယနဲ့ အယ်လဗတ်ပြတိုက်တွင်ရှိသော
မြန်မာအနုပညာလက်ရာပစ္စည်းများအကြောင်းကို ဒေါက်တာ သန်းထွန်းမှ မြန်မာဘာသာပြန်ဆိုထားသည်။ ထူးခြားချက်မှာ မူလရေးသူ၏ လစ်ဟင်းချက်ကို ဆရာက မပြင်ပါ။ အနည်းအပါး မှတ်ချက်ရေးသင့်သည့်အခါ ကွင်းစကွင်းပိတ်ကို သုံးပြီး တိုနှိုင်သမျှ တိုအောင် ရေးထားပါသည်။ မူလစာကိုဖတ်ပြီး ဝေဖန်တယ် ဆွေးနွေးတယ်ဆိုတာကတော့ စာဖတ်သူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

မြန်မာသမိုင်း နိဒါန်း


စာအုပ်အမည်= မြန်မာသမိုင်း နိဒါန်း
စာရေးသူအမည် = ဒေါက်တာ သန်းထွန်း
စာပေအမျိုးအစား = သမိုင်း
စာမျက်နှာ = ၁၃၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၁-ခု၊ ဧပြီလ
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = A Publication of Myanmar Heritage
စာအုပ်တန်ဖိုး = ၂၇၅-ကျပ်

စာညွှန်း= သမိုင်း၏သဘော သမိုင်း၏ သမ္ဘာ၊ သမိုင်း၏သမိုင်းနှင့် မြန်မာစာပေ သမိုင်းအစ အကြောင်းအရာ (၃)ခုကို ပေါင်းစပ်စီစဉ် ထားသော စာအုပ်ဖြစ်သည်။
*သမိုင်း၏သဘော သမိုင်း၏ သမ္ဘာ = အတိတ်ကို မှတ်တမ်းတင်ပြီး အနက်ကောက်ချက် ထုတ်ခြင်း၊ အနာဂတ်ကို မှန်းကြည့်ခြင်း အလုပ်
*သမိုင်း၏သမိုင်း = သမိုင်းသုတေသနလုပ်ငန်း လုပ်ဟန်နှင့် ပတ်သက်၍ ဖော်ပြထားသည်။
*မြန်မာစာပေ သမိုင်းအစ = စာရေးနည်း ပညာမပေါ်ထွန်းခင်ကတည်းက ရှိခဲ့သော မြန်မာစာနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

နေရောင်အောက်က ကဗျာများ


စာအုပ်အမည်   = နေရောင်အောက်ကကဗျာများ
စာရေးသူအမည် =ကိုတာ
စာပေအမျိုးအစား=ဘာသာပြန်
စာမျက်နှာ       =၁၅၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၈ ၊ ဇွန်လ
စာပေတိုက် = မုံရွေး စာပေ

စာညွန်း          = စာရေးသူ ခံစားမိခဲ့သော အကြိုက်တွေ့ခဲ့သော လက်ရွေးစင်ကဗျာများကို မူရင်းဘာသာနှင့်တကွ စာရေးသူ၏ မြန်မာပြန်ဆိုထားသော ကဗျာကိုပါ ပူးတွဲဖော်ပြထားသော စာအုပ်ဖြစ်သည်။ အနောက်တိုင်းက ဟိုက္ကူ၊ အယ်မလီဒစ်ကင်ဆင်၊ လော်ရကာ၊ လီပို၊ ကိုအန်း၊ ပက်ဘလိုနေရူဒါအပါအ၀င် ဒဿနကဗျာဆရာတို့၏ ကဗျာ ၂၀၀ ခန့်ပါရှိသည်။

စာအုပ်အညွှန်းတင်သူ    = မြတ်သွင် + Khing Soe Aung (မောင်သာဂိ)