Pages

Wednesday, January 16, 2013

မြန်မာမင်းလက်ထက်တော် စာတမ်းများ

စာအုပ်အမည်=မြန်မာမင်းလက်ထက်တော် စာတမ်းများ
စာရေးဆရာ=ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)
စာအုပ်အမျိုးအစား=သမိုင်းစာပေ
စာမျက်နှာ=၈၅
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၁၉၆၇-ခုနှစ်၊ စက်တင်ဘာ (၁)ရက်
စာအုပ်ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ်
စာပေတိုက်=ပုဂံစာအုပ်တိုက်
စာအုပ်တန်ဖိုး=ရေးမထားပါ
စာအုပ်အညွှန်းတင်သူ = ရှမ်းရိုးမ

ဗုဒ္ဓရောင်ခြည်တော်နှင့်ပုဂံမြို့

စာအုပ်အမည်=ဗုဒ္ဓရောင်ခြည်တော်နှင့်ပုဂံမြို့
စာရေးဆရာ=ရွှေစကြာဦးစိုးမြင့်
စာအုပ်အမျိုးအစား=မင်းဆက်သမိုင်း
စာမျက်နှာ=၁၃၄
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၁၉၈၃-ခုနှစ်၊ ဧပြီလ
စာအုပ်ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ်
စာပေတိုက်=စပယ်ဦးစာပေ
စာအုပ်တန်ဖိုး=၁၀ ကျပ်
စာအုပ်အညွှန်းတင်သူ = ရှမ်းရိုးမ

ဘာသာပြန်စာပေစာတမ်းများ (ဒုတိယတွဲ)

စာအုပ်အမည်=ဘာသာပြန်စာပေစာတမ်းများ(ဒုတိယတွဲ)
စာရေးဆရာ=နတ်နွယ်၊ လှသမိန်၊ ဒေါက်တာတင်အောင်၊ မင်းကျော်
စာအုပ်အမျိုးအစား=ဘာသာပြန်စာပေဆွေးနွေးချက်စာတမ်းများ
စာမျက်နှာ=၉၃
စာအုပ်ထုတ်ဝေသည့်ခုနှစ်=ရေးမထားပါ
စာအုပ်ထုတ်ဝေသည့်အကြိမ်=ရေးမထားပါ
စာပေတိုက်=စာပေဗိမာန်
စာအုပ်တန်ဖိုး=၄ ကျပ် ၅၀ ပြား
စာအုပ်အညွှန်းတင်သူ= ရှမ်းရိုးမ

ပန်းချီတော်ဆရာချုံ

စာအုပ်အမည်=ပန်းချီတော်ဆရာချုံ
စာရေးဆရာ=ဦးမင်းနိုင်
စာအုပ်အမျိုးအစား=အတ္ထုပ္ပတ္တိစာပေ
စာမျက်နှာ=၅၃
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၁၉၈၀-ခုနှစ်
စာအုပ်ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ်
စာပေတိုက်=စာပေဗိမာန်
စာအုပ်တန်ဖိုး=ရေးမထားပါ

စာအုပ်အညွှန်းတင်သူ = ရှမ်းရိုးမ

ဘာသာပြန်စာပေ

စာအုပ်အမည်=ဘာသာပြန်စာပေ
စာရေးဆရာ=မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဦးထင်ကြီး၊ ဦးခင်ဇော်၊ သခင်ဘသောင်း၊ ဦးတင်ဧ၊ ဇ၀န၊ ဦးဝင်းဖေ၊
မှူးတင်၊ တက်တိုး။
စာအုပ်အမျိုးအစား=ဘာသာပြန်စာပေဆွေးနွေးချက်စာတမ်းများ
စာမျက်နှာ=၁၉၂
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၁၉၇၀-ခုနှစ်
စာအုပ်ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ်
စာပေတိုက်=စာပေဗိမာန်
စာအုပ်တန်ဖိုး=ရေးမထားပါ

စာအုပ်အညွှန်းတင်သူ= ရှမ်းရိုးမ

အနုပဋိလောမရုပ်ဝါဒ

စာအုပ်အမည်=အနုပဋိလောမရုပ်ဝါဒ
စာရေးဆရာ=မြသန်းတင့်
စာအုပ်အမျိုးအစား=၀ါဒရေးရာ
စာမျက်နှာ=၁၂၂
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၁၉၆၃-ခုနှစ်၊ မေလ
စာအုပ်ထုတ်ဝေသည့်အကြိမ်=ရေးမထားပါ
စာပေတိုက်=ထွန်းလင်းစာပေ
စာအုပ်တန်ဖိုး=ရေးမထားပါ

စာအုပ်အညွှန်းတင်သူ = ရှမ်းရိုးမ

လွမ်းမောဖွယ်ကမ္ဘောဇ (သို့မဟုတ်) သံလွင်၊ ဒုဋ္ဌ၀တီ၊ ရွှေလီရုပ်ပုံလွှာ

စာအုပ်အမည်=လွမ်းမောဖွယ်ကမ္ဘောဇ (သို့မဟုတ်) သံလွင်၊ ဒုဋ္ဌ၀တီ၊ ရွှေလီရုပ်ပုံလွှာ
စာရေးဆရာ=မြသန်းတင့်
စာအုပ်အမျိုးအစား=ခရီးသွားစာပေ
စာမျက်နှာ=၂၀၇
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၂၀၀၇-ခုနှစ်၊ ဇူလိုင်လ
စာပေတိုက်=သီဟရတနာစာပေတိုက်
စာအုပ်ထုတ်ဝေသည့်အကြိမ်=ဒုတိယအကြိမ်
စာအုပ်တန်ဖိုး=၁၆၀၀ ကျပ်
စာအုပ်အညွှန်းတင်သူ = ရှမ်းရိုးမ

မြောက်ဘက်တောင်ကုန်းဒေသမှအပြန်

စာအုပ်အမည်=မြောက်ဘက်တောင်ကုန်းဒေသမှအပြန်
စာရေးဆရာ=မြသန်းတင့်
စာအုပ်အမျိုးအစား=ခရီးသွားစာပေ
စာမျက်နှာ=၂၇၅
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၂၀၀၅-ခုနှစ်၊ ဧပြီလ
စာအုပ်ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ်
စာပေတိုက်=သီဟရတနာစာပေ
စာအုပ်တန်ဖိုး=၂၀၀၀ ကျပ်

စာအုပ်အညွှန်းတင်သူ = ရှမ်းရိုးမ

မြန်မာ့ရက်စဉ်သမိုင်း(၁၉၄၅ မှ ၂၀၀၈ အထိ) ဒုတိယတွဲ

စာအုပ်အမည်=မြန်မာ့ရက်စဉ်သမိုင်း(၁၉၄၅ မှ ၂၀၀၈ အထိ) ဒုတိယတွဲ စာရေးသူအမည်=သမိုင်းသုတေသနဦးစီးဌာန

စာပေအမျိုးအစား=သမိုင်း

စာမျက်နှာ=၃၆၅

ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ် စာပေတိုက်=သမိုင်းသုတေသနဦးစီးဌာန နေပြည်တော်ပုံနှိပ်ထုတ်ဝေရေးအဖွဲ့

စာအုပ်တန်ဖိုး=၂၈၀၀ ကျပ်

ထုတ်ဝေသည့်ခုနှစ်=၂၀၀၉


မှတ်ချက်။ ebook အနေနှင့်မရှိသေးပါ။

စာအုပ်အညွှန်းတင်သူ = Shan Yoma

မြန်မာ့ဘန်းစကားများ

စာအုပ်အမည်= မြန်မာ့ဘန်းစကားများ
စာရေးသူအမည် =လှသမိန်
စာပေအမျိုးအစား = ဘာသာဗေဒ
စာမျက်နှာ = ၂၀၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ရေးမထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ရွှေဇင်ယော် ပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၃-ကျပ်

စာညွှန်း= ဘန်းစကားနှင့် ပတ်သက်သော စာအုပ်မှာ အနည်းငယ်သာ ထွက်ဘူးပါသည်။ လှသမိန်၏ မြန်မာဘန်းစကား အဓိပ္ပါယ်နှင့် သုံးနည်း စာအုပ်နှင့် အဆိုတော် မင်းမင်းလတ်ကလည်း ဘန်းစကားနှင့် ပတ်သက်သော လမ်းပေါ်မှ ဝေါဟာရများ စာအုပ် နှစ်အုပ်ထွက်ဘူးပါသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

စာဖတ်လိုသော်

စာအုပ်အမည်= စာဖတ်လိုသော်
စာရေးသူအမည် = ဦးသောင်းငွေ
စာပေအမျိုးအစား = ဘာသာပြန်
စာမျက်နှာ = ၁၅၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၈၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်၊ ရန်ကုန်
စာအုပ်တန်ဖိုး = ၃-ကျပ်၊

စာညွှန်း= စာဖတ်သမားကောင်း ဖြစ်ရေးနှင့် အသိဉာဏ် ဖွံ့ဖြိုးရေးအတွက် စာဖတ်ခြင်းလုပ်ငန်း အဆင့်ဆင့်ရှိအပ်ပုံကို ခွဲခြမ်းစိတ်ဖြာ၍ လမ်းညွှန်တင်ပြထားသော အချက်အလက်များ ပါဝင်သည်။ ၁၉၇၉-ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဘာသာပြန်စာမူ ပထမဆုရ စာအုပ်ဖြစ်သည်။ How To Read A Book (Mortimer J. Adler & Charles Doren)

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ပြည်သူ့အတွက် မြန်မာစကားပြေ

စာအုပ်အမည်= ပြည်သူ့အတွက် မြန်မာစကားပြေ
စာရေးသူအမည် = မောင်ခင်မင်(ဓနုဖြူ)
စာပေအမျိုးအစား = ဘာသာဗေဒ
စာမျက်နှာ = ၈၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၈၅
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်၊ ရန်ကုန်
စာအုပ်တန်ဖိုး = ၁-ကျပ်၊ ၇၅-ပြား

စာညွှန်း= ကျစ်လစ်သိပ်သည်းသော မြန်မာစကားပြေအရေးအသား တိုးတက်စေရန်အတွက် သာဓကများဖြင့် စိတ်ဝင်စားဖွယ် တင်ပြထားပါသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ

စာအုပ်အမည်= မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ
စာရေးသူအမည် = ဒဂုန်နတ်ရှင်
စာပေအမျိုးအစား =
စာမျက်နှာ = ၁၁၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၈၃
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်၊ ရန်ကုန်
စာအုပ်တန်ဖိုး = ၃-ကျပ်

စာညွှန်း= ရှေးဟောင်း မြန်မာ့ကိန်းသင်္ချာများ၊ ပြက္ခဒိန်နှင့်သက္ကရာဇ်တို့ အကြောင်းကို ရေးသားပြုစုထားသည်။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

ပါလီမန်မြင်ကွင်း သတင်းမှတ်စု

  • စာအုပ်အမည် - ပါလီမန်မြင်ကွင်း သတင်းမှတ်စု
  • စာရေးသူ - တက္ကသိုလ်မြတ်သူ
  • ထုတ်ဝေကာလ - ၁၉၉၀၊ ၂၀၁၂
  • ပုံနိုပ် - ပုံနိုပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
  • ထုတ်ဝေသူ - စာပေဗိမာန်
  •  တန်ဖိုး - ၁၇၀၀ ကျပ်
“ဂီဟိကမ္မ အလုပ်တွေကို လုပ်လာတဲ့ ဆရာတော်တွေဟာ တပည့်တော်ကို တပည့်လို့လည်း
မမှတ်ကြနဲ့တော့။ တပည့်တော်ကလည်း အဲဒီဆရာတော်တွေကို ဆရာတွေလို့ မမှတ်နိုင်
တော့ဘူး။ ဥပဒေကို ထိန်းသိမ်းထားရတဲ့ လူတစ်ယောက်အနေနဲ့ ဥပဒေချိုးဖောက်သူ
မှန်သမျှကို တရားဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူရလိမ့်မယ်ဆိုတာ
တပည့်တော် အတိအလင်း ကြေညာပါတယ်။”

“ကျောင်းသူ၊ ကျောင်းသားတွေဟာ လူမသမာတစ်စုရဲ့ ဖြားယောင်းသွေးဆောင်မှုကို လက်ခံ
မိလို့ဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ်လုပ်ချင်လို့ပဲဖြစ်ဖြစ် ဘောင်အပြင်ဘက်ကိုထွက်ပြီး ဥပဒေ
လက်လွတ်၊ တရားလက်လွတ် ရမ်းရမ်းကားကား လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့
အနေနဲ့ ရှေ့အဖို့ လက်ပိုက်ကြည့်မနေတော့ဘူး။ တရားဥပဒေအရ တိတိကျကျ ပြတ်ပြတ်
သားသား ဆောင်ရွက်ရလိမ့်မယ်ဆိုတာ ကျွန်တော် အတိအလင်း ကြေညာလိုက်ပါတယ်။”

(၂၁၊ ၂၊ ၁၉၆၁ နိုင်ငံတော်ဝန်ကြီးချုပ်ဦး
နု၏ အသံလွှင့်မိန့်ခွန်း)
----------

ပါလီမန်အတွင်းဝန် သခင်ချစ်မောင်။ ။ သေနင်္ဂဗျူဟာအရသော်လည်းကောင်း၊
နည်းပရိယာယ်အရသော် လည်းကောင်း ကျွန်တော်တို့မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နိုင်ငံရေးတိုက်ပွဲလို့ပဲ ယူဆပါတယ်။ အဲသည် ဘန်ကောက်ဆွေးနွေးပွဲကို သွားတက်တော့
ကျွန်တော်မှတ်မိပါသေးတယ်။ အရင်ပြီးခဲ့တဲ့လွှတ်တော်မှာ အတိုက်ခံအမတ်မင်းတွေက
ဘာပြောသလဲဆိုတော့ သခင်စိုးကြီးသင်ထားတဲ့ အင်မတန်ညစ်ညမ်းတဲ့ စကားလုံးနှင့်
အမေရိကန်ကို ဥက္ကဋ္ဌတင်ပြီး ဘန်ကောက်ဆွေးနွေးပွဲသွားတာကို ပြည့်တန်ဆာ နိုမ်နင်းရေး
အတွက်ကို ဖာခေါင်းကို ဥက္ကဋ္ဌတင်ရသလားလို့ ပြောတယ်။ ကျွန်တော်တို့ ရှုံးသလား၊
မရှုံးပါဘူး၊ မြတ်တယ်။

ပါလီမန်အတွင်းဝန် သခင်သန်း။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ယခုအမတ်မင်းဟာ အဆိုကို
ပြောနေတာလား၊ နိုင်ငံရေးရာဇဝင်ကို ပြောနေတာပါလား။
----------

ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ဥက္ကဋ္ဌကြီးခင်ဗျား၊ ယနေ့နံနက်က ဗိုလ်ချုပ်ကြီးနေဝင်း
ဝန်ကြီးချုပ်အဖြစ်နှင့် မိန့်ကြားသွားတဲ့ မိန့်ခွန်းကို မဝေဖန်ခင် ကျွန်တော်အမတ်များကို
တောင်းပန်လိုပါတယ်။ ကြောက်လို့တော့ မဟုတ်ဘူး။

သခင်ဘသက် (ဘိုကလေးတောင်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... မကြောက်လျှင်
မတောင်းပန်ပါနှင့်။

ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... အချိန်ကလည်း နည်းတဲ့အတွက်
သိပ်ပြီးတော့ ကြားဖြတ်မပြောဘို့ တောင်းပန်ချင်ပါတယ်။ .....။

သခင်သာခင် (မိုးကုတ်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ရန်မစလျှင်တော့ ကြားမထိုးပါဘူး။

ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ၁၉၄၈-၄၉ ခုနှစ်နှင့် ယနေ့တူတဲ့အခက်က ဘာတူသလဲ
ဆိုလျှင် ကျွန်တော်တို့ နိုင်ငံရေးသမားတွေနှင့် နိုင်ငံရေးရဲ့ ဂယက်အရိုက်ခံရတဲ့ တပ်မတော်
ထဲမှာရှိနေတဲ့ အရာရှိအချို့မှာ (Hysteria) ခေါ်တဲ့ အယူသီးမှုနှင့်အယူသီးပြီး ကမူးရှူးထိုးမှု
ဖြစ်ပါတယ်။ ၁၉၄၈-၄၉ ခုနှစ်မှာ ကွန်မြူနစ် အယူသီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်လို
ပန်းရောင်ကွန်မြူနစ်တွေတောင
် တော်တော်အယူသီးခဲ့ပါတယ်။ သည်နေ့ကျတော့ ဘယ်လို
အယူပျံ့နှံ့နေသလဲဆိုလျှင် ကွန်မြူနစ်ဆန့်ကျင်ရေး (Anti Communist Hysteria) တွေ
ဖြစ်ပါတယ်။ သည် Hysteria ကြောင့် အင်မတန်ကောင်းတဲ့ အဖြစ်အပျက်တွေလည်း
ဖြစ်နေပါတယ်။ ဒါကို ကျွန်တော် ရှင်းပါရစေ။ .....။

ဦးလှအောင် (ဝေါ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... အမတ်မင်း ဦးသိန်းဖေမြင့်ဟာ နိုင်ငံတော်
ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို ဝေဖန်နေတာလား၊ ကျွန်တော်တို့ကို သင်တန်းပေးနေတာလားလို့
မေးချင်ပါတယ်။

ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... ဝေဖန်မြဲ ဝေဖန်နေပါတယ်။ .....။

ဦးဇန်ထားဆင် (မြစ်ကြီးနားအရှေ့ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... ဥက္ကဋ္ဌကြီး သတ်မှတ်
ပေးတဲ့ အချိန်ဟာ လူတစ်ယောက်ကို ၉ မိနစ်နှင့် ၁၀ စက္ကန့် ဖြစ်ပါတယ်။ ယခု ဦးသိန်းဖေမြင့်
ပြောနေတာ မိနစ် ၂၀ လောက် ရှိပါပြီ။ .....။

ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲသည်တော့ ကွန်မြူနစ် ဆန့်ကျင်ရေး
ရှုထောင့်နှင့်သာ အများအားဖြင့် ဆုံးဖြတ်တဲ့အခါမှာ ဘယ်အခါမဆို ကွန်မြူနစ်နှင့်
မပေါင်းနိုင်ဘူး၊ ကွန်မြူနစ်နှင့် နီးတဲ့လူနှင့် မပေါင်းနိုင်ဘူး၊ အဲသည်လိုဖြစ်တယ်။ သည်လို
ဖြစ်လာတော့ တစ်မျိုးသားလုံးညီညွတ်ရေးမှ
ာ ဘယ်နည်းနှင့်မျှ သူတို့ကို မယုံကြည်နိုင်ဘူး
ဖြစ်နေပါတယ်။

ဗိုလ်ခင်မောင်ကလေး (မန္တလေးမြောက်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ တစ်မျိုးသားလုံး
ညီညွတ်ရေးဆိုတာ ဘယ်ကမ္ဘာ ဘယ်တိုင်းပြည်မှာ ရဖူးပါသလဲ။
----------

သခင်ချစ်မောင် (သာယာဝတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဒါက Constitutional Crisis
ဖြစ်နေတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံကို ဝေဖန်တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့
ဗမာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ ပြဿနာဟာ ပါလီမန်ဒီမိုကရေစီရဲ့ ဘောင်ချဲ့
လာလေလေ ပြည်တွင်းစစ်ရဲ့ဘောင်ဟာ ကျဉ်းသွားရမှာက မုချဖြစ်ပါတယ်။ .....။

တည်မြဲနှင့်သန့်ရှင်းဆိုပြီ
း ပါလီမန်လွှတ်တော်မှာ အာဏာလုပွဲ ဆင်နွှဲခဲ့ကြပါတယ်။ သည်လို
အချိန်အခါမှာ ပမညတဟာ ဟိုဘက်မပါ သည်ဘက်မလိုက်ပဲ ကြားနေလို့မရကောင်းပါဘူး၊
ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာအတိုင်း မိမိတို့ယုံကြည်ရာဘက်ကို မဲပေးရပါတယ်။

သခင်ဘသက် (ဘိုကလေးတောင်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပွင့်ပွင့်လင်းလင်းပြောပါ၊
ကျွန်တော်တို့ ဝင်ပေါင်းလိုက်တယ်လို့ ပြောပါ။

သခင်ချစ်မောင် (သာယာဝတီ)။ ။ .....။ ပမညတအဖွဲ့ဟာ လူမှုရေးထက် မူရေးကို အဓိက
ထားခဲ့ပါတယ်။ လူမှုရေးကိုသာ အဓိကထားမည်ဆိုလျှင် ကျွန်တော်တစ်ယောက်အနေနှင့်
မှန်တဲ့အတိုင်း ပြောရလျှင် ဦးဗဆွေကို မဲပေးခဲ့ပြီးသားပါ၊ သို့သော်လည်း ဒါဟာ မဖြစ်နိုင်ပါဘူး၊
မူကိုပဲ အဓိကထားရပါတယ်။

ဦးထွန်းအောင် (ဒိုက်ဦး)။ ။ ဟိုအခါတုန်းက ဦးနုကို မဲပေးခဲ့ပါတယ်။

သခင်ချစ်မောင် (ကြံခင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ မူကိုသတ်မှတ်ပြီး မဲပေးတဲ့အတွက်
ဖဆပလ နှစ်ခြမ်း ကွဲတယ်ဆိုတာ သတိပြုပါ။

ဦးထွန်းအောင် (ဒိုက်ဦး)။ ဖဆပလ ၂ ခြမ်းကွဲတာဟာ ပမညတ မြှောက်ပေးလို့ ကွဲတာပါ။

ဗိုလ်ဘအောင် (ပဲခူးမြောက်ပိုင်း)။ ။ ဝေစုမတည့်လို့ ကွဲတာပါ။

ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖဆပလ ၂ ခြမ်းကွဲတာဟာ ပမညတ
မြှောက်ပေးလို့ဆိုရင် ဖဆပလဟာ သနားစရာပါပဲ (ရယ်သံများ)။

ဦးထွန်းအောင် (ဒိုက်ဦး)။ ။ ဦးသိန်းဖေမြင့် လက်ရာအများကြီး ပါပါတယ်လို့ ထင်ပါတယ်။

သခင်ချစ်မောင် (သာယာဝတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ သည်တော့ စဉ်းစားစရာဖြစ်ပါတယ်။
ကျွန်တော် ယခုတွင်က အစီရင်ခံတဲ့အတိုင်း ဗိုလ်ချုပ်ကြီးနေဝင်းဟာ စစ်သည်တော်
တစ်သိန်းကျော်နှင့် လက်နက်ကိုင် အင်အားစုများအပေါ်မှာ သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီးပါ၊
ဤပါလီမန်လွှတ်တော်က ကျွန်တော့်ကို လိုလားသေးလျှင်ဆိုရင် လိုလားပြန်လည်း အကျပ်၊
မလိုလားပြန်လျှင်လည်း အကျပ်နှင့် အများကြီးဒုက္ခပေးတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။

ဗိုလ်ခင်မောင်ကလေး (မန္တလေးမြောက်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပမညတတွေ
သတ္တိရှိတယ်ဆိုလျှင် ရှင်းရှင်းပြောပါ။ ကျပ်တယ် မကျပ်ဘူးဆိုတာ ပြောစရာ မလိုပါဘူး။

သခင်ချစ်မောင် (သာယာဝတီ)။ ။ .....။ တိုင်းပြည်ရဲ့ အကျိုးစီးပွားအနေနှင့် ကြည့်မည်
ဆိုလျှင် ပါလီမန် ဒီမိုကရေစီ နည်းနှင့်မှတစ်ပါး အခုအခြေအနေမှာ အခြားနည်းနှင့်
ဘယ်ပြဿနာကိုမျှ ဖြေရှင်းလို့ မရနိုင်ပါဘူး၊ သန့်ရှင်းဖဆပလနှင့် ပမညတတို့ဟာ
ရွေးကောက်ပွဲကို ဝင်ခဲ့ရပါတယ်။ သည်အဖွဲ့တွေသာလျှင် ရွေးကောက်ပွဲဝင်ရဲတဲ့ အဖွဲ့များ
ရှိပါတယ်လို့ ကျွန်တော် ရိုးရိုးသားသား မြင်ပါတယ်။

သခင်စံမြင့် (သနပ်ပင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပမညတက ခွဲထွက်သွားတဲ့ တရားမျှတ
ကိုရော ထည့်ပြောပါဦး။

သခင်ဘသက် (ဘိုကကလေးတောင်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပြိုင်ရဲပါတယ်
မကြောက်ပါဘူး၊ လိမ်မပြောပါနဲ့။

သခင်ချစ်မောင် (သာယာဝတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ သည်လိုအခြေအနေမျိုးကို
ကြောက်လန့်တဲ့အတွက်၊ စိုးရိမ်တဲ့အတွက် သည်နေ့ ပါလီမန်ဒီမိုကရေစီကို ပါလီမန်လွှတ်တော်
ထဲမှာသော်လည်းကောင်း၊ ပြည်သူလူထု အပေါ်မှာသော်လည်းကောင်း ပြန်လည်ရုပ်သိမ်း
ရော့သလားဆိုတာ သည်နေ့ ကျယ်ကျယ်မေးပြီး တိုးတိုးဖြေနေတဲ့ ပုစ္ဆာရဲ့အဖြေ
ဖြစ်နိုင်ကောင်းရဲ့လို့ ကျွန်တော် သေသေချာချာ ယုံကြည်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲသည့်
နောက်ကွယ်မှာ ...

ဗိုလ်ခင်မောင် (ညောင်လေးပင်အနောက်ပိုင်း)။
။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျယ်ကျယ်မေးပြီး
တိုးတိုးဖြေတယ် ဆိုတာ အဓိပ္ပါယ်နားမလည်ပါဘူး၊ ကျေးဇူးပြုပြီး ရှင်းပြပါ။

ဦးတင်မောင် (ညောင်လေးပင်အရှေ့ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်ဖြေပါမည်၊
ကျယ်ကျယ်မေးပြီး တိုးတိုးဖြေတယ်ဆိုတာ ပါလီမန်ဒီမိုကရေစီကို မသုံးဘဲ သေနတ်ကြီး
ကိုင်ပြီး ပြိုင်ရဲတဲ့လူကို ပြောတာပါ။

သခင်ဗသိန်း (အမရပူရ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ သူပုန်မကုန်ခင် ရွေးကောက်ပွဲလုပ်တာ
ကြိုက်တယ် မဟုတ်လား။


  • စာညွှန်းတင်သူ -Maung Thant

ကျွန်မတို့ မန္တလေးက မန္တလေးတောင်

  • စာအုပ်အမည် = ကျွန်မတို့ မန္တလေးက  မန္တလေးတောင်
  • ရေးသားသူ = လူထုဒေါ်အမာ
  • စာအုပ်အမျိုးအစား = သုတဆောင်းပါး
  • စာမျက်နှာ =  ၈၈ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၁၉၉၉-ခု၊ နိုဝင်ဘာလ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ၁၀၀၀-ကျပ်
  • စာပေတိုက် = လူထုစာအုပ်တိုက်
ဓန မဂ္ဂဇင်းများထဲတွင် ရေးသားထားသော မန္တလေးတောင်ဆောင်းပါးများကို စုပေါင်းပြီး စာအုပ်ရိုက်ထားခြင်း ဖြစ်ပါသည်။ မန္တလေးတောင်အကြောင်းကို ရေးရင် ရသေ့ကြီး ဦးခန္တီနဲ့ မြွေကြီးနှစ်ကောင်အကြောင်းကတော့ မပါမဖြစ်ပါ။ လူထုဒေါ်အမာ၏ အရေးအသားများကို ကြိုက်သူအတွက်ကတော့ ဝယ်သင့်သော စာအုပ်ပါ။

  • စာညွှန်းတင်သူ - မြတ်သွင်