မင်္ဂင်္လာပါ ခင်ဗျာ မြန်မာစာအုပ်အညွှန်းကို စတင်ပြုလုပ်ခဲ့သူက ကိုညီလင်းဆက် ဖြစ်ပါတယ်။ အရင် Ning တွေ ခေတ်စားတုန်းက Ning နဲ့ ပြုလုပ်ခဲ့ဖူးပေမယ့် အဲ့ဒိ service က ပိုက်ဆံတောင်းတဲ့အခါ စာအညွှန်းဆိုက်လဲ ရပ်တန့်သွားခဲ့ပါတယ်။ အခုလဲ Facebook မှာ Myanmar Books Catalogကို အားလုံးအတူတကွ မျှဝေနိုင်အောင်လဲ လုပ်ထားပါတယ်။ Facebook က အချက်အလက်တွေကို ဒီဘလော့လေးမှာ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ စာအုပ်အညွှန်း ဝိုင်းရေးပေးကြတဲ့ သူများအနေနဲ့ မိမိ ကိုယ်ပိုင်စာအုပ်များ အကြောင်းကို စာအုပ်အမည်၊ စာရေးသူအမည်၊ စာပေအမျိုးအစား၊ ထုတ်ဝေသည့်ခုနှစ်၊ ထုတ်ဝေသည့်အကြိမ်၊ စာပေတိုက်၊ စာညွှန်း စတာတွေကို စာအုပ်မျက်နှာဖုံး ပုံနှင့်တကွ တင်ပေးနိုင်ပါတယ်။ စာအုပ်ချစ်သူတွေ အချင်းချင်း အချက်အလက်တွေ ဝေမျှကြမယ့် အစီစဉ်လေး တစ်ခုပေါ့ဗျာ။ စာအုပ်အညွှန်းသက်သက် ဖြစ်တဲ့အတွက် စာအုပ်ဒေါင်းလုပ်ဆွဲစရာ လင့်ခ်တော့ ထည့်သွင်းပေးမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်အညွှန်းဖတ်ပြီး အွန်လိုင်းမှာ ဖြစ်ဖြစ် ၊ အပြင်မှာဖြစ်ဖြစ် ရှာဖွေ ဖတ်ရှု လို့ရတာပေါ့။