Pages

Showing posts with label wa. Show all posts
Showing posts with label wa. Show all posts

Wednesday, September 26, 2012

ဝီကီလိခ်အတွင်းရေး

  • စာအုပ်အမည် = ၀ီကီလိခ်အတွင်းရေး
  • ရေးသားသူ = တင်စိန် (ပထ၀ီဝင်)
  • စာအုပ်အမျိုးအစား = ဘာသာပြန် 
  • စာမျက်နှာ =   မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် =
  • ထုတ်ဝေသည့် အကြိမ် =  အကြိမ်
  • တန်ဖိုး = ၃၅၀၀ ကျပ်
  • စာပေတိုက် = Book House  
ဂျူလီယန်အဆန့်ဂ်ျရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ Daniel Domscheit-Berg က ရေးထားတာလို့ဆိုပါတယ် ။ Wiki Leaks က တစ်ယောက် လည်းဖြစ်ပါတယ် ။ inside Wikileaks ဆိုတဲ့စာအုပ်ကို တင်စိန် (ပထ၀ီဝင်) ဘာသာပြန်ထားခြင်းဖြစ်ပါတယ် ။
မာတိကာ
စကားဦး
အခန်း ၁ - ဆုံမိခဲ့ပုံက
အခန်း ၂ - ဒေးဗစ်နှင့် ၀င်္ကဘာ
အခန်း ၃ - ဆိုင်ယင်တိုလော်ဂျီလက်စွဲစာအုပ်များ
အခန်း ၄ - မီဒီယာနှင့် ဆက်ဆံခြင်း
အခန်း ၅ - ဂျူလီယံအဆန့်ဂ်ျ
အခန်း  ၆ - ၀ီကီလိခ်ရဲ့ငွေကြေးထောက်ပံ့မှု
အခန်း ၇ - ကျွန်တော် နေ့ပိုင်း အလုပ်မှ နှုတ်ထွက်လိုက်ခြင်း
အခန်း ၈ - ဆင်ဆာဖြတ်တောက်မှုအား အခြေအတင် ဆွေးနွေးပွဲ
အခန်း ၉ - အိုက်စလန်မှ သူရဲကောင်းများ
အခန်း ၁၀ - အင်တာနက်နှင့် အဆက်ပြတ်ခြင်း
အခန်း ၁၁ - မီဒီယာများအတွက် လွတ်လပ်မှုကောင်းကင်ဘုံ
အခန်း ၁၂ - ဘာလင်သို့ အပြန်ခရီး
အခန်း ၁၃ - အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှု
အခန်း ၁၄ - တပ်သား ဘရက်လီမန်းနင်း၏ စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြှုံ
အခန်း ၁၅ - အာဖဂန် စစ်ပွဲ ဒိုင်ယာရီ နှင့် မရဏခလုတ်
အခန်း ၁၆ - ဆွီဒင်တွင် စွပ်စွဲခံရခြင်း
အခန်း ၁၇ - ကျွန်တော် ရာထူးချခံရမှု
အခန်း ၁၈ - ၀ီကီလိခ်မှ နှုတ်ထွက်ခြင်း
အခန်း ၁၉ - အီရတ်သတင်း ပေါက်ကြားမှု
အခန်း ၂၀- ကေဘယ်လ်ဂိတ်အရေးအခင်း
အခန်း ၂၁ - Open Leaks ရဲ့ အလားအလာ

  • စာညွှန်းတင်သူ - မြတ်သွင်

Friday, August 24, 2012

ဝတ္ထုတိုပေါင်းချုပ် ၁၉၇၆-၂၀၀၅

  • စာအုပ် အမည် - ဝတ္ထုတိုပေါင်းချုပ် ၁၉၇၆ - ၂၀၀၅
  • ရေးသားသူ - မင်းလူ
  • စာမျက်နှာ - ၄၁၁
  • ထုတ်ဝေသည့် ခုနှစ် - နိုဝင်ဘာ ၂၀၁၁-ခုနှစ်
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • တန်ဖိုး - ၅၀၀၀ ကျပ်

ဆရာမင်းလူနှင့် ပတ်သက်ပြီး အထူးညွှန်းစရာမလိုဟု ဆိုရမည်ဖြစ်သည်။ ဆရာ၏ ဝတ္ထုတိုများသည် အသွင်ဆန်း၊ အမြင်ဆန်းနှင့် ဖတ်ရသည်မှာ အများနှင့်မတူသော ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့သော အများနှင့် မတူသည့် ခံစားချက်ကို ဖန်တီးနိုင်စွမ်း ရှိသည့်အတွက် ဘယ်အချိန်ဖတ်ဖတ် မရိုးနိုင်သော သဘောဆောင် နေပေသည်။

ဟိုယခင်က ဆရာ့ဝတ္ထုများကို ဆန့်တငန့်ငန့်သာ ဖတ်ရသည်၊ အတိုလေးများစု စာလုံးအကြီးကြီးသုံး စာအုပ်ကို အတင်းချဲ့ထားသော ပုံစံမျိုး ဖြစ်နေသဖြင့် ဖတ်ရတာ အားမရ ( ဆရာ့ ဝတ္ထုများတွင်တော့ ထိုကဲ့သို့သော ဝတ္ထုပုံစံ ရှားပါသည်။ ) အခုတော့ အားလုံး စုပြီး ထုတ်ပေးလိုက်ပြီ အားရပါးရ ဖတ်ရပေတော့မည်။ ဆရာ ဝတ္ထုများထဲမှ အများမတူ တစ်မူထူးသော အရေးအသားတစ်ခုကို ကောက်နှုတ် ဖော်ပြရမည်ဆိုလျှင်

”လောကကြီးတွင် အစစ်အမှန်တရားဟူသည် ရှိသလော။ မည်ကဲ့သို့သော အရာပေနည်းဟု တွေးခေါ်ရှင်တို့ ကြံဆခဲ့သည်။ အစစ်အမှန်တရားသည် အာပေါဓာတ်ဖြစ်သည်ဟူ၍ လည်းကောင်း၊ အနန္တဝိညာဉ်တော် ဖြစ်သည် ဟူ၍လည်းကောင်း၊ အရာဝတ္ထုတို့၏ ဆန့်ကျင်ပေါင်းစည်းခြင်း ဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုးတွေးဆခဲ့ကြသည်။

မောင်စုအဖို့မူ အစစ်အမှန်တရားသည် ရေခဲတုံးနှင့် ရေခဲရေပင်ဖြစ်သည်။ ရေခဲတုံးသည် သူ့ဘဝ၊ ရေခဲရေဖြင့် လူအများကို ငြိမ်းအေးစေမည်။”

  • စာညွှန်းတင်သူ - စိုးသီဟနောင်