Pages

Friday, August 24, 2012

ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းလက်စွဲ

  • စာအုပ်အမည် -ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းလက်စွဲ
  • ရေးသားသူ -တင်မောင်ဝင်း
  • စာပေအမျိုးအစား - စီးပွါးရေး
  • စာမျက်နှာ - ၄၂၇ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၀၈-ခု၊ မတ်လ၊ ပထမအကြိမ်
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၁-ခု၊ ဒီဇင်ဘာလ၊ ဒုတိယအကြိမ်
  • ထုတ်ဝေသည့်စာပေ - အလင်းသစ်စာပေ
  • တန်ဖိုး - ၅၅၀၀ ကျပ်
ပြည်တွင်းမှာ ပြောင်းလဲတိုးတက်လာသော အခြေအနေများ နှင့် ကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွါးရေး စနစ်တွင် စီးပွါးရေး လုပ်ငန်းရှင်များ အတွက် သိရှိနားလည်ရန်နှင့် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်းများ ၊ အယ်စီ များအကြောင်းကို လေ့လာရန်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
  • စာညွှန်းတင်သူ - မင်းဟဏ်

ဝတ္ထုတိုပေါင်းချုပ် ၁၉၇၆-၂၀၀၅

  • စာအုပ် အမည် - ဝတ္ထုတိုပေါင်းချုပ် ၁၉၇၆ - ၂၀၀၅
  • ရေးသားသူ - မင်းလူ
  • စာမျက်နှာ - ၄၁၁
  • ထုတ်ဝေသည့် ခုနှစ် - နိုဝင်ဘာ ၂၀၁၁-ခုနှစ်
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • တန်ဖိုး - ၅၀၀၀ ကျပ်

ဆရာမင်းလူနှင့် ပတ်သက်ပြီး အထူးညွှန်းစရာမလိုဟု ဆိုရမည်ဖြစ်သည်။ ဆရာ၏ ဝတ္ထုတိုများသည် အသွင်ဆန်း၊ အမြင်ဆန်းနှင့် ဖတ်ရသည်မှာ အများနှင့်မတူသော ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့သော အများနှင့် မတူသည့် ခံစားချက်ကို ဖန်တီးနိုင်စွမ်း ရှိသည့်အတွက် ဘယ်အချိန်ဖတ်ဖတ် မရိုးနိုင်သော သဘောဆောင် နေပေသည်။

ဟိုယခင်က ဆရာ့ဝတ္ထုများကို ဆန့်တငန့်ငန့်သာ ဖတ်ရသည်၊ အတိုလေးများစု စာလုံးအကြီးကြီးသုံး စာအုပ်ကို အတင်းချဲ့ထားသော ပုံစံမျိုး ဖြစ်နေသဖြင့် ဖတ်ရတာ အားမရ ( ဆရာ့ ဝတ္ထုများတွင်တော့ ထိုကဲ့သို့သော ဝတ္ထုပုံစံ ရှားပါသည်။ ) အခုတော့ အားလုံး စုပြီး ထုတ်ပေးလိုက်ပြီ အားရပါးရ ဖတ်ရပေတော့မည်။ ဆရာ ဝတ္ထုများထဲမှ အများမတူ တစ်မူထူးသော အရေးအသားတစ်ခုကို ကောက်နှုတ် ဖော်ပြရမည်ဆိုလျှင်

”လောကကြီးတွင် အစစ်အမှန်တရားဟူသည် ရှိသလော။ မည်ကဲ့သို့သော အရာပေနည်းဟု တွေးခေါ်ရှင်တို့ ကြံဆခဲ့သည်။ အစစ်အမှန်တရားသည် အာပေါဓာတ်ဖြစ်သည်ဟူ၍ လည်းကောင်း၊ အနန္တဝိညာဉ်တော် ဖြစ်သည် ဟူ၍လည်းကောင်း၊ အရာဝတ္ထုတို့၏ ဆန့်ကျင်ပေါင်းစည်းခြင်း ဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုးတွေးဆခဲ့ကြသည်။

မောင်စုအဖို့မူ အစစ်အမှန်တရားသည် ရေခဲတုံးနှင့် ရေခဲရေပင်ဖြစ်သည်။ ရေခဲတုံးသည် သူ့ဘဝ၊ ရေခဲရေဖြင့် လူအများကို ငြိမ်းအေးစေမည်။”

  • စာညွှန်းတင်သူ - စိုးသီဟနောင်

မိုးကောင်းကင်၌ တိမ်တိုက်များ

  • စာအုပ်အမည် - မိုးကောင်းကင်၌ တိမ်တိုက်များ
  • ရေးသားသူ - မြအေး
  • စာမျက်နှာ - ၃၂၃
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၂ သြဂုတ်
  • ထုတ်ဝေသည့် အကြိမ် - ဒုတိယအကြိမ်
  • တန်ဖိုး - ၃၀၀၀ ကျပ်

ခုနောက်ပိုင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ စာအုပ်များ ထွက်လာကြသည်။ ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန် ထွက်ပြီး သိပ်မကြာခင် ကိုမြအေး၏ မိုးကောင်းကင်၌ တိမ်တိုက်များ ထွက်လာသည်။ ရောင်းကောင်း ချက်ကတော့ ပြောစရာမလို ကျွန်တော်သွားဝယ်စဉ်ပင် ဒုတိယအကြိမ် ပုံနှိပ်ခြင်း ဖြစ်နေသည်။ ကျွန်တော် စာအုပ်ကို သွားဝယ်စဉ်က အနစ်နာခံခဲ့ရသော မျိုးဆက်အတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့အတွက် ရည်ရွယ်ခဲ့သော်လဲ ကိုမြအေး၏ စာအုပ်ကို ဖတ်ရင်း၊ ဖတ်ရင်း ကိုမြအေး၏ ဇာတ်အောင် မိုးအောင်နောက် တစ်ကောက်ကောက် ပါသွားတော့သည်။ စာဖတ်သူတစ်ယောက်အနေနဲ့ စာပေအပေါ်မြတ်နိုးသည့် စိတ်နှင့် ဝယ်ယူဖြစ်ခဲ့သည့် စိတ်မျိုးလဲ ခံစားလာရသည်။ (ကျွန်တော် အရင်က စာအုပ်ဝယ်လျှင် ထိုစိတ်ဖြင့်သာ ဝယ်လေ့ရှိပါသည်။)

ဖတ်ခါစတွင် ဇာတ်အိမ်များက ဟိုတစ်ကွက် ဒီတစ်ကွက် ပြန့်ကျဲနေသလို ခံစားရသော်လဲ၊ သွက်လက်သည့် ရေးဟန်က စာဖတ်သူကို ဆွဲခေါ်သွားသည်။ စိတ်ကူးယဉ်ဆန်သည့် အဖြစ်အပျက်တစ်ခု အပေါ်အခြေခံထားသော်လဲ အမိမဲ့သား ရေနည်းငါး တစ်ကောင်၏ အားငယ် စိုးရိမ်စိတ်၊ လူသားဆန်လွန်းသော ပင်ကိုယ်စိတ်၊ ပုံစံမတူသော ပတ်ဝန်းကျင်များအပေါ် တုန့်ပြန်မှု၊ ဘယ်တော့မှ မရိုးနိုင်သော အချစ်ဇာတ်လမ်း စသည်ဖြင့် အားပါ့တရ ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။ ဝတ္ထုတွင် ပါဝင်သော စာတစ်ပိုဒ်ကို ညွှန်းရမည် ဆိုလျှင်

” ငါ စဉ်းစားကြည့်တယ် မြင့်မောင်၊ တကယ်တော့ လူတွေအားလုံးက မိုးကောင်းကင်ထဲက တိမ်တိုက်တွေပဲ၊ လောကကြီးမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တည်ရှိနေကြမှာပဲ၊ ဘယ်တော့မှ တူမှာမဟုတ်ဘူး၊ ဘယ်တော့မှ တစ်ထပ်တည်းကျမှာ မဟုတ်ဘူး၊ တည်ရှိမယ်၊ ကြွေလွင့်မယ်၊ဘာမှ မထူးဆန်းပါဘူး၊ လူဆိုတာ မွေးလာကတည်းက သေဒဏ်စီရင်ခံထားရတဲ့ သတ္တဝါပဲ၊ မွေးဖွားခြင်းနဲ့ သေခြင်းတရား ပါးပါးလေးပါ၊ အဲဒီ စည်းကလေးကို မကျော်ခင်မှာ ဘာတွေ လုပ်ခဲ့မလဲ ဆိုတာကသာ အရေးကြီးတာပါ၊ ငါး မင်းကို ပြောပြီးပြီပဲ၊ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ငါစိတ်ချမ်းသာခဲ့တယ်၊ ငါ လွတ်လပ်ခဲ့တယ်၊ ငါ လုပ်ခဲ့တဲ့ အလုပ်တွေပေါ်မှာ ငါကျေနပ်ခဲ့တယ်၊ ငါ ဘာမှ ဝမ်းမနည်းဘူး၊ မင်းလည်း စိတ်မကောင်း ဖြစ်မနေနဲ့ မြင့်မောင်”

  • စာညွှန်းတင်သူ - စိုးသီဟနောင်

Monday, August 13, 2012

ထူးချွန်ကျော်ကြား မြန်မာအမျိုးသမီးများ

  • စာအုပ်အမည် - ထူးချွန်ကျော်ကြား မြန်မာအမျိုးသမီးများ
  • ရေးသားသူ - ကောင်းပြည့်စုံ
  • စာပေအမျိုးအစား - အတ္ထုပ္ပတ္တိ
  • စာမျက်နှာ - ၁၈၈
  • ထုတ်ဝေသည့် ခုနှစ် -သြဂုတ်လ၊ ၂၀၁၂
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • တန်ဖိုး - ၂၀၀၀ ကျပ်

 ဘိုးဘွားရိပ်သာများ၏ မိခင်ကြီး ဘွားဦးဇွန်း၊ လူထုဒေါ်အမာ၊ ပထမဆုံး အမျိုးသမီးသံအမတ်ကြီး မဟာ သီရိသုဓမ္မဒေါ်ခင်ကြည်၊ ရုပ်ရှင်မင်းသမီးကြီး မေရီမြင့်၊ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဒေါ်ဖွားရှင်၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဒေါ်မြစိန်၊ ဂျာနယ်ကျော်မမလေး၊ သခင်မကြီး ဒေါ်သိန်းတင်၊ ဒေါ်ရီကြိန်၊ အင်ဒီပင်းဒင့်နှင့် ဒေါ်စန်း၊ ကဗျာဆရာမကြီး ဒေါ်နုကြည်၊ အမျိုးသမီး စာပေပညာရှင် စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး၊ ဒေါ်မီမီခိုင်၊ မြန်မာအမျိုးသမီးထဲတွင် ဆေးပညာ(F.R.C.S)ဘွဲ့ကို ပထမဆုံး ဆွတ်ခူးခဲ့သော ဆရာဝန်မကြီး ဒေါ်စောဆ၊ အငြိမ့်မင်းသမီးကြီး ဒဂုန်ခင်လှကြည်၊ ဂီတပညာနှင့် အက ပညာရှင် ၀ဏ္ဏကျော်ထင်ဒေါ်အောင်ကြည်၊ မြန်မာအမျိုးသမီးများတွင် ပထမဆုံးမင်းတိုင်ပင် အမတ် ဒေါ်နှင်းမြ(မော်လမြိုင်)၊ အဆိုတော်ကြီး မိုးဒေ၀ါမလှရွှေတို့အကြောင်းကို သူတို့၏ ထူးချွန် ထက်မြက်ခဲ့သည့် နယ်ပယ်များမှ လုပ်ဆောင်ချက်များနှင့်အတူ ဤစာအုပ်တွင် ဖတ်ရှုလေ့လာကြရ မည်ဖြစ်သည်။

  • စာညွှန်းတင်သူ - မြတ်သွင်

မျိုးဆက်ပြတ်တော့မည့် ရတနာဂီရိမှ သီပေါမင်းဆွေတော်မျိုးတော်များ

  • စာအုပ်အမည် -  မျိုးဆက်ပြတ်တော့မည့် ရတနာဂီရိမှ သီပေါမင်းဆွေတော်မျိုးတော်များ
  • ရေးသားသူ - -မောင်ခိုင်ခန့် (အမျိုးသားစာပေဆုရ)
  • စာပေအမျိုးအစား - ခရီးသွားဆောင်းပါး
  • စာမျက်နှာ - ၂၁၀
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • တန်ဖိုး - ၂၅၀၀ ကျပ်
စာရေးသူရည်ရွယ်ချက်- ဤစာအုပ်အား ဖတ်ရှု၍ မြန်မာလူမျိုးတိုင်း မြေမျို၍ လူမျိုးမပြုတ်၊လူမျိုမှ လူမျိုးပြုတ်မည်ဆိုသော မြန်မာ့ဆိုရိုး စကားကို အလေးအနက်ထား သတိမူနိုင်ကြပါစေဟု မေတ္တာစိတ်ဖြင့် ရည်သန်လျှက်—-

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ၏ စီစဉ်ပေးမှုဖြင့် စာရေးသူပါဝင်သော မြန်မာအဖွဲ့ သည် လေ့လာရေးခရီး အဖြစ် အိန္ဒိယနိုင်ငံသို့ ၂၀၀၇ ခုနှစ်ကုန်ပိုင်းက သွားရောက်ခဲ့ရာ ယခုစာအုပ်မှာ ထိုခရီးစဉ်၏ မှတ်တမ်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့၊ တောင်မည်းကြီးပေါ်မှ ကနေရီ သို့မဟုတ် ဗုဒ္ဓလိုဏ်ဂူများ၊ မွမ်ဘိုင်းမြို့တွင် ဦးဂိုအင်ကာဦးဆောင်မှုဖြင့် တည် ထားသော ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ်ကြီး၊ ဆရာကြီး ဦးဂိုအင်ကာ၏ အပြည်ပြည်ဆိုင်ရာ ဓမ္မဂိရိဝိပဿနာရိပ်သာ၊ အာဂျန်တာ ဗုဒ္ဓ၀င်လိုဏ်ဂူများရှိ အံ့ဖွယ် ကျောက်ဆစ် လက်ရာများ၊ အယ်လိုရာလိုဏ်ဂူများမှ ကျောက်သားဝိဟာရနှင့် အနုဆစ်လက်ရာများ၊ ပူနေးမြို့နှင့် ကာလေဗုဒ္ဓ၀င်လိုဏ်ဂူအနီးမှ ဖြစ်ရပ်ဆန်း၊ ရတနာဂီရိမှ သီပေါမင်း၏ မြစ်တော်၊ ရတနာဂီရိတွင် မျိုးဆက်ပြတ်တော့မည့် သီပေါများ၏ ဆွေတော်မျိုးတော်များ၊ ကိုးလ်ကတ္တား မှ မြန်မာ ဘုန်းတော်ကြီးကျောင်း အကြောင်းတို့ကို ဤစာအုပ်ပါ ဆောင်းပါး ၁၇ ပုဒ်၌ စိတ်ဝင်စားဖွယ်ဖတ်ရှုကြရ မည်ဖြစ်သည်။ သီပေါများ၏ ဆွေတော်မျိုးတော်များကို သွားရောက်တွေ့ဆုံရာ၌ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကိုပါ ထည့်သွင်းဖော်ပြထားသည်။
  • စာညွှန်းတင်သူ - မြတ်သွင်

စာအုပ် အမည် - မှောင်လွန်းသော ညများ (၁၉၆၇ ခုနှစ် အမျိုးသားစာပေဆုရ (ဝတ္ထုရှည်))
ရေးသားသူ - ညိုဝင်း
စာပေအမျိုးအစား - သရုပ်မှန်
စာမျက်နှာ - ၂၇၉
ထုတ်ဝေသည့် ခုနှစ် - မတ် ၂၀၁၂
ထုတ်ဝေသည့် အကြိမ် - ဆဋ္ဌမအကြိမ်
တန်ဖိုး - ၃၀၀၀ ကျပ် (စာရွက်ချော)

စာညွှန်း - သရုပ်မှန် စာပေအမျိုးအစားဖြစ်ပြီး အတူး၏ ဘဝကို လှလှပပဖွဲ့နွဲ့သွားသော ဝတ္ထုဖြစ်သည်။ အတူး၏ ငယ်စဉ်ဘဝ မှောင်လွန်းသောညများ၊ ဘဝ၏ မထင်မှတ်သော အချိုးအကွေ့များ၊ သည်းခံခြင်း၊ မေတ္တာတရားတို့၏ မြင့်မြတ်ပုံ၊ အတူးနှင့် မိနီတို့၏ မေတ္တာတရား၊ အတူး၏ မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယ၊ လက်က မချနိုင်အောင် တစ်ထိုင်တည်း ဖတ်ဖြစ်မယ့် အမျိုးသားစာပေဆုရ ဝတ္ထုဖြစ်သည်။

(ဒီ စာအုပ်ကို ဖတ်ပြီး ကျွန်တော် စိတ်ထဲတွင် မေးခွန်းများသွား ကျန်ရစ်ခဲ့သည်။

  1. အတူးသာ ငယ်ငယ်က တေပေလေလွင့်နေသော ကလေးများနှင့် အနေကြာခဲ့လျှင် ဘာဆက်ဖြစ် မည် နည်း။
  2. တေပေလေလွင့်နေသော ကလေးများနှင့် ပေါင်းပြီး ကလေးထောင် ရောက်သွားခဲ့လျှင် ဘာဆက်ဖြစ် မည်နည်း။
  3. မိဘမဲ့၊ တစ်ကောင်ကြွက်၊ ငယ်စဉ်က အခုလောက်အထိ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ခိုင်းစေခံခဲ့ ရသော ကလေး၏ အကောင်းဓာတ်ခံ ဗီဇစိတ်သည် နဂိုအတိုင်းကျန်နေခွင့် ရှိပါ၏လော။
  4. ထွက်ပြေးလာအောင် အိမ်ပြေးကလေးများ၏ အနာဂတ်တိုင်း မည်ကဲ့သို့ ရှိကြနည်း။

မိတ်ဆွေရော အခုလို မေးခွန်းတွေ စိတ်ထဲမှာ ဖြစ်လာချင်တယ်ဆိုရင် ခုပဲ ဖတ်ကြည့်လိုက်ပါ။ )

စာအုပ်ညွှန်းတင်သူ - စိုးသီဟနောင်

Thursday, August 9, 2012

မြန်မာ့စောင်း

စာအုပ်အမည် - မြန်မာ့စောင်း
စာရေးသူအမည် - ရဲမြလွင်
စာပေအမျိုးအစား - ဘာသာပြန်
စာမျက်နှာ - ၂၂၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ၂၀၀၂-ခု၊ ဇန်နဝါရီလ
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - တကောင်းစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၅၀၀ ကျပ်

စာညွှန်း - ဂျပန်လူမျိုး Michio Takeyamaရေးသားသည့် Biruma no Tategoto, Harp of Burma ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် ဤ၀တ္ထုရှည်ကို ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာပြည်ရောက်ဂျပန်စစ်သားများကို ဇာတ်အိမ်ဖွဲ့၍ ရေးသားထားခြင်းဖြစ်သည်။ ၀တ္ထုသည် သာမန် စိတ်ကူးယဉ်ဝတ္ထု တစ်ပုဒ်မျှသာဖြစ်သော်လည်း ၀တ္ထုတွင် ပါဝင်သော ဂီတ၀ါသနာရှင် တပ်စိပ် ကလေးမှာ အမှန်တကယ်ပင် ရှိခဲ့သည်။ စစ်အတွင်း မြန်မာလူမျိုးတို့၏ သဘောထားကြီးပုံ၊ ကူညီ ခဲ့ပုံ၊ မြန်မာများအပေါ် ရက်စက်ခဲ့သည့်အတွက် နောင်တရ၍ မဆုံးဖြစ်ပုံများကို ထိုတပ်စိပ်တွင် ပါဝင်ခဲ့ကြ သည့် စစ်သားများသည် ယခုထက်တိုင် TVအစီအစဉ်များမှတဆင့် တဖွဖွ ပြောကြားနေဆဲဖြစ်သည်။ မူရင်းစာရေးသူသည် ဤ၀တ္ထုရှည်ကြီးကို Akatomboခေါ် ပုစဉ်းနီကလေးဂျာနယ်တွင် ဦးစွာ အခန်းဆက်ရေးသားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ၀တ္ထုစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုစာအုပ်ဖြင့် မိုင်းနိကျီစာပေဆုနှင့် ပညာရေးဝန်ကြီးဌာန၏ စာပေဆုများကို ရရှိခဲ့ပြီး အင်္ဂလိပ်ဘာသာသို့ပါ အကြိမ်ကြိမ် ပြန်ဆိုခြင်း ခံခဲ့ရသည်။ ထို့ပြင် ရုပ်ရှင်အဖြစ်ပါ ရိုက်ကူးပြသရာ ဂျပန်နိုင်ငံ သာမက နိုင်ငံတကာကပါ အထူးနှစ်ခြိုက်ကြသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့ကြီး၏ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့သည်။ စစ်၏ အနိဋ္ဌာရုံနှင့် ဂီတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ကို မီးမောင်းထိုးပြနိုင်ခဲ့ရုံသာမက အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးလော၊ စစ်ပွဲလောဟု မေးခွန်းကိုပါ ထုတ်ပြခဲ့သည့် ၀တ္ထုရှည်တစ်ပုဒ်ဖြစ်သည်။
မှတ်ချက်။ ။ရုပ်ရှင်လည်းရှိပါတယ်။ ဒါပေမဲ့ စာအုပ်လောက် ရသမပေါ်လွင်ပါ။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

Wednesday, August 8, 2012

ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်

စာအုပ်အမည် = ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်
စာရေးသူအမည် = မောင်မောင် (ရွှေကရဝိတ်)
စာပေအမျိုးအစား =  မှတ်တမ်း
စာမျက်နှာ = ၃၁၀ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မေလ၊ ၂၀၁၂
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ပြည့်စုံစာအုပ်တိုက်
စာအုပ်တန်ဖိုး = ၃၀၀၀-ကျပ်
စာညွှန်း =  စာရေးသူသည် တောခိုသူမဟုတ်ဘဲ ABSDF (NB) စခန်း (ကချင်ပြည်နယ် နှင့် တရုတ်ပြည် နယ်စပ်ရှိ ပါဂျောင် ဒေသ) သို့ နှစ်ကြိမ်ရောက်ခဲ့ပြီး မြင်ခဲ့သမျှ၊ ကြားခဲ့သမျှ၊ သိခဲ့သမျှ အစုလိုက်၊ အပြုံ လိုက် လူသတ်ပွဲကြီးအကြောင်းကို မှတ်တမ်းသဖွယ် ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ ၂၀၁၁ နှစ်ကုန် ပိုင်း အင်တာနက်တွင် လူသိများခဲ့သော “မြောက်ပိုင်းဒေသမှ အရိုးတွန်သံများဆောင်းပါးများနှင့် ယှဉ်တွဲ ဖတ်ရှုသင့်သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

ပုဂ္ဂလအဘိဓာန်

စာအုပ်အမည်          = ပုဂ္ဂလအဘိဓာန်
စာရေးသူအမည်       = မောင်ထင်
စာပေအမျိုးအစား      =  ဆောင်းပါးပေါင်းချုပ်
စာမျက်နှာ               = ၃၃၀ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ်    = ဇန်နဝါရီလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက်              = စိတ်ကူးချိုချိုစာအုပ်တိုက်
စာအုပ်တန်ဖိုး           =  ၃၀၀၀ ကျပ်
စာညွှန်း                  =  ဂန္တလောကခေတ်မှ မျက်မှောက်ခေတ် အထိ စာပေအနုပညာရှင်များ နှင့် ထူးချွန် ထင်ရှားပုဂ္ဂိုလ်များ အကြောင်းကို ရေးသားထားသော ဆောင်းပါး (၅၅) ပုဒ်ကိုစုစည်းထားသော စာအုပ်ဖြစ် သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

ရဲဘော်ဘခက်ရေးသည့် ဘခက်အကြောင်း

စာအုပ်အမည်                = ရဲဘော်ဘခက်ရေးသည့် ဘခက်အကြောင်း
စာရေးသူအမည်             = ရဲဘော်ဘခက်
စာပေအမျိုးအစား           = နိုင်ငံရေး
စာမျက်နှာ                    = ၅၅၉ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်         = ၂၀၁၂-ခု၊ ဇွန်လ
ထုတ်ဝေသည့်အကြိမ်      = ပထမ အကြိမ်
စာပေတိုက်                  = Northern Star
စာအုပ်တန်ဖိုး                = ၇၀၀၀-ကျပ်

စာညွှန်း                      = Northern Star ဂျာနယ်ပါ စာရေးသူ၏ ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။ ၁၉၄၈-၄၉ ခုနှစ်တစ်ဝိုက်မှာ ဖဆပလအစိုးရကို တော်လှန်ပုန်ကန်ရန် ဗကပ နောက်ကို လိုက်ပါသွားကြသည့် ထိုခေတ် လူငယ်များတွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်ဆိုသည့် အကွေ့ အကောက်များလှသည့် နိုင်ငံရေး ခရီးကြမ်းတစ်လျှောက်လုံး လိုက်ပါစီးမျောရင်း တွေ့ ကြုံ ခံစားခဲ့ရသော ခါးသီးမှုများ၊ နာကြည်းမှုများကို ရွှေဘိုနယ်၊ ဆိတ်ခွန်ရွာသားဖြစ်သူ စာရေးသူက ဆောင်းပါးများတွင် ပွင့်ပွင့် လင်းလင်း ဖော်ထုတ်ရေးသားထားသည်ကို တွေ့ရသည်။ ဗကပ တစ်ဦးအနေနှင့်သာဆိုပါက သူ့ အကြောင်းမှာ များစွာ စိတ်ဝင်စားဖွယ် မရှိပေ။ သခင်သန်းထွန်းသည် ၁၉၆၇ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က “ဗမာပြည် ကွန်မြူနစ်ပါတီ သမိုင်းဝင် အောင်ပွဲနေ့”အဖြစ် သတ်မှတ်ကာ ရဲဘော်ဘတင် (ဂိုရှယ်)၊ ရဲဘော်ဌေးနှင့် စာရေးသူရဲဘော်ဘခက်တို့အား ဖမ်းဆီး၍ အသတ်ခံရလုဆဲဆဲတွင် စာရေးသူသည် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုအတွေ့အကြုံနှင့်တကွ မြန်မာတစ်ပြည်လုံးကို မီးတင်ရှို့ခဲ့သည့် သခင် သန်းထွန်းနှင့် ရောင်းရင်းကွန်မြူနစ်အပေါင်းအသင်းများအကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်းကို ဤစာအုပ်မှတဆင့် အသေးစိတ် သိရှိရမည်ဖြစ်သည်။


စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

စာအုပ်အမည်           -  ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်
စာရေးသူအမည်        -  နေဘုန်းလတ်
စာပေအမျိုးအစား      - ၀တ္ထုတို
စာမျက်နှာ               - ၁၅၈မျက်နှာ
ထုတ်ဝေသည့်ခုနှစ်    - သြဂုတ်လ၊ ၂၀၁၂
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက်             - မြို့စားကြီးစာပေတိုက်
စာအုပ်တန်ဖိုး           - ၁၅၀၀ ကျပ်

စာညွှန်း                  - မြန်မာဘလော့ဂ်ဂါများထဲတွင် နေဘုန်းလတ်သည် နိုင်းနိုင်းစနေပြီးနောက် စာအုပ် အဖြစ် ဒုတိယမြောက်ပုံနှိပ်ထုတ်ဝေခဲ့သူဖြစ်သည်။ ဤစာအုပ်တွင် စာရေးဆရာသည် သူ၏ ဘလော့ဂ်ဖြစ်သော ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်(www.nayphonelatt.com)တွင် ၂၀၀၆ခုနှစ်မှ စတင်၍ ရေးသားခဲ့သော ၀တ္ထုတို၊ အက်ဆေးများနှင့် အကျဉ်းကျစဉ် ထောင်အတွင်းမှာ ရေးသားခဲ့သော စာပေလက်ရာများအနက်မှ (၁၆)ပုဒ်ကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့်သူ၏ စာအုပ်ကို သူ၏ဘလော့ဂ်အမည်ပင် ပေးခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်တစ်ခုအဖြစ် သူ၏ဘလော့ဂ်တွင် လာရောက် ဖတ်ရှုသွားသူတို့၏ မှတ်ချက်များကိုပါ တစ်ပုဒ်ချင်းစီ၏နောက်တွင် ထည့်သွင်းဖော်ပြထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Friday, August 3, 2012

ပြည်သူ့နီတိ-၁

စာအုပ်အမည် = ပြည်သူ့နီတိ-၁
စာရေးသူအမည် = ဆရာကျော်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၆၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မဖေါ်ပြထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = ကဝိမိတ်ဆွေ စာပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၅၀-ပြား

စာညွှန်း = ၁-တန်း၊ ၂-တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ပြည်သူ့နီတိ-၂

စာအုပ်အမည် = ပြည်သူ့နီတိ-၂
စာရေးသူအမည် = ဆရာကျော်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၁၂၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မဖေါ်ပြထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = ကဝိမိတ်ဆွေ စာပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၁-ကျပ်၊ ၅၀-ပြား

စာညွှန်း = ၃-တန်း၊ ၄-တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ပြည်သူ့နီတိ (အလယ်တန်း)

စာအုပ်အမည် = ပြည်သူ့နီတိ (အလယ်တန်း)
စာရေးသူအမည် = ကျောင်းဆရာကြီး ဦးအုန်းမောင်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၁၉၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၅၅-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
စာအုပ်တန်ဖိုး = ဖော်ပြမထားပါ။

စာညွှန်း = အလယ်တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

Thursday, August 2, 2012

ပြည်သူ့နီတိ (အထက်တန်း)

စာအုပ်အမည် = ပြည်သူ့နီတိ (အထက်တန်း)(ပ+ဒု)
စာရေးသူအမည် = ကျောင်းဆရာကြီး ဦးအုန်းမောင်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = (ပ)= ၁၄၄ မျက်နှာ၊ (ဒု)= ၂၀၄ မျက်နှာ၊
ထုတ်ဝေသည့်ခုနှစ် = ၁၉၅၃-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
စာအုပ်တန်ဖိုး = ဖော်ပြမထားပါ။

စာညွှန်း = အထက်တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။ * ဒီစာအုပ်က ယနေ့ခေတ်နှင့် ကိုက်ညီမှုတွေ ရှိနေပါသေးသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်