Pages

Showing posts with label ou. Show all posts
Showing posts with label ou. Show all posts

Sunday, September 9, 2012

ဦးသန့်ရဲ့မြေး သန်းမြင့်ဦးရေးတဲ့ ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ


  • စာအုပ်အမည် = ဦးသန့်ရဲ့မြေး သန်းမြင့်ဦးရေးတဲ့ ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ
  • ရေးသားသူ =  မောင်သွေးချွန်
  • စာအုပ်အမျိုးအစား = ဝေဖန်စာ
  • စာမျက်နှာ = ၈၀ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၂၀၁၂ စက်တင်ဘာ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ၈၀၀ -ကျပ်
  • စာပေတိုက် = ဦးမြင့်စိုး၊ ပန်းစကြာစာစဉ်
“သန့်မြင့်ဦးရဲ့ စာအုပ်ကို ဖတ်အပြီးမှာ ဘယ်လိုဉာဏ်အလင်းမျိုးမှ မရတဲ့အပြင် ကျွန်တော်တို့ရဲ့ သမိုင်း ရာဇဝင်ကြီး မှောင်ကြီးကျခဲ့လေပြီလို့ မြည်တမ်း စုတ်သတ်မိတယ်။ ဗုဒ္ဓဝင်၊ ပုဂံခေတ်၊ အနော်ရထာ၊ အလောင်းစည်သူ၊ တောင်ငူခေတ်၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ ကုန်းဘောင်ခေတ်အလောင်းဘုရားမှ သီပေါမင်းအထိ၊ နောက်ဆုံး ... ဗိုလ်ချုပ်အောင်ဆန်းအထိ အချက်အလက်များ၊ အယူအဆ သုံးသပ်ဝေဖန်ချက်များ စာအုပ်ရဲ့ နေရာအတော်များများ အမှားတွေနဲ့ တင်းကြမ်းပြည့်နေ တာ တွေ့ရပါ တယ်။”

“နှစ်ပေါင်းတစ်ရာခန့် ရခိုင်သည် ၄င်းထက်စွမ်းအားပိုကြီးသော အိမ်နီးချင်းဖြစ်သည့် ဘင်္ဂလားပသီဘုရင် နယ်ပယ်၏ လက်တက်အဖြစ် တည်ရှိခဲ့သည်ဆိုတဲ့ ဖော်ပြချက်ကတော့ သန့်မြင့်ဦးရဲ့ မဟာအမှားကြီး ပဲ ဖြစ်ပါလိမ့်မယ်။”

“အဘိုးဦးသန့်ဟာ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးကြီးအဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ပြီး မြန်မာ့ဂုဏ် ကို ဆောင်နိုင်ခဲ့ပေမယ့် မြေးဖြစ်သူ သန့်မြင့်ဦးကတော့ မြန်မာ့သမိုင်းနဲ့ ရခိုင်သမိုင်းများကို အရုပ်ဆိုး အကျည်းတန်အောင် လွဲလွဲမှားမှား ရေးသားခဲ့ပါ တယ်။ ခြေရာလည်းပျောက် ရေလည်းနောက်ခဲ့တဲ့
ခြေရာပျောက်မြစ်ထဲမှာ အမှားတွေ စီးမျောနေဆဲ ...၊ ဘယ်အထိ စီးမျောသွားမှာလည်း။ ။

(မှတ်ချက်။ ။ အထက်ပါ စာညွှန်းသည် အောက်ပါ Link မှ ကူးယူပါသည်။)


ဒီစာအုပ်၏ အနှစ်ချုပ်မှာ သန်းမြင့်ဦးရေးတဲ့ ခြေရာပျောက်မြစ် စာအုပ်ထဲမှ မြန်မာ့သမိုင်းအမှားများ ကို ဝေဖန်ထားခြင်းပင်ဖြစ်ပေသည်။
  • စာညွှန်းတင်သူ - မြတ်သွင်