Pages

Thursday, September 27, 2012

အစည်းအရုံးဖွဲ့ခြင်းနိသျည်း

  • စာအုပ်အမည် = အစည်းအရုံးဖွဲ့ခြင်းနိသျည်း
  • ရေးသားသူ = ဦးသိန်းအောင် (ဘီအေ)
  • စာအုပ်အမျိုးအစား =ဘာသာပြန်
  • စာမျက်နှာ = ၁၅၆ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် =  ဖော်မပြပါ။
  • ထုတ်ဝေသည့် အကြိမ် = ဖော်မပြပါ။
  • တန်ဖိုး = ဖော်မပြပါ။
  • စာပေတိုက် = သမာမိတ် အပြည်ပြည်ဆိုင်ရာ ပညာရေးစာအုပ် ဖြန့်ချိရာဌာန
ဒီစာအုပ်ကတော့ ရှားပါးစာရင်းဝင် စာအုပ်တစ်အုပ်ပါ။ အစည်းအရုံး တစ်ခု ဖွဲ့မည်ဆိုရင် လေ့လာသင့်တဲ့ စာအုပ်ပါ။ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးသားဖော်ပြထားကာ လေ့လာသင့်သော စာအုပ်ကောင်း တစ်အုပ်ပါ။
(* အသင်းအဖွဲ့များမှ လေ့လာမည်ဆိုပါက မိတ္တူကူးခပေးလျှင် ကူးယူနိုင်ပါသည်။)
  • စာညွှန်းတင်သူ - မြတ်သွင်

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

  • စာအုပ်အမည် = ဆရာကြီး သခင်ကိုယ်တော်မှိုင်း
  • ရေးသားသူ = လူထုဒေါ်အမာ
  • စာအုပ်အမျိုးအစား = အတ္ထုပ္ပတ္တိ
  • စာမျက်နှာ = ၄၁၂ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၂၀၀၉-ခု၊ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် = ဒုတိယအကြိမ်
  • တန်ဖိုး = ၄၅၀၀-ကျပ်
  • စာပေတိုက် =  လူထုစာအုပ်တိုက်

၁၉၇၅ ခုနှစ်က ကျရောက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း အသက် ၁၀၀ ပြည့်မွေးနေ့အတွက် ဆရာကြီးအတ္ထုပ္ပတ္တိကို လူထုဒေါ်အမာက ရေးသားထားခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ကိုယ်ကျိုးစီးပွားအတွက် လုံးဝမစဉ်းစားခဲ့သော၊ ရပ်တည်ချက်မှန်မှန်နှင့် ဖြူစင်ဖြောင့်မတ် သည့် စေတနာ ထားနိုင်ခဲ့သော၊ အမှန်တရားတစ်ခုအတွက် ဘာမဆို ရင်ဆိုင်ခဲ့သော ဆရာကြီး အကြောင်းကို လူထုဒေါ်အမာမှ ရေးသားထားရာတွင် ဆရာကြီး၏ ငယ်ဘ၀မှ စတင်ကာ၊ ဆရာကြီး၏ ငယ်ဆရာ နှစ်ပါး အကြောင်း၊ ဆရာကြီး၏ ရုပ်ရည်နှင့် စိတ်သဘောထား၊ ဆရာကြီး၏ ဆွေမျိုးများ၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးဖိုဖြစ်ခဲ့ရသည့် ဆရာကြီး၏ အိမ်ထောင်ရေး၊ ဆရာကြီးနှင့် သူ၏ သားသမက် ဦးယော(ဆရာဇေယျ)၊ ဆရာကြီး ၀ါသနာပါခဲ့သော အဂ္ဂိရတ်၊ ဆရာကြီးနှင့် စံဖဲအရေး၊ ဆရာကြီးနှင့် သခင်လှုပ်ရှားမှု၊ စစ်အတွင်း ကာလ ဆရာကြီး၏ လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့်အတွက် စတာလင်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပုံ၊ စာပေနယ်မှ ဆရာကြီးအကြောင်း၊ ကွယ်လွန်ခါနီးအချိန် တွေ့ရသည့် ဆရာကြီး၏ မြင်ကွင်း၊ ကွယ်လွန်ပြီး ဆရာကြီးကို ဂူဗိမာန်သွင်းပုံတို့ကို ရှားပါးဓာတ်ပုံများစွာနှင့်အတူ အသေးစိတ် မှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။ လူထုဒေါ်အမာ၏ အရေးအသားကို ကြိုက်သူ အတွက်ကတော့ ဝယ်သင့်သော စာအုပ်ပါ။ စာအုပ်၏ထူးခြားချက်မှာ ပင်နီဖျင်စပေါ်ဆေးဆိုးပန်း ရိုက်နှင့် ရေးဆွဲထားပြီး အဖုံးအခန့်ချုပ်ကာ စက္ကူဂျပ်ဗူးနှင့် ထည့်ထားပါသည်။ လက်ဆောင်ပေးရန် အတွက် လည်း ကောင်းပါသည်။

  • စာညွှန်းတင်သူ - မြတ်သွင်

Wednesday, September 26, 2012

ဝီကီလိခ်အတွင်းရေး

  • စာအုပ်အမည် = ၀ီကီလိခ်အတွင်းရေး
  • ရေးသားသူ = တင်စိန် (ပထ၀ီဝင်)
  • စာအုပ်အမျိုးအစား = ဘာသာပြန် 
  • စာမျက်နှာ =   မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် =
  • ထုတ်ဝေသည့် အကြိမ် =  အကြိမ်
  • တန်ဖိုး = ၃၅၀၀ ကျပ်
  • စာပေတိုက် = Book House  
ဂျူလီယန်အဆန့်ဂ်ျရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ Daniel Domscheit-Berg က ရေးထားတာလို့ဆိုပါတယ် ။ Wiki Leaks က တစ်ယောက် လည်းဖြစ်ပါတယ် ။ inside Wikileaks ဆိုတဲ့စာအုပ်ကို တင်စိန် (ပထ၀ီဝင်) ဘာသာပြန်ထားခြင်းဖြစ်ပါတယ် ။
မာတိကာ
စကားဦး
အခန်း ၁ - ဆုံမိခဲ့ပုံက
အခန်း ၂ - ဒေးဗစ်နှင့် ၀င်္ကဘာ
အခန်း ၃ - ဆိုင်ယင်တိုလော်ဂျီလက်စွဲစာအုပ်များ
အခန်း ၄ - မီဒီယာနှင့် ဆက်ဆံခြင်း
အခန်း ၅ - ဂျူလီယံအဆန့်ဂ်ျ
အခန်း  ၆ - ၀ီကီလိခ်ရဲ့ငွေကြေးထောက်ပံ့မှု
အခန်း ၇ - ကျွန်တော် နေ့ပိုင်း အလုပ်မှ နှုတ်ထွက်လိုက်ခြင်း
အခန်း ၈ - ဆင်ဆာဖြတ်တောက်မှုအား အခြေအတင် ဆွေးနွေးပွဲ
အခန်း ၉ - အိုက်စလန်မှ သူရဲကောင်းများ
အခန်း ၁၀ - အင်တာနက်နှင့် အဆက်ပြတ်ခြင်း
အခန်း ၁၁ - မီဒီယာများအတွက် လွတ်လပ်မှုကောင်းကင်ဘုံ
အခန်း ၁၂ - ဘာလင်သို့ အပြန်ခရီး
အခန်း ၁၃ - အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှု
အခန်း ၁၄ - တပ်သား ဘရက်လီမန်းနင်း၏ စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြှုံ
အခန်း ၁၅ - အာဖဂန် စစ်ပွဲ ဒိုင်ယာရီ နှင့် မရဏခလုတ်
အခန်း ၁၆ - ဆွီဒင်တွင် စွပ်စွဲခံရခြင်း
အခန်း ၁၇ - ကျွန်တော် ရာထူးချခံရမှု
အခန်း ၁၈ - ၀ီကီလိခ်မှ နှုတ်ထွက်ခြင်း
အခန်း ၁၉ - အီရတ်သတင်း ပေါက်ကြားမှု
အခန်း ၂၀- ကေဘယ်လ်ဂိတ်အရေးအခင်း
အခန်း ၂၁ - Open Leaks ရဲ့ အလားအလာ

  • စာညွှန်းတင်သူ - မြတ်သွင်

Sunday, September 9, 2012

ငွေစန်းရောင်ရဲ့ “ငြိမ်ငြိမ်နေပါ နတ်သမီးရယ်”

  • စာအုပ်အမည် - ငြိမ်ငြိမ်နေပါ နတ်သမီးရယ်
  • ရေးသားသူ - ငွေစန်းရောင်
  • မျက်နှာဖုံး - ပန်းချီ လင်းဝဏ္ဏ
  • စာမျက်နှာ - ၁၆၀
  • စာအုပ်အရွယ်အစား - ၂၀.၅ x ၁၃ စင်တီမီတာ
  • စာမူ ခွင့်ပြုချက်အမှတ် - ၄၀၀ ၅၃၉ ၀၆ ၁၂
  • ထုတ်ဝေသည့် ခုနှစ်နှင့် လ - ၂၀၁၂ သြဂုတ်လ
  • ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
  • ထုတ်ဝေသည့် စာအုပ်တိုက် - လက်တွဲဖော်
  • ပုံနှိပ်ထားသည့် စက္ကူအမျိုးအစား - Woodfree ဖြူချော 
  • ရောင်းဈေး - ကျပ် ၂၀၀၀

Facebook မှာ အင်မတန် လူကြိုက်များတဲ့ မှတ်စုတိုများကို ရေးသားသူ ဒေါက်တာစိုးမင်း (http://www.facebook.com/SoeMin)ရဲ့ Facebook ပေါ်က မှတ်စု ၂၂ ပုဒ် ကို စုစည်း ထုတ်ဝေ လိုက်တဲ့ စာအုပ်ပါ။

Facebook ပေါ်က သူ့လက်ရာတွေကို သတိထားမိရာကနေ စာအုပ်ထုတ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ပထမစာအုပ်က “ဆရာဝန့်ဘက်က ရှေ့နေလိုက်မယ်နဲ့ ဓာတ်မှတ်စုတိုများ”ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ မှာ ဖြန့်ချိခဲ့ပါတယ်။

ဆက်တိုက် ထုတ်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း စာပေစိစစ်ရေး မူဝါဒအပြောင်းအလဲများကြားမှာ ဒုတိယ စာအုပ်ကို ထုတ်ဝေခွင့်ရဖို့ စုစုပေါင်း ငါးလနီးပါး ကြာမြင့်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သည် ဒုတိယစာအုပ်က အခုမှ ထွက်လာနိုင်တော့တာပါ။ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ရတဲ့ (၀ါ) တင်ထုတ် စာအုပ်အနေနဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ ထုတ်လိုက်တဲ့ စာအုပ်ရယ်လို့လည်း အမှတ်တရ ပြောနိုင်ပါ လိမ့်မယ်။

စာအုပ်ထုတ်မယ်ဆိုတော့ ဆရာစိုးမင်းက “ငွေစန်းရောင်”ဆိုတဲ့ ကလောင်အမည်ကို ယူမယ်လို့ ပြောပါ တယ်။ ကျွန်တော် သူ့ကို လေးစားသွားပါတယ်။

သူဟာ စာရေးသူတစ်ယောက်ဘ၀ကို ရိုးရိုးသားသား လမ်းကြောင်းမှန်အတိုင်း ခံယူလိုသူ ဖြစ်တာမို့ပါပဲ။ ရှိနေဆဲ သူ့နာမည်ကို အသုံးပြုပြီး စာအုပ်ရောင်းမယ်ဆိုရင် အခု ရောင်းအားထက် အဆမတန် ပိုမှာပါ။ စာရေးသူအနေနဲ့ မဟုတ်ဘဲ တခြားနယ်ပယ်တစ်ခုခုမှ ရနှင့်ထားပြီးသား နာမည်ကို သုံးပြီး စာပေနယ်ထဲ ၀င်လာသူများ၊ ကိုယ့်နာမည် ရှေ့မှာဖြစ်စေ၊ နောက်မှာဖြစ်စေ ဂုဏ်ပုဒ်အကြီးကြီးတွေ လျှောက်ထည့်ရေးပြီး စာပေနယ်ထဲ ၀င်လာသူများဆိုတာကတော့ စာပေကို ခုတုံးလုပ်ပြီး ဘေးပေါက် က ငွေရှာချင်သူများ သာဖြစ်တယ်လို့ မြင်မိပါတယ်။ အဲသလို ခုတုံးမလုပ်ဘဲ စာပေကို မြတ်မြတ်နိုးနိုး လေးလေးစားစားနဲ့ စာပေနယ်ထဲ ၀င်လာကြတဲ့ ပုဂ္ဂိုလ်တွေ ခေတ်အဆက်ဆက်မှာ အများအပြား ရှိပါတယ်။“၀င်းဦး”ဟာ စာရေးဆရာအနေနဲ့ အောင်မြင်ထင်ရှား နာမည်ရပြီးမှ မင်းသား လုပ်ခဲ့တာပါ။ဖေမြင့်၊ ဂျူး၊ နိုင်ဇော်၊ ကိုတာ၊ ဂျိုဇော်၊ မြနှောင်းညို အစရှိတဲ့ စာရေးဆရာများဟာ ဆရာဝန်များ၊ အထူးကုများဖြစ်နေကြလင့်ကစား ကလောင်နာမည်အသစ် ခံယူပြီး စာပေနယ်ကို ရိုးသားစွာ ၀င်ရောက်လာခဲ့ကြ သူများ ဖြစ်သလို အောင်သင်း၊ ဇော်ဇော်အောင်၊ နန္ဒာသိန်းဇံ၊ ခင်မောင်ညို (ဘောဂဗေဒ)တို့ ဆိုရင်လည်း တက္ကသိုလ်ဆရာတွေ ဖြစ်လင့်ကစား သူတို့ ဂုဏ်ပုဒ်တွေ အားပြုပြီး စာအုပ်ရောင်းစားဖို့ မကြံစည်ခဲ့ကြတာ အထင်အရှားပါ။ (စိတ်ကူးထဲ ပေါ်လာသမျှ စာရေးသူများကို နာမည်နဲ့ တွဲပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သည်ပုဂ္ဂိုလ်များနည်းတူ စာပေနယ်ကို ဖြတ်လမ်းကမဟုတ်ဘဲ လမ်းမှန်အတိုင်း ရိုးသားစွာ ကြိုးကြိုးစားစား ၀င်ရောက်လာပြီး နာမည်ရ ထင်ရှားနေသူတွေ အများအပြား ကျန်နေဦးမှာပါ။)

ဆရာ “ငွေစန်းရောင်”ကိုလည်း အဲဒီ့အတွက် အလွန်လေးစားပါတယ်။ Facebook မှာ နာမည်ရပြီးသား  ဒေါက်တာ စိုးမင်းဆိုတဲ့ နာမည်ကို သုံးဖို့ သူ လုံးလုံး စိတ်မကူးခဲ့ပါဘူး။ ကျွန်တော် သူ့ကို ပေးချင်တဲ့ ကလောင်နာမည်က “ဒေါက်ဆိုး”ပါ။ သူက “ငွေစန်းရောင်”လို့ ရွေးလိုက်တော့ ကျွန်တော် သိပ်သဘောမကျလှပါဘူး။ သို့သော် တစ်ခေတ်က ထင်ရှားခဲ့ဖူးတဲ့ သူ့အဘိုးရဲ့ ပုံနှိပ်တိုက်နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်မှန်း သိတော့ သဘောမကျသည့်တိုင် သူ့စိတ်ဓာတ်ကို ပိုလို့ လေးစားသွားခဲ့ရ ပါတယ်။

သည်စာအုပ်နဲ့ ပတ်သက်လို့တော့ ကျွန်တော်က ထုတ်ဝေသူ ဖြစ်နေတာမို့ အထူး မညွှန်းပါရစေနဲ့တော့။

Facebook က မှတ်စုတွေက အပျော့မူတွေ ဖြစ်နေတာမို့ စာအုပ် (အမာမူ)အနေနဲ့ ထုတ်ဝေလိုက်တယ် လို့သာ မှတ်ယူပေးကြစေလိုပါတယ်။

ပါဝင်တဲ့ ခေါင်းစဉ်ငယ်များက အောက်ပါအတိုင်း ဖြစ်ပါတယ်ခင်ဗျား။

  1. ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု
  2. ဒေါ်လာစားတဲ့ ဘော်ဒါများ
  3. အာဆီယံဒေါက်တာ
  4. နိုင်ငံကျော်ကြီးပါ ရှင်... ရှင့်... နန်းတော်ရှေ့က တင်
  5. မင်းဖြူ မှန်မှန်ပြော
  6. ကိုယ်ဟာ ကယ်တင်ဖို့ လိုပါတယ်
  7. လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်
  8. စုံထောက်ဆရာဝန်
  9. မှုတ်လိုက်ကြစို့ သူငယ်ချင်း
  10. ငြိမ်ငြိမ်နေပါ နတ်သမီးရယ်
  11. ဂျိန်းဖောရွာက ဗိန္ဒောဆရာ
  12. ပေါလွန်လွန်းလို့ သုံးမကုန်နိုင်ပါသည်
  13. မစ္စတာ စုန်
  14. အခွင့်အရေးနဲ့ အစွမ်းအစ
  15. ဦးအိမ်ခင်
  16. ဒင်္ဂါးပြား၏ အခြားမျက်နှာ
  17. လှိုင်လှိုင်နဲ့ ကောင်းကောင်း
  18. သီတင်းကျွတ်ပြန်ပြီ
  19. ပြုံးတုံး ပြုံးတုံး တန်ဆောင်မုန်း
  20. စိန်နားကပ်ကြီး ပန်ရမလို
  21. ညောင်ပင်တစ္ဆေ ဝေလေလေ
  22. ဘ၀ရှေးဟောင်းက အကြောင်းကံ ဆုံတယ်
စာညွှန်းတင်ပြသူ = အတ္တကျော်


ဖိနှိပ်မှုတိုက်ပွဲ အဆင့်ဆင့်

  • စာအုပ်အမည် = ဖိနှိပ်မှုတိုက်ပွဲ အဆင့်ဆင့်
  • ရေးသားသူ = ဦးနု
  • စာအုပ်အမျိုးအစား = နိုင်ငံရေး
  • စာမျက်နှာ = ၁၁၆ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၁၉၆၉-ခု၊ ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ဈေးနှုန်းရေးမထားပါ
  • စာပေတိုက် = ဖဆပလ(သန့်ရှင်း)အဖွဲ့ချုပ်မှ ထုတ်ဝေသည်။
ဦးနုရေးသားသော ရှားပါးစာအုပ် ဖြစ်ပါသည်။ ဒီမိုကရေစီကို မြတ်နိုးသူတိုင်း လွတ်လပ်ရေးကို စုံမက် သူတိုင်း လူ့အခွင့်အရေးကို တန်ဘိုးထားသူတိုင်း အတွက် ရေးသားထားသည်။ ထိုစာအုပ်၏ ထူးခြားချက်ကတော့ စထွက်ချင်း အုပ်ရေ တစ်သောင်းကို တစ်လအတွင်း ကုန်သွား၍ နောက်လမှာ ငါးထောင်ထပ်ရိုက်ရပါသည်။ ထိုခေတ်က နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ သဘောရှိသည်ဟု ထင်ပါသည်။
  • စာညွှန်းတင်သူ - မြတ်သွင်

ဦးသန့်ရဲ့မြေး သန်းမြင့်ဦးရေးတဲ့ ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ


  • စာအုပ်အမည် = ဦးသန့်ရဲ့မြေး သန်းမြင့်ဦးရေးတဲ့ ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ
  • ရေးသားသူ =  မောင်သွေးချွန်
  • စာအုပ်အမျိုးအစား = ဝေဖန်စာ
  • စာမျက်နှာ = ၈၀ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၂၀၁၂ စက်တင်ဘာ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ၈၀၀ -ကျပ်
  • စာပေတိုက် = ဦးမြင့်စိုး၊ ပန်းစကြာစာစဉ်
“သန့်မြင့်ဦးရဲ့ စာအုပ်ကို ဖတ်အပြီးမှာ ဘယ်လိုဉာဏ်အလင်းမျိုးမှ မရတဲ့အပြင် ကျွန်တော်တို့ရဲ့ သမိုင်း ရာဇဝင်ကြီး မှောင်ကြီးကျခဲ့လေပြီလို့ မြည်တမ်း စုတ်သတ်မိတယ်။ ဗုဒ္ဓဝင်၊ ပုဂံခေတ်၊ အနော်ရထာ၊ အလောင်းစည်သူ၊ တောင်ငူခေတ်၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ ကုန်းဘောင်ခေတ်အလောင်းဘုရားမှ သီပေါမင်းအထိ၊ နောက်ဆုံး ... ဗိုလ်ချုပ်အောင်ဆန်းအထိ အချက်အလက်များ၊ အယူအဆ သုံးသပ်ဝေဖန်ချက်များ စာအုပ်ရဲ့ နေရာအတော်များများ အမှားတွေနဲ့ တင်းကြမ်းပြည့်နေ တာ တွေ့ရပါ တယ်။”

“နှစ်ပေါင်းတစ်ရာခန့် ရခိုင်သည် ၄င်းထက်စွမ်းအားပိုကြီးသော အိမ်နီးချင်းဖြစ်သည့် ဘင်္ဂလားပသီဘုရင် နယ်ပယ်၏ လက်တက်အဖြစ် တည်ရှိခဲ့သည်ဆိုတဲ့ ဖော်ပြချက်ကတော့ သန့်မြင့်ဦးရဲ့ မဟာအမှားကြီး ပဲ ဖြစ်ပါလိမ့်မယ်။”

“အဘိုးဦးသန့်ဟာ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးကြီးအဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ပြီး မြန်မာ့ဂုဏ် ကို ဆောင်နိုင်ခဲ့ပေမယ့် မြေးဖြစ်သူ သန့်မြင့်ဦးကတော့ မြန်မာ့သမိုင်းနဲ့ ရခိုင်သမိုင်းများကို အရုပ်ဆိုး အကျည်းတန်အောင် လွဲလွဲမှားမှား ရေးသားခဲ့ပါ တယ်။ ခြေရာလည်းပျောက် ရေလည်းနောက်ခဲ့တဲ့
ခြေရာပျောက်မြစ်ထဲမှာ အမှားတွေ စီးမျောနေဆဲ ...၊ ဘယ်အထိ စီးမျောသွားမှာလည်း။ ။

(မှတ်ချက်။ ။ အထက်ပါ စာညွှန်းသည် အောက်ပါ Link မှ ကူးယူပါသည်။)


ဒီစာအုပ်၏ အနှစ်ချုပ်မှာ သန်းမြင့်ဦးရေးတဲ့ ခြေရာပျောက်မြစ် စာအုပ်ထဲမှ မြန်မာ့သမိုင်းအမှားများ ကို ဝေဖန်ထားခြင်းပင်ဖြစ်ပေသည်။
  • စာညွှန်းတင်သူ - မြတ်သွင်

Monday, September 3, 2012

လုပ်ငန်းထူထောင်ရေး စီမံချက်

  • စာအုပ်အမည် -လုပ်ငန်းထူထောင်ရေး စီမံချက်
  • ရေးသားသူ -မောင်ရေအေး(ဟားဗတ်တက္ကသိုလ်)
  • စာပေအမျိုးအစား - စီးပွါးရေး
  • စာမျက်နှာ - ၁၉၇ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၁-ခု၊ ဇန်န၀ါရီလ
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • ထုတ်ဝေသည့်စာပေ - ယုံကြည်ချက်စာပေ
  • တန်ဖိုး - ၂၅၀၀ ကျပ်
HR ဂျာနယ်တွင် ၂၀၀၉ ခုနှစ်၊သြဂုတ်လမှ စတင်ကာ (၈)လနီးပါး အပတ်စဉ်ရေးသားထားသော Business Plan အခန်းဆက်ဆောင်းပါးကို စုစည်းထားသော စာအုပ်ပါ။ လုပ်ငန်းတစ်ခု တွင်ရှိသင့် ရှိထိုက်သော အင်္ဂါရပ်များနှင့် ပါဝင်သင့်သော အကြောင်းအရာမျာကို အသေးစိတ် ရှင်းလင်းတင်ပြထားပါတယ်။ အငယ်စားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း ထူထောင်လိုသူ စီးပွါးရေးလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများနှင့် BBA,DMA,MBA အစရှိသော သူများအတွက် အထောက်ကူပြုနိုင်ပါလိမ့်မယ်။
  • စာညွှန်းတင်သူ - မင်းဟဏ်

ကမ္ဘာ့ပန်းချီသိ ဗမာ့ပန်းချီသိ

  • စာအုပ်အမည် = ကမ္ဘာ့ပန်းချီသိ ဗမာ့ပန်းချီသိ
  • ရေးသားသူ = ဂျီလှမောင်
  • စာအုပ်အမျိုးအစား = အနုပညာ
  • စာမျက်နှာ = ၃၅၀ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၁၉၆၈-ခု၊ စက်တင်ဘာလ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ၅-ကျပ်
  • စာပေတိုက် =ကိုးစာပေ
ပြင်သစ်ပြည်ရှိ ကမ္ဘာကျော် ပန်းချီပညာရှင်ကြီးများဖြစ်သော ဒီလာကွား၊ ပစ္စရိုး၊ ဂေါ်ဂင်၊ ဆီဇမ်း၊ ဗင်ဂိုး၊ မနေ၊ ဒီဂါး၊ လိုတရိုက်၊ မိုနေ၊ စူရပ်၊ ပီကာဆို၊ မက်တိစ်၊ ဘာရပ်တို့၏ အယူအဆ အသိကို၎င်း၊
ရွှေဂုံမြို့ရှိ ပန်းချီကျော်ကြီးများ၏ ပန်းချီသိနှင့် ဖြစ်ရပ်များကို ဖော်ပြထား၏။ ဖွင့်ပြထား၏။
ပန်းချီဖော်ပုံ၊ ဆေးစပ်ပုံ၊ ဆရာဆောင်၏ ရေဆေးရေးနည်း၊ ဦးဘလုံ၏ စီပီယာရေးနည်း၊ ဦးစံဝင်း၏ ဆီဆေးရေးနည်းများကို ပြည့်စုံစွာ ဖော်ပြထားပေသည်။
  • စာညွှန်းတင်သူ - မြတ်သွင်

မြန်မာ့ရိုးရာ မှန်စီရွှေချ အနုပညာ

  • စာအုပ်အမည် =မြန်မာ့ရိုးရာ မှန်စီရွှေချ အနုပညာ
  • ရေးသားသူ = ချစ်ဦး(မန်းတက္ကသိုလ်)
  • စာအုပ်အမျိုးအစား = အနုပညာ
  • စာမျက်နှာ = ၇၀ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၁၉၆၇-ခု၊
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ၅၀- ပြား
  • စာပေတိုက် = စာပေဗိမာန်
ယနေ့ခေတ်တွင် မြန်မာ့ရိုးရာ မှန်စီရွှေချ ပညာသည် တိမ်ကောပပျောက်တော့မည့်သဘောများ ရှိပါသည်။ ကျွန်တော်တို့ ရိုးရာဖြစ်သဖြင့် ထိန်းသိမ်းသင့်ကာ ထိုပညာရပ်ကို စနစ်တကျ မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်ပေသည်။
  • စာညွှန်းတင်သူ - မြတ်သွင်