Showing posts with label စ. Show all posts
Showing posts with label စ. Show all posts
Wednesday, January 16, 2013
ဘာသာပြန်စာပေစာတမ်းများ (ဒုတိယတွဲ)
စာအုပ်အမည်=ဘာသာပြန်စာပေစာတမ်းများ(ဒုတိယတွဲ)
စာရေးဆရာ=နတ်နွယ်၊ လှသမိန်၊ ဒေါက်တာတင်အောင်၊ မင်းကျော်
စာအုပ်အမျိုးအစား=ဘာသာပြန်စာပေဆွေးနွေးချက်စာတမ်းများ
စာမျက်နှာ=၉၃
စာအုပ်ထုတ်ဝေသည့်ခုနှစ်=ရေးမထားပါ
စာအုပ်ထုတ်ဝေသည့်အကြိမ်=ရေးမထားပါ
စာပေတိုက်=စာပေဗိမာန်
စာအုပ်တန်ဖိုး=၄ ကျပ် ၅၀ ပြား
စာအုပ်အညွှန်းတင်သူ= ရှမ်းရိုးမ

ဘာသာပြန်စာပေ
စာအုပ်အမည်=ဘာသာပြန်စာပေ
စာရေးဆရာ=မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဦးထင်ကြီး၊ ဦးခင်ဇော်၊ သခင်ဘသောင်း၊ ဦးတင်ဧ၊ ဇ၀န၊ ဦးဝင်းဖေ၊
မှူးတင်၊ တက်တိုး။
စာအုပ်အမျိုးအစား=ဘာသာပြန်စာပေဆွေးနွေးချက်စာတမ်းများ
စာမျက်နှာ=၁၉၂
စာအုပ်ထုတ်ဝေသည့်ခုနှစ်=၁၉၇၀-ခုနှစ်
စာအုပ်ထုတ်ဝေသည့်အကြိမ်=ပထမအကြိမ်
စာပေတိုက်=စာပေဗိမာန်
စာအုပ်တန်ဖိုး=ရေးမထားပါ

Tuesday, July 31, 2012
စာနယ်ဇင်းသမားတစ်ယောက်ဖြစ်ဖို့
စာအုပ်အမည် - စာနယ်ဇင်းသမားတစ်ယောက်ဖြစ်ဖို့
စာရေးသူအမည် - မောင်စိုးသစ်
စာပေအမျိုးအစား - ဘာသာပြန်
စာမျက်နှာ - ၁၁၁မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - စက်တင်ဘာလ၊ ၂၀၀၃။
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ဒီရေဦးစာပေတိုက်
စာအုပ်တန်ဖိုး - ၅၀၀ ကျပ်
စာညွှန်း - ဤစာအုပ်ကို စာရေးဆရာ မောင်စိုးသစ်မှ ၁၉၆၅ ခုနှစ်တွင် ထုတ်ဝေသော M. L. Stein ၏ How to be a Journalist စာအုပ်အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် စာနယ်ဇင်းများ၏ အရေးပါမှု၊ စာနယ်ဇင်းပညာ၏ သဘောသဘာဝ၊ အယ်ဒီတာနှင့် ထုတ်ဝေသူများ၏ အတွေးအမြင်၊ သတင်းသမားများ၏ ယုံကြည်မှုများကို ဖော်ပြထားပါသည်။ စာနယ်ဇင်းသမားတစ်ယောက်သည် ဒီမိုကရေစီ စနစ်တစ်ခု၏ အရေးပါဆုံးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သော ကမ္ဘာလောကကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြောပြနိုင်စွမ်း ရှိသည်ဟု နိဒါန်းချီထားပြီး စာနယ်ဇင်းလောကသို့ ၀င်ရောက်လိုသူတိုင်း ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Monday, July 9, 2012
၂၁ ရာစု ပုဂံစာတမ်းများ
စာအုပ်အမည် = ၂၁ ရာစု ပုဂံစာတမ်းများ
စာရေးသူအမည် =စာရေးဆရာစုံ
စာပေအမျိုးအစား= အကြောင်းအရာစုံ
စာမျက်နှာ =၃၄၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်= ၂၀၀၆
စာပေတိုက် = ပုဂံစာအုပ်တိုက်
စာညွန်း =ဤစာအုပ်တွင် သမိုင်းဆိုင်ရာအကြောင်းအရာများ ၊ အတွေးအခေါ်ဆိုင်ရာအကြောင်းအရာများ ၊ စာပန်းခြင်း ၊ ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများကို စာရေးဆရာများ ၊ဆရာမများတို့မှာစုပေါင်းရေးသားထားသည့် အက်ဆေးများ၊ဆောင်းပါးများ ကို စုစည်းတင်ပြထားသည့်စာအုပ်ဖြစ်သည့် ။
စာအုပ်အညွှန်းတင်သူ = Khing Soe Aung (မောင်သာဂိ)
Thursday, July 5, 2012
ရှက်စိတ်
စာအုပ်အမည် - ရှက်စိတ်
စာရေးသူအမည် - လူထုစိန်ဝင်း
စာပေအမျိုးအစား - ဆောင်းပါး
စာမျက်နှာ - ၁၉၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဒီဇင်ဘာလ၊ ၁၉၉၈
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ယနေ့မန္တလေး စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၈၀၀ ကျပ်
စာညွှန်း - ဤစာအုပ်တွင် ရှက်စိတ်အပါအ၀င် ကျင့်ဝတ်ဆိုင်ရာ ဆောင်းပါး (၁၅)ပုဒ်ကိုစုစည်းဖော်ပြထားပြီး ယနေ့ခေတ်လူငယ်တိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)
အခြေပြသတင်းစာပညာ
စာအုပ်အမည် - အခြေပြသတင်းစာပညာ
စာရေးသူအမည် - ဂါးဒီးယန်းဦးစိန်ဝင်း
စာပေအမျိုးအစား - ပညာရေး
စာမျက်နှာ - ၈၈မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဧပြီလ၊ ၂၀၀၅
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - တူဒေးစာပေတိုက်
စာအုပ်တန်ဖိုး - ၅၀၀ကျပ်
စာညွှန်း - ဤစာအုပ်သည် သတင်းသမားတို့လိုအပ်သော အခြေခံအရည်အသွေးများ၊ လိုက်နာစောင့်ထိန်းကျင့်သုံးအပ်သော ကျင့်ဝတ်များကို ဖော်ပြထားပြီး သတင်းသမားဖြစ်ချင်သူများသာမက လက်ရှိသတင်းလောကအတွင်း အခြေချဝင်ရောက်ထားပြီးဖြစ်သော သတင်းသမားများအတွက်ပါ အသုံးဝင်လှသောစာအုပ်တစ်အုပ်ဖြစ်ပါသည်။

သခင်များနှင့်အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)
စာအုပ်အမည် - သခင်များနှင့်အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)
စာရေးသူအမည် - တက္ကသိုလ်စိန်တင်
စာပေအမျိုးအစား - သမိုင်းအထုပ္ပတ္တိ
စာမျက်နှာ - ၄၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - အောက်တိုဘာလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ညောင်ရမ်းစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၄၅၀၀ ကျပ်
စာညွှန်း - ဤစာအုပ်သည်မြန်မာ့သမိုင်းတွင် အထင်ကရနိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် တို့ဗမာအစည်းအရုံးဝင် သခင်များ၏ မြန့်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ၄င်းသခင်တို့၏ အခန်းဂဏ္ဍကို ဖော်ပြထားသော နိုင်ငံရေး သမိုင်းအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ဖြစ်ပါသည်။ တို့ဗမာ အစည်းအရုံးတွင် ဦးဆောင်ပါဝင်ခဲ့သော ခေါင်းဆောင်သခင်များ၏ နိုင်ငံရေးဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးဆောင်ရွက်ချက်များ၊ နိုင်ငံရေးလုပ်ထုံးလုပ်နည်းများ၊ လူထုအားကောင်းစွာဆွဲငင်နိုင်သော ကြွေးကြော်သံများ၊ ၀ါဒဖြန့်ချီရေးစနစ်သစ်များ၊ ဂီတစွမ်းအားကို နိုင်ငံရေးတွင် အသုံးချပုံနည်းသစ်များကို သီးခြားမော်ကွန်းတင်၍ ရေးဖွဲ့ထားပါသည်။ ထို့အပြင်ရှားပါးဓာတ်ပုံများကိုလည်း ဝေေ၀ဆာဆာထည့်သွင်းထားပါသည်။ မျိုးဆက်သစ်လူငယ်များ နိုင်ငံရေးဆောင်ရွက်မည်ဆိုပါက လေ့လာအတုယူစရာ အထုပ္ပတ္တိသမိုင်းကျမ်းကြီးပင်ဖြစ်ပါသည်။
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)
Saturday, June 30, 2012
၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ (ဒုတိယအုပ်)
၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀
Subscribe to:
Posts (Atom)