Pages

Showing posts with label တ. Show all posts
Showing posts with label တ. Show all posts

Wednesday, September 26, 2012

ဝီကီလိခ်အတွင်းရေး

  • စာအုပ်အမည် = ၀ီကီလိခ်အတွင်းရေး
  • ရေးသားသူ = တင်စိန် (ပထ၀ီဝင်)
  • စာအုပ်အမျိုးအစား = ဘာသာပြန် 
  • စာမျက်နှာ =   မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် =
  • ထုတ်ဝေသည့် အကြိမ် =  အကြိမ်
  • တန်ဖိုး = ၃၅၀၀ ကျပ်
  • စာပေတိုက် = Book House  
ဂျူလီယန်အဆန့်ဂ်ျရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ Daniel Domscheit-Berg က ရေးထားတာလို့ဆိုပါတယ် ။ Wiki Leaks က တစ်ယောက် လည်းဖြစ်ပါတယ် ။ inside Wikileaks ဆိုတဲ့စာအုပ်ကို တင်စိန် (ပထ၀ီဝင်) ဘာသာပြန်ထားခြင်းဖြစ်ပါတယ် ။
မာတိကာ
စကားဦး
အခန်း ၁ - ဆုံမိခဲ့ပုံက
အခန်း ၂ - ဒေးဗစ်နှင့် ၀င်္ကဘာ
အခန်း ၃ - ဆိုင်ယင်တိုလော်ဂျီလက်စွဲစာအုပ်များ
အခန်း ၄ - မီဒီယာနှင့် ဆက်ဆံခြင်း
အခန်း ၅ - ဂျူလီယံအဆန့်ဂ်ျ
အခန်း  ၆ - ၀ီကီလိခ်ရဲ့ငွေကြေးထောက်ပံ့မှု
အခန်း ၇ - ကျွန်တော် နေ့ပိုင်း အလုပ်မှ နှုတ်ထွက်လိုက်ခြင်း
အခန်း ၈ - ဆင်ဆာဖြတ်တောက်မှုအား အခြေအတင် ဆွေးနွေးပွဲ
အခန်း ၉ - အိုက်စလန်မှ သူရဲကောင်းများ
အခန်း ၁၀ - အင်တာနက်နှင့် အဆက်ပြတ်ခြင်း
အခန်း ၁၁ - မီဒီယာများအတွက် လွတ်လပ်မှုကောင်းကင်ဘုံ
အခန်း ၁၂ - ဘာလင်သို့ အပြန်ခရီး
အခန်း ၁၃ - အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှု
အခန်း ၁၄ - တပ်သား ဘရက်လီမန်းနင်း၏ စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြှုံ
အခန်း ၁၅ - အာဖဂန် စစ်ပွဲ ဒိုင်ယာရီ နှင့် မရဏခလုတ်
အခန်း ၁၆ - ဆွီဒင်တွင် စွပ်စွဲခံရခြင်း
အခန်း ၁၇ - ကျွန်တော် ရာထူးချခံရမှု
အခန်း ၁၈ - ၀ီကီလိခ်မှ နှုတ်ထွက်ခြင်း
အခန်း ၁၉ - အီရတ်သတင်း ပေါက်ကြားမှု
အခန်း ၂၀- ကေဘယ်လ်ဂိတ်အရေးအခင်း
အခန်း ၂၁ - Open Leaks ရဲ့ အလားအလာ

  • စာညွှန်းတင်သူ - မြတ်သွင်

Friday, August 24, 2012

ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းလက်စွဲ

  • စာအုပ်အမည် -ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းလက်စွဲ
  • ရေးသားသူ -တင်မောင်ဝင်း
  • စာပေအမျိုးအစား - စီးပွါးရေး
  • စာမျက်နှာ - ၄၂၇ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၀၈-ခု၊ မတ်လ၊ ပထမအကြိမ်
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၁-ခု၊ ဒီဇင်ဘာလ၊ ဒုတိယအကြိမ်
  • ထုတ်ဝေသည့်စာပေ - အလင်းသစ်စာပေ
  • တန်ဖိုး - ၅၅၀၀ ကျပ်
ပြည်တွင်းမှာ ပြောင်းလဲတိုးတက်လာသော အခြေအနေများ နှင့် ကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွါးရေး စနစ်တွင် စီးပွါးရေး လုပ်ငန်းရှင်များ အတွက် သိရှိနားလည်ရန်နှင့် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်းများ ၊ အယ်စီ များအကြောင်းကို လေ့လာရန်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
  • စာညွှန်းတင်သူ - မင်းဟဏ်

Tuesday, July 31, 2012

ဘ၀နှင့်စာပေ

စာအုပ်အမည် - ဘ၀နှင့်စာပေ
စာရေးသူအမည် - တက်တိုး
စာပေအမျိုးအစား - ဆောင်းပါး
စာမျက်နှာ - ၃၁၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - နိုဝင်ဘာလ၊ ၂၀၀၁။
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - ရတနာပုံစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၉၀၀ကျပ်

စာညွှန်း - ဆရာတက်တိုးသည် ဤဆောင်းပါးများကိုရေးသားခဲ့ခြင်းမှာ မြန်မာစာဖတ်သူတို့အား ကမ္ဘာ့စာပေဗဟုသုတ ဆည်းပူးရန် လမ်းညွှန်မျှသာ ဖြစ်သည်ဟုဆိုခဲ့သော်လည်း ဤစာအုပ်ကို ဖတ်ရှုပြီးနောက် ကမ္ဘာ့ဂန္တ၀င်များအား စိတ်ဝင်စားသွားသဖြင့် စာတွေအများကြီး ဖတ်ဖြစ်ခြင်းဖြင့် စာပေဗဟုသုတ ပြည့်စုံသွားပါသည်ဟု ဆရာတက္ကသိုလ်ဘုန်းနိုင်က ဆိုခဲ့ပါသည်။ ဤစာအုပ်တွင် ဆရာတက်တိုးသည် စာပေဆိုင်ရာ သဘောတရားများ၊ စာပေအမျိုးအစားများ၊  ကမ္ဘာ့ဂန္တ၀င်စာပေများနှင့် စာရေးဆရာများအကြောင်းကို ညွှန်းဆိုခဲ့ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Thursday, July 5, 2012

ကျမ်းညွှန်း ၁၀၀



စာအုပ်အမည် = ကျမ်းညွှန်း ၁၀၀
စာရေးသူအမည် = တင်နိုင်တိုး
စာပေအမျိုးအစား = ရှေးဟောင်းမြန်မာကျမ်းများအညွှန်း
စာမျက်နှာ = ၃၂၅
ထုတ်ဝေသည့်ခုနှစ် = မေလ၊ ၂၀၁၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = သင်းစာပေ
စာအုပ်တန်ဖိုး = ၄၀၀၀-ကျပ်
စာညွှန်း =  ရှေးမြန်မာပညာရှိကြီးများ၊ စာဆိုတော်ကြီးများ ရေးသားပြုစုခဲ့ကြသည့် ကျမ်းများစွာထဲမှ ကောင်းနိုးရာရာကျမ်းတစ်ရာကို ရွေးနုတ်ကာ မိတ်ဆက်ပေးထားသည်။ ကျမ်းများအကြောင်းကိုဖော်ပြရာတွင် ကျမ်းပြုပုဂ္ဂိုလ်အမည်၊ ကျမ်းပြုကာလ၊ ကျမ်းပါအကြောင်းအရာအကျဉ်း၊ ပုံနှိပ်ထုတ်ဝေထားခြင်းရှိ မရှိ၊ ကျမ်းပြုပုဂ္ဂိုလ်၏အတ္ထုပ္ပတ္တိအကျဉ်း စသည့်အချက်အလက်များကို စုံစုံလင်လင် ရှာဖွေထည့်သွင်းထားသည်။ မူရင်းကျမ်းကို ဖတ်ရှုလေ့လာကြမည့်သူများ (သို့မဟုတ်) ဖတ်ရှုချိန်လုံလောက်စွာမရရှိသော ယေဘုယျအကြောင်းအရာမျှကိုသာ သိလိုသူများအတွက် အထူးသင့်တော်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

Friday, June 29, 2012

စာပေရှု့ထောင့်


စာအုပ်အမည်= "စာပေရှု့ထောင့်"
စာရေးသူအမည် = ဆရာဦးတင်မောင် (၀ိဇ္ဇာ)
စာပေအမျိုးအစား = စကားပြေလေ့လာခြင်း
စာမျက်နှာ = ၄၅၉ မျက်နှာ