Pages

Showing posts with label ရ. Show all posts
Showing posts with label ရ. Show all posts

Monday, September 3, 2012

လုပ်ငန်းထူထောင်ရေး စီမံချက်

  • စာအုပ်အမည် -လုပ်ငန်းထူထောင်ရေး စီမံချက်
  • ရေးသားသူ -မောင်ရေအေး(ဟားဗတ်တက္ကသိုလ်)
  • စာပေအမျိုးအစား - စီးပွါးရေး
  • စာမျက်နှာ - ၁၉၇ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၁-ခု၊ ဇန်န၀ါရီလ
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • ထုတ်ဝေသည့်စာပေ - ယုံကြည်ချက်စာပေ
  • တန်ဖိုး - ၂၅၀၀ ကျပ်
HR ဂျာနယ်တွင် ၂၀၀၉ ခုနှစ်၊သြဂုတ်လမှ စတင်ကာ (၈)လနီးပါး အပတ်စဉ်ရေးသားထားသော Business Plan အခန်းဆက်ဆောင်းပါးကို စုစည်းထားသော စာအုပ်ပါ။ လုပ်ငန်းတစ်ခု တွင်ရှိသင့် ရှိထိုက်သော အင်္ဂါရပ်များနှင့် ပါဝင်သင့်သော အကြောင်းအရာမျာကို အသေးစိတ် ရှင်းလင်းတင်ပြထားပါတယ်။ အငယ်စားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း ထူထောင်လိုသူ စီးပွါးရေးလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများနှင့် BBA,DMA,MBA အစရှိသော သူများအတွက် အထောက်ကူပြုနိုင်ပါလိမ့်မယ်။
  • စာညွှန်းတင်သူ - မင်းဟဏ်

Thursday, August 9, 2012

မြန်မာ့စောင်း

စာအုပ်အမည် - မြန်မာ့စောင်း
စာရေးသူအမည် - ရဲမြလွင်
စာပေအမျိုးအစား - ဘာသာပြန်
စာမျက်နှာ - ၂၂၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ၂၀၀၂-ခု၊ ဇန်နဝါရီလ
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - တကောင်းစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၅၀၀ ကျပ်

စာညွှန်း - ဂျပန်လူမျိုး Michio Takeyamaရေးသားသည့် Biruma no Tategoto, Harp of Burma ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် ဤ၀တ္ထုရှည်ကို ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာပြည်ရောက်ဂျပန်စစ်သားများကို ဇာတ်အိမ်ဖွဲ့၍ ရေးသားထားခြင်းဖြစ်သည်။ ၀တ္ထုသည် သာမန် စိတ်ကူးယဉ်ဝတ္ထု တစ်ပုဒ်မျှသာဖြစ်သော်လည်း ၀တ္ထုတွင် ပါဝင်သော ဂီတ၀ါသနာရှင် တပ်စိပ် ကလေးမှာ အမှန်တကယ်ပင် ရှိခဲ့သည်။ စစ်အတွင်း မြန်မာလူမျိုးတို့၏ သဘောထားကြီးပုံ၊ ကူညီ ခဲ့ပုံ၊ မြန်မာများအပေါ် ရက်စက်ခဲ့သည့်အတွက် နောင်တရ၍ မဆုံးဖြစ်ပုံများကို ထိုတပ်စိပ်တွင် ပါဝင်ခဲ့ကြ သည့် စစ်သားများသည် ယခုထက်တိုင် TVအစီအစဉ်များမှတဆင့် တဖွဖွ ပြောကြားနေဆဲဖြစ်သည်။ မူရင်းစာရေးသူသည် ဤ၀တ္ထုရှည်ကြီးကို Akatomboခေါ် ပုစဉ်းနီကလေးဂျာနယ်တွင် ဦးစွာ အခန်းဆက်ရေးသားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ၀တ္ထုစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုစာအုပ်ဖြင့် မိုင်းနိကျီစာပေဆုနှင့် ပညာရေးဝန်ကြီးဌာန၏ စာပေဆုများကို ရရှိခဲ့ပြီး အင်္ဂလိပ်ဘာသာသို့ပါ အကြိမ်ကြိမ် ပြန်ဆိုခြင်း ခံခဲ့ရသည်။ ထို့ပြင် ရုပ်ရှင်အဖြစ်ပါ ရိုက်ကူးပြသရာ ဂျပန်နိုင်ငံ သာမက နိုင်ငံတကာကပါ အထူးနှစ်ခြိုက်ကြသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့ကြီး၏ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့သည်။ စစ်၏ အနိဋ္ဌာရုံနှင့် ဂီတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ကို မီးမောင်းထိုးပြနိုင်ခဲ့ရုံသာမက အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးလော၊ စစ်ပွဲလောဟု မေးခွန်းကိုပါ ထုတ်ပြခဲ့သည့် ၀တ္ထုရှည်တစ်ပုဒ်ဖြစ်သည်။
မှတ်ချက်။ ။ရုပ်ရှင်လည်းရှိပါတယ်။ ဒါပေမဲ့ စာအုပ်လောက် ရသမပေါ်လွင်ပါ။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

Saturday, July 7, 2012

ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား


စာအုပ်အမည် = ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား
စာရေးသူအမည် = ရွှေဥဒေါင်း
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ်
စာမျက်နှာ = ၂၀၃ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = သြဂုတ်လ၊ ၂၀၁၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စိတ်ကူးချိုချိုစာပေ
စာအုပ်တန်ဖိုး = ၂၂၀၀-ကျပ်
စာညွှန်း =  ဆရာကြီးရွှေဥဒေါင်း၏ “ယဉ်ကျေးမှုနှင့်ကိုယ်ကျင့်တရား၊ သူရာသမားသည် လူဖြစ်အရှုံးဆုံးတည်း၊ လက်ဝဲနှင့်လက်ယာ၊ လူ့သဘာဝ၊ ရှုထောင့်မှန်မှ အမြင်မှန်မည်၊ သတင်းစာနှင့် စာဖတ်သူအဆင့်ဆင့်၊ ကျွန်ုပ်၏မျက်စိကိုဖွင့်ပေးသောစာအုပ်ကြီးသုံးအုပ်၊ လူပေါ်လူဇော်လုပ်သော ကမ္ဘာကြီး၊ ဗုဒ္ဓဝါဒနှင့်မာ့က်စ်ဝါဒ၊ ဗုဒ္ဓဘာသာနှင့်လောကဓါတ်ပညာ၊ ရွှေဥဒေါင်း၏ဆွေးနွေးခန်း၊ ဘုရား ရှိခိုးခြင်း၏ အဓိပ္ပါယ်၊ ကျွန်ုပ်နားလည်သော ဗုဒ္ဓဘာသာ၊ ကျွန်ုပ်နားလည်သော ရဟန္တာ၊ ကျွန်ုပ် နားလည်သောမဂ်စိတ်၊ ကျွန်ုပ်နားလည်သောနိဗ္ဗာန်၊ ပေးကမ်းစွန့်ကြဲခြင်းသည် မဂ်ဖိုလ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ပုံ” စသည့် ဆောင်းပါး (၁၇) ပုဒ်ကို စုစည်းထားသောစာအုပ်ဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

Thursday, July 5, 2012

ဒိဋ္ဌေဒိဋ္ဌမိတ္တံ လက်တွေ့ကျင့်စဉ်



စာအုပ်အမည် = ဒိဋ္ဌေဒိဋ္ဌမိတ္တံ လက်တွေ့ကျင့်စဉ်
စာရေးသူအမည် = ရွှေဥဒေါင်း
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ် (လောကုတ္တရာရေးရာ)
စာမျက်နှာ = ၁၉၁
ထုတ်ဝေသည့်ခုနှစ် = မေလ၊ ၁၉၉၁
ထုတ်ဝေသည့်အကြိမ် = သတ္တမအကြိမ်
စာပေတိုက် = ယောမင်းကြီးစာပေ
စာအုပ်တန်ဖိုး = ၇၅၀-ကျပ်
စာညွှန်း =  ဆရာကြီးရွှေဥဒေါင်း၏ “ကျွန်ုပ်တွေ့သောစိတ်သဘာဝ (၁) မှ (၁၁)” အထိ လောကုတ္တရာရေးရာ စိတ်သဘောအကြောင်း ဆောင်းပါးများကို စုစည်းထားသောစာအုပ်ဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်