Pages

Showing posts with label ထ. Show all posts
Showing posts with label ထ. Show all posts

Wednesday, August 8, 2012

ပုဂ္ဂလအဘိဓာန်

စာအုပ်အမည်          = ပုဂ္ဂလအဘိဓာန်
စာရေးသူအမည်       = မောင်ထင်
စာပေအမျိုးအစား      =  ဆောင်းပါးပေါင်းချုပ်
စာမျက်နှာ               = ၃၃၀ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ်    = ဇန်နဝါရီလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက်              = စိတ်ကူးချိုချိုစာအုပ်တိုက်
စာအုပ်တန်ဖိုး           =  ၃၀၀၀ ကျပ်
စာညွှန်း                  =  ဂန္တလောကခေတ်မှ မျက်မှောက်ခေတ် အထိ စာပေအနုပညာရှင်များ နှင့် ထူးချွန် ထင်ရှားပုဂ္ဂိုလ်များ အကြောင်းကို ရေးသားထားသော ဆောင်းပါး (၅၅) ပုဒ်ကိုစုစည်းထားသော စာအုပ်ဖြစ် သည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

Wednesday, July 25, 2012

ငဘ



စာအုပ်အမည် - ငဘ
စာရေးသူအမည် - မောင်ထင်
စာပေအမျိုးအစား - ၀တ္ထု
စာမျက်နှာ - ၉၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊ ၁၉၉၁။
ထုတ်ဝေသည့်အကြိမ် - ပဉ္စမအကြိမ်
စာပေတိုက် - သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
စာအုပ်တန်ဖိုး - မဖော်ပြ

စာညွှန်း - ဆရာမောင်ထင်၏ ငဘ၀တ္ထုသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြတ်သန်းခဲ့ရသော မြန်မာလူမျိုးများ၏ ဘ၀သရုပ်ဖော် ၀တ္ထုတစ်ပုဒ်အဖြစ်သာမက ဂျပန်ခေတ်၏ လူနေမှုစနစ်ဆိုးများကိုပါ ခြယ်မှုန်းပြသထားသော ဘ၀ပန်ချီကားတစ်ချပ်လည်းဖြစ်ပါသည်။ ဤ၀တ္ထုကို ဆရာမောင်ထင်သည် ၁၉၄၇ခုနှစ် နှစ်ဦးပိုင်းတွင် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ “ကိုယ့်ကံကြမ္မာကို ကိုယ်မဖန်တီးနိုင်သော ဗမာပြည်ရှိ ငဘများသို့” ဟုနိဒါန်းချီကာ မြေရှင်အရင်းရှင်ကြီးများ၏ လွှမ်းမိုးမှုအောက်တွင် ကျင်လည်ခဲ့ရသော မြန်မာတောင်သူကြီးများ၏ ဘ၀ကို ဖော်ညွှန်းသော ဤ၀တ္ထုသည် တရုတ်နှင့် ဆိုဗီယက် နိုင်ငံတို့တွင် တိုက်ရိုက်ဘာသာပြန်ဆို၍ ရိုက်နှိပ်ထုတ်ဝေခဲ့ရပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Thursday, July 5, 2012

ပုလဲတေးသံ



စာအုပ်အမည် - ပုလဲတေးသံ
စာရေးသူအမည် - ထင်လင်း (မူရင်း : John Steinbeck – The Pearl)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထု
စာမျက်နှာ -၁၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဇန်န၀ါရီ၊ ၁၉၉၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်၊ ဒုတိယအကြိမ်
စာပေတိုက် - ဘ၀တက္ကသိုလ်စာပေ၊ ပန်ရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၂၀၀ကျပ်

စာညွှန်း - ဤ၀တ္ထုကို မူလစာရေးဆရာ ဂျွန်စတိုင်းဗက်က ၁၉၄၈ ခုနှစ်တွင် မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ၏ ပုလဲငုတ်စခန်းတစ်ခု ဖြစ်သော လာဗက်ဇ်မြို့ကိုအခြေခံ၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၀တ္ထုဟုယောဘူယအားဖြင့်ဆိုရသော်လည်း ပုံပြင်သဖွယ် လူတို့နေ့စဉ်ပြောဆိုလာကြသည့် ဖြစ်ရပ်ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောခြင်းဖြစ်သည်ဟု ဘာသာပြန်သူ၏ စကားတွင်ဖော်ပြထားသည်။ ဤ၀တ္ထုတွင် အလွန်ကြီးမားသည့် ပုလဲကြီးတစ်လုံး မည်သို့မည်ပုံတွေ့ရှိ၍ မည်သို့မည်ပုံဆုံးရှုံးသွားရသည့် အကြောင်းကို စိတ်ကူးယဉ် နှင့် ဒိဌဓမ္မသရုပ်မှန်ဖြစ်ရပ်ကို ရောနှောရေးသားထားပြီး လူတို့၏စရိုက်ကို အသေးစိတ်ချယ်မှုန်းထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Monday, July 2, 2012

ပလိပ်



စာအုပ်အမည် - ပလိပ်
စာရေးသူအမည် - ထင်လင်း (မူရင်း : Albert Camus – The Plague)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထုရှည်
စာမျက်နှာ - ၃၇၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊ ၂၀၀၀
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - ပန်းရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၈၀၀ ကျပ်

စာညွှန်း - ဤ၀တ္ထု၏အကြောင်းအရာမှာ ၁၉၄၀ခုနှစ်၊ အယ်လ်ဂျီးရီးယားနိုင်ငံ၊ အိုရန်မြို့တွင် ပလိပ်ကပ်ရောဂါဖြစ်ပွားသည့် အကြောင်းဖြစ်သည်။ ဤ၀တ္ထုကိုဝေဖန်ရေးဆရာများက ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ပြည်ကို နာဇီဂျာမန်တို့ သိမ်းပိုက်ထားစဉ်က အဖြစ်အပျက်များကို “ပလိပ်ကပ်ရောဂါ” သင်္ကေတဖြင့် တင်စား၍ရေးသားထားသည်ဟု ဆိုကြသည်။ ဤ၀တ္ထုတွင် ဇာတ်ကောင်တို့၏ တွေးခေါ်ပုံ၊ ယူဆပုံ၊ လှုပ်ရှားပုံ၊ အခြေအနေတစ်ခုခုကို တုန့်ပြန်ပုံတို့သည် ဒဿနတစ်ခုခုဆီသို့ ညွှန်ပြလျှက်ရှိတတ်ပါသည်။ ထို့အပြင် ဤ၀တ္ထုသည် “စည်းအပြင်ကလူ” (The Outsider) နည်းတူ အဲဘတ်ကမူး၏ အပြောင်မြောက်ဆုံးသော ၀တ္ထုတစ်အုပ်လည်းဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Saturday, June 30, 2012

စည်းအပြင်ကလူ




စာအုပ်အမည် = စည်းအပြင်ကလူ
စာရေးသူအမည် = ထင်လင်း (မူရင်း Albert Camus : The Outsider)
စာပေအမျိုးအစား = ဘာသာပြန်ဝတ္တုရှည်
စာမျက်နှာ = ၂၁၉ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = သြဂုတ်လ၊ ၁၉၉၆

အနာဂတ္တိကျမ်းနှင့်အခြားဝတ္ထုတိုများ




စာအုပ်အမည်= "အနာဂတ္တိကျမ်းနှင့်အခြားသတ္ထုတိုများ"
စာရေးသူအမည် = မောင်ထင်
စာပေအမျိုးအစား =  မြန်မာမှု့ပြုထားသည့် ဘာသာပြန် ၀တ္ထုတိုများ
စာမျက်နှာ = ၃၄၉ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၇၇-ခုနှစ် ၊မတ်လ

သမိုင်းစကားပန်းစကားနှင့် အခြားရသစာတမ်းများ




စာအုပ်အမည်= "သမိုင်းစကားပန်းစကားနှင့် အခြားရသစာတမ်းများ"
စာရေးသူအမည် = မြသန်းတင့်၊ ထက်အောင်
စာပေအမျိုးအစား = ဆောင်းပါး
စာမျက်နှာ = ၁၇၅ မျက်နှာ    
ထုတ်ဝေသည့်ခုနှစ် = ၁၉၉၆-ခု၊ ဒိဇင်ဘာလ

Thirty Burmese Tales




စာအုပ်အမည်= "Thirty Burmese tales"
စာရေးသူအမည် = Maung Htin Aung
စာပေအမျိုးအစား = ပုံပြင်
စာမျက်နှာ = ၁၁၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၅၇ ခုနှစ်