Pages

Showing posts with label ၀. Show all posts
Showing posts with label ၀. Show all posts

Tuesday, July 31, 2012

မိုရှေဒါယန်

စာအုပ်အမည် - မိုရှေဒါယန်
စာရေးသူအမည် - မောင်ဝံသ
စာပေအမျိုးအစား - အတ္ထုပ္ပတ္တိ
စာမျက်နှာ - ၂၄၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - သြဂုတ်လ၊ ၂၀၀၂။
ထုတ်ဝေသည့်အကြိမ် - တတိယအကြိမ်
စာပေတိုက် - ဒေါင်းစာပေ
စာအုပ်တန်ဖိုး - ၆၅၀ ကျပ်

စာညွှန်း - ဤစာအုပ်သည် အစ္စရေးနိုင်ငံ၏ သူရဲကောင်းတစ်ဦးဖြစ်သော ၀န်ကြီးချုပ်မိုရှေဒါယန်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါသည်။ မိုရှေဒါယန်သည် ခေတ်သစ် စစ်ခေါင်းဆောင်များထဲတွင် တစ်ဖက်ကမ်းခတ် သူ တစ်ဦးဟု ကမ္ဘာ့စစ်ခေါင်းဆောင်အများစုက ၀န်ခံထားရပါသည်။ ဤစာအုပ်တွင် မိုရှေဒါယန်၏ဘ၀ အကြောင်းအရာများ၊ နိုင်ငံရေးခံယူချက်များ နှင့် အာရပ်-အစ္စရေး စစ်ပွဲအကြောင်း တို့ကို လေ့လာနိုင်ပါ သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

Thursday, July 5, 2012

နိုင်ငံရေးစာကိုးစကားကိုး



စာအုပ်အမည် = နိုင်ငံရေးစာကိုးစကားကိုး
စာရေးသူအမည် = မောင်ဝံသ
စာပေအမျိုးအစား = နိုင်ငံရေးအဆိုအမိန့်များ (ဘာသာပြန်)
စာမျက်နှာ = ၁၄၇
ထုတ်ဝေသည့်ခုနှစ် = ဇွန်လ၊ ၂၀၁၁
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ဒေါင်းစာပေ
စာအုပ်တန်ဖိုး = ၁၀၀၀-ကျပ်
စာညွှန်း =  “ယခုရှာဖွေဖော်ပြသော အဆိုအမိန့်များသည် သူ့နည်းသူ့ဟန်ဖြင့် ထင်ရှားခဲ့ကြသော နိုင်ငံတကာ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်အချို့၏ မှတ်ချက်စကားများကို ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ နိုင်ငံရေးလောကကြီးကို ကောင်းစေလို၍ နိုင်ငံရေးသမားများက ဆန်ရင်းနာနာဖွတ်သည့်အနေဖြင့် နိုင်ငံရေးကို သရော်လှောင်ပြောင် ဝေဖန်တိုက်ချွတ်ခဲ့ကြခြင်းဟု ဆိုနိုင်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်ကြခြင်းဟုပင် ပြောမည်ဆိုက ပြောနိုင်ပါသည်” ဟု ဆရာမောင်ဝံသ က ညွှန်းထားသည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ် မြသန်းတင့်နှင့်တွေ့ဆုံခြင်း



စာအုပ်အအမည် =ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ်  မြသန်းတင့်နှင့်တွေ့ဆုံခြင်း
စာရေးသူအမည် = ဦးဝင်းငြိမ်း

စာပေအမျိုးအစား = အင်တာဗျူး

စာမျက်နှာ = ၁၇၃ မျက်နှာ

ထုတ်ဝေသည့်ခုနှစ် = သြဂုတ်လ ၂၀၀၄ ခုနှစ်

စာပေတိုက် = စိတ်ကူးချို ချို အနုပညာ

စာအညွန်း = ဆရာဦးဝင်းငြိမ်းမှာ ဆရာမြသန်းတင်အား အင်တာဗျူး ထားသည့် စာပေအတွေ့အကြုံ

ဘာသာပြန်အတွေ့အကြုံ ဘ၀အတွေ့အကြုံများအား မေးမြန်း ၍ ပြန်လည်ရေးသားထားသည့် အင်တာဗျူး

စာအုပ်လေးဖြစ်သည့်  ။

စာအုပ်အညွန်းတင်သူ = Khing Soe Aung ( မောင်သာဂိ)