Showing posts with label pa. Show all posts
Showing posts with label pa. Show all posts
Wednesday, January 16, 2013
ပြည်သူ့အတွက် မြန်မာစကားပြေ
စာအုပ်အမည်= ပြည်သူ့အတွက် မြန်မာစကားပြေ
စာရေးသူအမည် = မောင်ခင်မင်(ဓနုဖြူ)
စာပေအမျိုးအစား = ဘာသာဗေဒ
စာမျက်နှာ = ၈၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၈၅
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်၊ ရန်ကုန်
စာအုပ်တန်ဖိုး = ၁-ကျပ်၊ ၇၅-ပြား
စာညွှန်း= ကျစ်လစ်သိပ်သည်းသော မြန်မာစကားပြေအရေးအသား တိုးတက်စေရန်အတွက် သာဓကများဖြင့် စိတ်ဝင်စားဖွယ် တင်ပြထားပါသည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
စာရေးသူအမည် = မောင်ခင်မင်(ဓနုဖြူ)
စာပေအမျိုးအစား = ဘာသာဗေဒ
စာမျက်နှာ = ၈၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၈၅
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်၊ ရန်ကုန်
စာအုပ်တန်ဖိုး = ၁-ကျပ်၊ ၇၅-ပြား
စာညွှန်း= ကျစ်လစ်သိပ်သည်းသော မြန်မာစကားပြေအရေးအသား တိုးတက်စေရန်အတွက် သာဓကများဖြင့် စိတ်ဝင်စားဖွယ် တင်ပြထားပါသည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
ပါလီမန်မြင်ကွင်း သတင်းမှတ်စု
- စာအုပ်အမည် - ပါလီမန်မြင်ကွင်း သတင်းမှတ်စု
- စာရေးသူ - တက္ကသိုလ်မြတ်သူ
- ထုတ်ဝေကာလ - ၁၉၉၀၊ ၂၀၁၂
- ပုံနိုပ် - ပုံနိုပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
- ထုတ်ဝေသူ - စာပေဗိမာန်
- တန်ဖိုး - ၁၇၀၀ ကျပ်
မမှတ်ကြနဲ့တော့။ တပည့်တော်ကလည်း အဲဒီဆရာတော်တွေကို ဆရာတွေလို့ မမှတ်နိုင်
တော့ဘူး။ ဥပဒေကို ထိန်းသိမ်းထားရတဲ့ လူတစ်ယောက်အနေနဲ့ ဥပဒေချိုးဖောက်သူ
မှန်သမျှကို တရားဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူရလိမ့်မယ်ဆိုတာ
တပည့်တော် အတိအလင်း ကြေညာပါတယ်။”
“ကျောင်းသူ၊ ကျောင်းသားတွေဟာ လူမသမာတစ်စုရဲ့ ဖြားယောင်းသွေးဆောင်မှုကို လက်ခံ
မိလို့ဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ်လုပ်ချင်လို့ပဲဖြစ်ဖြစ် ဘောင်အပြင်ဘက်ကိုထွက်ပြီး ဥပဒေ
လက်လွတ်၊ တရားလက်လွတ် ရမ်းရမ်းကားကား လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့
အနေနဲ့ ရှေ့အဖို့ လက်ပိုက်ကြည့်မနေတော့ဘူး။ တရားဥပဒေအရ တိတိကျကျ ပြတ်ပြတ်
သားသား ဆောင်ရွက်ရလိမ့်မယ်ဆိုတာ ကျွန်တော် အတိအလင်း ကြေညာလိုက်ပါတယ်။”
(၂၁၊ ၂၊ ၁၉၆၁ နိုင်ငံတော်ဝန်ကြီးချုပ်ဦး
နု၏ အသံလွှင့်မိန့်ခွန်း)
----------
ပါလီမန်အတွင်းဝန် သခင်ချစ်မောင်။ ။ သေနင်္ဂဗျူဟာအရသော်လည်းကောင်း၊
နည်းပရိယာယ်အရသော် လည်းကောင်း ကျွန်တော်တို့မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နိုင်ငံရေးတိုက်ပွဲလို့ပဲ ယူဆပါတယ်။ အဲသည် ဘန်ကောက်ဆွေးနွေးပွဲကို သွားတက်တော့
ကျွန်တော်မှတ်မိပါသေးတယ်။ အရင်ပြီးခဲ့တဲ့လွှတ်တော်မှာ အတိုက်ခံအမတ်မင်းတွေက
ဘာပြောသလဲဆိုတော့ သခင်စိုးကြီးသင်ထားတဲ့ အင်မတန်ညစ်ညမ်းတဲ့ စကားလုံးနှင့်
အမေရိကန်ကို ဥက္ကဋ္ဌတင်ပြီး ဘန်ကောက်ဆွေးနွေးပွဲသွားတာကို ပြည့်တန်ဆာ နိုမ်နင်းရေး
အတွက်ကို ဖာခေါင်းကို ဥက္ကဋ္ဌတင်ရသလားလို့ ပြောတယ်။ ကျွန်တော်တို့ ရှုံးသလား၊
မရှုံးပါဘူး၊ မြတ်တယ်။
ပါလီမန်အတွင်းဝန် သခင်သန်း။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ယခုအမတ်မင်းဟာ အဆိုကို
ပြောနေတာလား၊ နိုင်ငံရေးရာဇဝင်ကို ပြောနေတာပါလား။
----------
ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ဥက္ကဋ္ဌကြီးခင်ဗျား၊ ယနေ့နံနက်က ဗိုလ်ချုပ်ကြီးနေဝင်း
ဝန်ကြီးချုပ်အဖြစ်နှင့် မိန့်ကြားသွားတဲ့ မိန့်ခွန်းကို မဝေဖန်ခင် ကျွန်တော်အမတ်များကို
တောင်းပန်လိုပါတယ်။ ကြောက်လို့တော့ မဟုတ်ဘူး။
သခင်ဘသက် (ဘိုကလေးတောင်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... မကြောက်လျှင်
မတောင်းပန်ပါနှင့်။
ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... အချိန်ကလည်း နည်းတဲ့အတွက်
သိပ်ပြီးတော့ ကြားဖြတ်မပြောဘို့ တောင်းပန်ချင်ပါတယ်။ .....။
သခင်သာခင် (မိုးကုတ်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ရန်မစလျှင်တော့ ကြားမထိုးပါဘူး။
ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ၁၉၄၈-၄၉ ခုနှစ်နှင့် ယနေ့တူတဲ့အခက်က ဘာတူသလဲ
ဆိုလျှင် ကျွန်တော်တို့ နိုင်ငံရေးသမားတွေနှင့် နိုင်ငံရေးရဲ့ ဂယက်အရိုက်ခံရတဲ့ တပ်မတော်
ထဲမှာရှိနေတဲ့ အရာရှိအချို့မှာ (Hysteria) ခေါ်တဲ့ အယူသီးမှုနှင့်အယူသီးပြီး ကမူးရှူးထိုးမှု
ဖြစ်ပါတယ်။ ၁၉၄၈-၄၉ ခုနှစ်မှာ ကွန်မြူနစ် အယူသီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်လို
ပန်းရောင်ကွန်မြူနစ်တွေတောင
် တော်တော်အယူသီးခဲ့ပါတယ်။ သည်နေ့ကျတော့ ဘယ်လို
အယူပျံ့နှံ့နေသလဲဆိုလျှင် ကွန်မြူနစ်ဆန့်ကျင်ရေး (Anti Communist Hysteria) တွေ
ဖြစ်ပါတယ်။ သည် Hysteria ကြောင့် အင်မတန်ကောင်းတဲ့ အဖြစ်အပျက်တွေလည်း
ဖြစ်နေပါတယ်။ ဒါကို ကျွန်တော် ရှင်းပါရစေ။ .....။
ဦးလှအောင် (ဝေါ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... အမတ်မင်း ဦးသိန်းဖေမြင့်ဟာ နိုင်ငံတော်
ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို ဝေဖန်နေတာလား၊ ကျွန်တော်တို့ကို သင်တန်းပေးနေတာလားလို့
မေးချင်ပါတယ်။
ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... ဝေဖန်မြဲ ဝေဖန်နေပါတယ်။ .....။
ဦးဇန်ထားဆင် (မြစ်ကြီးနားအရှေ့ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား ... ဥက္ကဋ္ဌကြီး သတ်မှတ်
ပေးတဲ့ အချိန်ဟာ လူတစ်ယောက်ကို ၉ မိနစ်နှင့် ၁၀ စက္ကန့် ဖြစ်ပါတယ်။ ယခု ဦးသိန်းဖေမြင့်
ပြောနေတာ မိနစ် ၂၀ လောက် ရှိပါပြီ။ .....။
ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲသည်တော့ ကွန်မြူနစ် ဆန့်ကျင်ရေး
ရှုထောင့်နှင့်သာ အများအားဖြင့် ဆုံးဖြတ်တဲ့အခါမှာ ဘယ်အခါမဆို ကွန်မြူနစ်နှင့်
မပေါင်းနိုင်ဘူး၊ ကွန်မြူနစ်နှင့် နီးတဲ့လူနှင့် မပေါင်းနိုင်ဘူး၊ အဲသည်လိုဖြစ်တယ်။ သည်လို
ဖြစ်လာတော့ တစ်မျိုးသားလုံးညီညွတ်ရေးမှ
ာ ဘယ်နည်းနှင့်မျှ သူတို့ကို မယုံကြည်နိုင်ဘူး
ဖြစ်နေပါတယ်။
ဗိုလ်ခင်မောင်ကလေး (မန္တလေးမြောက်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ တစ်မျိုးသားလုံး
ညီညွတ်ရေးဆိုတာ ဘယ်ကမ္ဘာ ဘယ်တိုင်းပြည်မှာ ရဖူးပါသလဲ။
----------
သခင်ချစ်မောင် (သာယာဝတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဒါက Constitutional Crisis
ဖြစ်နေတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံကို ဝေဖန်တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့
ဗမာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ ပြဿနာဟာ ပါလီမန်ဒီမိုကရေစီရဲ့ ဘောင်ချဲ့
လာလေလေ ပြည်တွင်းစစ်ရဲ့ဘောင်ဟာ ကျဉ်းသွားရမှာက မုချဖြစ်ပါတယ်။ .....။
တည်မြဲနှင့်သန့်ရှင်းဆိုပြီ
း ပါလီမန်လွှတ်တော်မှာ အာဏာလုပွဲ ဆင်နွှဲခဲ့ကြပါတယ်။ သည်လို
အချိန်အခါမှာ ပမညတဟာ ဟိုဘက်မပါ သည်ဘက်မလိုက်ပဲ ကြားနေလို့မရကောင်းပါဘူး၊
ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာအတိုင်း မိမိတို့ယုံကြည်ရာဘက်ကို မဲပေးရပါတယ်။
သခင်ဘသက် (ဘိုကလေးတောင်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပွင့်ပွင့်လင်းလင်းပြောပါ၊
ကျွန်တော်တို့ ဝင်ပေါင်းလိုက်တယ်လို့ ပြောပါ။
သခင်ချစ်မောင် (သာယာဝတီ)။ ။ .....။ ပမညတအဖွဲ့ဟာ လူမှုရေးထက် မူရေးကို အဓိက
ထားခဲ့ပါတယ်။ လူမှုရေးကိုသာ အဓိကထားမည်ဆိုလျှင် ကျွန်တော်တစ်ယောက်အနေနှင့်
မှန်တဲ့အတိုင်း ပြောရလျှင် ဦးဗဆွေကို မဲပေးခဲ့ပြီးသားပါ၊ သို့သော်လည်း ဒါဟာ မဖြစ်နိုင်ပါဘူး၊
မူကိုပဲ အဓိကထားရပါတယ်။
ဦးထွန်းအောင် (ဒိုက်ဦး)။ ။ ဟိုအခါတုန်းက ဦးနုကို မဲပေးခဲ့ပါတယ်။
သခင်ချစ်မောင် (ကြံခင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ မူကိုသတ်မှတ်ပြီး မဲပေးတဲ့အတွက်
ဖဆပလ နှစ်ခြမ်း ကွဲတယ်ဆိုတာ သတိပြုပါ။
ဦးထွန်းအောင် (ဒိုက်ဦး)။ ဖဆပလ ၂ ခြမ်းကွဲတာဟာ ပမညတ မြှောက်ပေးလို့ ကွဲတာပါ။
ဗိုလ်ဘအောင် (ပဲခူးမြောက်ပိုင်း)။ ။ ဝေစုမတည့်လို့ ကွဲတာပါ။
ဦးသိန်းဖေမြင့် (ဘုတလင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖဆပလ ၂ ခြမ်းကွဲတာဟာ ပမညတ
မြှောက်ပေးလို့ဆိုရင် ဖဆပလဟာ သနားစရာပါပဲ (ရယ်သံများ)။
ဦးထွန်းအောင် (ဒိုက်ဦး)။ ။ ဦးသိန်းဖေမြင့် လက်ရာအများကြီး ပါပါတယ်လို့ ထင်ပါတယ်။
သခင်ချစ်မောင် (သာယာဝတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ သည်တော့ စဉ်းစားစရာဖြစ်ပါတယ်။
ကျွန်တော် ယခုတွင်က အစီရင်ခံတဲ့အတိုင်း ဗိုလ်ချုပ်ကြီးနေဝင်းဟာ စစ်သည်တော်
တစ်သိန်းကျော်နှင့် လက်နက်ကိုင် အင်အားစုများအပေါ်မှာ သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီးပါ၊
ဤပါလီမန်လွှတ်တော်က ကျွန်တော့်ကို လိုလားသေးလျှင်ဆိုရင် လိုလားပြန်လည်း အကျပ်၊
မလိုလားပြန်လျှင်လည်း အကျပ်နှင့် အများကြီးဒုက္ခပေးတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။
ဗိုလ်ခင်မောင်ကလေး (မန္တလေးမြောက်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပမညတတွေ
သတ္တိရှိတယ်ဆိုလျှင် ရှင်းရှင်းပြောပါ။ ကျပ်တယ် မကျပ်ဘူးဆိုတာ ပြောစရာ မလိုပါဘူး။
သခင်ချစ်မောင် (သာယာဝတီ)။ ။ .....။ တိုင်းပြည်ရဲ့ အကျိုးစီးပွားအနေနှင့် ကြည့်မည်
ဆိုလျှင် ပါလီမန် ဒီမိုကရေစီ နည်းနှင့်မှတစ်ပါး အခုအခြေအနေမှာ အခြားနည်းနှင့်
ဘယ်ပြဿနာကိုမျှ ဖြေရှင်းလို့ မရနိုင်ပါဘူး၊ သန့်ရှင်းဖဆပလနှင့် ပမညတတို့ဟာ
ရွေးကောက်ပွဲကို ဝင်ခဲ့ရပါတယ်။ သည်အဖွဲ့တွေသာလျှင် ရွေးကောက်ပွဲဝင်ရဲတဲ့ အဖွဲ့များ
ရှိပါတယ်လို့ ကျွန်တော် ရိုးရိုးသားသား မြင်ပါတယ်။
သခင်စံမြင့် (သနပ်ပင်)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပမညတက ခွဲထွက်သွားတဲ့ တရားမျှတ
ကိုရော ထည့်ပြောပါဦး။
သခင်ဘသက် (ဘိုကကလေးတောင်ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ပြိုင်ရဲပါတယ်
မကြောက်ပါဘူး၊ လိမ်မပြောပါနဲ့။
သခင်ချစ်မောင် (သာယာဝတီ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ သည်လိုအခြေအနေမျိုးကို
ကြောက်လန့်တဲ့အတွက်၊ စိုးရိမ်တဲ့အတွက် သည်နေ့ ပါလီမန်ဒီမိုကရေစီကို ပါလီမန်လွှတ်တော်
ထဲမှာသော်လည်းကောင်း၊ ပြည်သူလူထု အပေါ်မှာသော်လည်းကောင်း ပြန်လည်ရုပ်သိမ်း
ရော့သလားဆိုတာ သည်နေ့ ကျယ်ကျယ်မေးပြီး တိုးတိုးဖြေနေတဲ့ ပုစ္ဆာရဲ့အဖြေ
ဖြစ်နိုင်ကောင်းရဲ့လို့ ကျွန်တော် သေသေချာချာ ယုံကြည်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား၊ အဲသည့်
နောက်ကွယ်မှာ ...
ဗိုလ်ခင်မောင် (ညောင်လေးပင်အနောက်ပိုင်း)။
။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျယ်ကျယ်မေးပြီး
တိုးတိုးဖြေတယ် ဆိုတာ အဓိပ္ပါယ်နားမလည်ပါဘူး၊ ကျေးဇူးပြုပြီး ရှင်းပြပါ။
ဦးတင်မောင် (ညောင်လေးပင်အရှေ့ပိုင်း)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်ဖြေပါမည်၊
ကျယ်ကျယ်မေးပြီး တိုးတိုးဖြေတယ်ဆိုတာ ပါလီမန်ဒီမိုကရေစီကို မသုံးဘဲ သေနတ်ကြီး
ကိုင်ပြီး ပြိုင်ရဲတဲ့လူကို ပြောတာပါ။
သခင်ဗသိန်း (အမရပူရ)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား၊ သူပုန်မကုန်ခင် ရွေးကောက်ပွဲလုပ်တာ
ကြိုက်တယ် မဟုတ်လား။
- စာညွှန်းတင်သူ -Maung Thant
Friday, August 24, 2012
ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းလက်စွဲ
- စာအုပ်အမည် -ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းလက်စွဲ
- ရေးသားသူ -တင်မောင်ဝင်း
- စာပေအမျိုးအစား - စီးပွါးရေး
- စာမျက်နှာ - ၄၂၇ မျက်နှာ
- ထုတ်ဝေသည့် ခုနှစ် - ၂၀၀၈-ခု၊ မတ်လ၊ ပထမအကြိမ်
- ထုတ်ဝေသည့် ခုနှစ် - ၂၀၁၁-ခု၊ ဒီဇင်ဘာလ၊ ဒုတိယအကြိမ်
- ထုတ်ဝေသည့်စာပေ - အလင်းသစ်စာပေ
- တန်ဖိုး - ၅၅၀၀ ကျပ်
- စာညွှန်းတင်သူ - မင်းဟဏ်
Wednesday, August 8, 2012
ပုဂ္ဂလအဘိဓာန်
စာအုပ်အမည် = ပုဂ္ဂလအဘိဓာန်
စာရေးသူအမည် = မောင်ထင်
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ်
စာရေးသူအမည် = မောင်ထင်
စာပေအမျိုးအစား = ဆောင်းပါးပေါင်းချုပ်
စာမျက်နှာ = ၃၃၀ - မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ဇန်နဝါရီလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စိတ်ကူးချိုချိုစာအုပ်တိုက်
စာအုပ်တန်ဖိုး = ၃၀၀၀ ကျပ်
စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်
ထုတ်ဝေသည့်ခုနှစ် = ဇန်နဝါရီလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စိတ်ကူးချိုချိုစာအုပ်တိုက်
စာအုပ်တန်ဖိုး = ၃၀၀၀ ကျပ်
စာညွှန်း = ဂန္တလောကခေတ်မှ မျက်မှောက်ခေတ် အထိ စာပေအနုပညာရှင်များ
နှင့် ထူးချွန် ထင်ရှားပုဂ္ဂိုလ်များ အကြောင်းကို ရေးသားထားသော ဆောင်းပါး
(၅၅) ပုဒ်ကိုစုစည်းထားသော စာအုပ်ဖြစ် သ ည်။
စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်
Friday, August 3, 2012
ပြည်သူ့နီတိ-၁
စာအုပ်အမည် = ပြည်သူ့နီတိ-၁
စာရေးသူအမည် = ဆရာကျော်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၆၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မဖေါ်ပြထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = ကဝိမိတ်ဆွေ စာပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၅၀-ပြား
စာညွှန်း = ၁-တန်း၊ ၂-တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
စာရေးသူအမည် = ဆရာကျော်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၆၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မဖေါ်ပြထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = ကဝိမိတ်ဆွေ စာပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၅၀-ပြား
စာညွှန်း = ၁-တန်း၊ ၂-တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
ပြည်သူ့နီတိ-၂
စာအုပ်အမည် = ပြည်သူ့နီတိ-၂
စာရေးသူအမည် = ဆရာကျော်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၁၂၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မဖေါ်ပြထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = ကဝိမိတ်ဆွေ စာပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၁-ကျပ်၊ ၅၀-ပြား
စာညွှန်း = ၃-တန်း၊ ၄-တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
စာရေးသူအမည် = ဆရာကျော်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၁၂၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မဖေါ်ပြထားပါ။
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = ကဝိမိတ်ဆွေ စာပုံနှိပ်တိုက်
စာအုပ်တန်ဖိုး = ၁-ကျပ်၊ ၅၀-ပြား
စာညွှန်း = ၃-တန်း၊ ၄-တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
ပြည်သူ့နီတိ (အလယ်တန်း)
စာအုပ်အမည် = ပြည်သူ့နီတိ (အလယ်တန်း)
စာရေးသူအမည် = ကျောင်းဆရာကြီး ဦးအုန်းမောင်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၁၉၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၅၅-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
စာအုပ်တန်ဖိုး = ဖော်ပြမထားပါ။
စာညွှန်း = အလယ်တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
စာရေးသူအမည် = ကျောင်းဆရာကြီး ဦးအုန်းမောင်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = ၁၉၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၅၅-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
စာအုပ်တန်ဖိုး = ဖော်ပြမထားပါ။
စာညွှန်း = အလယ်တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
Thursday, August 2, 2012
ပြည်သူ့နီတိ (အထက်တန်း)
စာအုပ်အမည် = ပြည်သူ့နီတိ (အထက်တန်း)(ပ+ဒု)
စာရေးသူအမည် = ကျောင်းဆရာကြီး ဦးအုန်းမောင်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = (ပ)= ၁၄၄ မျက်နှာ၊ (ဒု)= ၂၀၄ မျက်နှာ၊
စာရေးသူအမည် = ကျောင်းဆရာကြီး ဦးအုန်းမောင်
စာပေအမျိုးအစား = ကျောင်းသုံးစာအုပ်
စာမျက်နှာ = (ပ)= ၁၄၄ မျက်နှာ၊ (ဒု)= ၂၀၄ မျက်နှာ၊
ထုတ်ဝေသည့်ခုနှစ် = ၁၉၅၃-ခု၊ ဇူလိုင်လ
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
စာအုပ်တန်ဖိုး = ဖော်ပြမထားပါ။
စာညွှန်း = အထက်တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။ * ဒီစာအုပ်က ယနေ့ခေတ်နှင့် ကိုက်ညီမှုတွေ ရှိနေပါသေးသည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
စာအုပ်တန်ဖိုး = ဖော်ပြမထားပါ။
စာညွှန်း = အထက်တန်းအတွက် ပြည်သူ့နီတိဖြစ်သည်။ * ဒီစာအုပ်က ယနေ့ခေတ်နှင့် ကိုက်ညီမှုတွေ ရှိနေပါသေးသည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
Tuesday, July 31, 2012
ပလေတိုးနိဒါန်း
စာအုပ်အမည် - ပလေတိုးနိဒါန်း
စာရေးသူအမည် - ဇော်ဂျီ
စာပေအမျိုးအစား - ဒဿနစာတမ်း
စာမျက်နှာ - ၃၅၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊၂၀၀၂။
ထုတ်ဝေသည့်အကြိမ် - စတုတ္ထအကြိမ်
စာပေတိုက် - စာပေလောကစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၁၅၀၀ ကျပ်
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)
စာရေးသူအမည် - ဇော်ဂျီ
စာပေအမျိုးအစား - ဒဿနစာတမ်း
စာမျက်နှာ - ၃၅၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊၂၀၀၂။
ထုတ်ဝေသည့်အကြိမ် - စတုတ္ထအကြိမ်
စာပေတိုက် - စာပေလောကစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၁၅၀၀ ကျပ်
စာညွှန်း - ဤစာအုပ်သည် ရှေးခေတ်ဂရိဒဿနိကဆရာ ပလေတိုးရေးသားခဲ့သော
ကထာစာတမ်း (၁၃) ပုဒ်မှ ကောက်နုတ်သော စာများကို ဆရာဇော်ဂျီမှဘာသာပြန်ဆိုထားခြင်းဖြစ် သည်။ ရှေးခေတ် ဂရိနိုင်ငံနှင့်
ရှေးခေတ်ဂရိလူမျိုးတို့အကြောင်းကို နိဒါန်းအဖြစ်ဖော်ပြထားပါသည်။ ထို့နောက်
စာ(၂၄)ပုဒ် ကို ဂရိတွေးခေါ်ပညာရှင် ဆော့ခရိတ္တိ၏ သဘာဝကိုအလွယ်တကူနားလည်စေရန်
စာပါအကြောင်းအရာ အလိုက် စီစဉ်ထားပါသည်။ ဥရောပယဉ်ကျေးမှုကို တည်ထောင်ခဲ့သော
ပလေတိုးသည် ဆော့ခရိတ္တိ၏ တပည့်ဖြစ်သည့်အားလျှော်စွာ သူ၏ကထာစာတမ်းများတွင်
ဆော့ခရိတ္တိကိုခေါင်းဆောင်တင်၍ရေးသား ခဲ့ပါ သည်။ ဤစာများသည်
လောကကိုစောင့်ရှောက်တတ်သော အကျင့်စရိုက်ကောင်း၊ လောကကို ဖျတ်ဆီးတတ်သော
အကျင့်စရိုက်ဆိုးတို့ကို ဖွင့်ဆိုထားသောစာများ ဖြစ်သဖြင့် အချိန်ယူ၍
ဖတ်ရှုသင့်သော စာကောင်းများဖြစ်ပါသည်။
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)
Monday, July 9, 2012
ပါနောက်၏ ရုပ်ကြီးစင်
စာအုပ်အမည် = ပါနောက်၏ ရုပ်ကြီးစင်
စာရေးသူအမည် = ပါနောက်
စာပေအမျိုးအစား = ဇာတ်စာပေ
စာမျက်နှာ = ၈၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၇၄-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး =၁-ကျပ်
စာညွှန်း = နှစ်ပေါင်း ၇၀ကျော်တွင် ခေတ်စားခဲ့သော ပါနောက်ရုပ်ကြီးစင် အကြောင်း၊ အမြင်သဘင်ဟုလည်းခေါ်သော ရုပ်သေးပညာ၏ အဆို အငို အပြောတို့ကို ရေးသားထားခြင်း ဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
ပုဂံသား မောင်ဘကျော်
စာအုပ်အမည် = ပုဂံသား မောင်ဘကျော်
စာရေးသူအမည် = ပန်တျာမြင့်အောင်
စာပေအမျိုးအစား = ဝတ္ထု
စာမျက်နှာ = ၁၂၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၁၉၆၇-ခု၊
ထုတ်ဝေသည့်အကြိမ် = ဒုတိယ အကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး =၁-ကျပ်
စာညွှန်း = တစ်ချိန်က ကျော်ကြားခဲ့သော ဇာတ်မင်းသား ပုဂံသား မောင်ဘကျော် အကြောင်း အတ္ထုပတ္တိကို ဆွေမျိုးတော်သူ ပန်တျာမြင့်အောင်မှ ဝတ္ထုအသွင် ရေးသားထားခြင်း ဖြစ်သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်
Thursday, July 5, 2012
ပေးဝေခြင်းနှင့် ဘ၀တစ်သားတည်းဖြစ်ပါစေ နှင့် ရသစာစုများ
စာအုပ်အမည်=ပေးဝေခြင်းနှင့် ဘ၀တစ်သားတည်းဖြစ်ပါစေ နှင့် ရသစာစုများ
စာရေးသူအမည် =ခင်စောတင့်
စာပေအမျိုးအစား = ရသစာပေ
စာမျက်နှာ = ၁၅၈ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် =ဇူလိုင်- ၂၀၀၈ ခုနှစ်၊
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = ကံကော်ဝတ်ရည်စာပေ
စာအုပ်တန်ဖိုး = ၁၃၀၀ ကျပ်
စာညွှန်း= ဆရာမ ခင်စောတင့် ရဲ့ စာစုလေးတွေကိုပေါင်းစုတင်ပြထားတဲ့ ရသစာစုလေးတွေ ဖြစ်ပါတယ်…
(၁) ပန်းတပွင့်ကပေးတဲ့ ဘ၀သင်ခန်းစာ
(၂) 'အိုပယ်' မဟုတ် 'အိုကြွယ်' တွေပါ
(၃) အမိမြေကြီးရဲ့တမန်တော် ပေါင်းပင်များ
(၄) အနှစ်ထုတ်ယူနိုင်တဲ့ အတွေ့အကြုံများ
(၅) လှနိုင်ကြပါစေ
(၆) သပြေညိုဆိုတဲ့အိမ်
(၇) သဘာဝနှင့် လက်တွဲလျှက်
(၈) မြေကြီးနှင့် နီးနီးကပ်ကပ်စားသောက်ခြင်း
(၉) ဇယားရှုပ်တဲ့ အလုပ်တွေ
(၁၀) သတိမထားခဲ့တဲ့ ဘ၀ရဲ့ အံ့ဖွယ်ရာတွေ
(၁၁) ရလိုက်တဲ့ လက်ဆောင်လေးတွေ
(၁၂) အောင်နိုင်ခြင်းက အဓိကမဟုတ်ပါ
(၁၃) ကြောက်ရွံ့မှု့ဆိုတဲ့ အသိပညာ
(၁၄) အချိန်နဲ့ အခါ
(၁၅) ကြောက်ရွံ့မှုလမ်းကို ဖြတ်သန်းသွားခြင်း
(၁၆) တိတ်ဆိတ်ခြင်းရဲ့အသံ
(၁၇) အသိဉာဏ်ပညာပါတဲ့ စကားလုံးများ
(၁၈) မိမိကိုယ်နဲ့ မိမိ ဆက်ဆံရေး
(၁၉) အလိုက်သင့်စီးဆင်းတတ်ရင် သင်မရူးနိုင်ပါ
(၂၀) ပျော်ရွှင်ခြင်းဖြင့် သက်ဝင်လှုပ်ရှားပါ
(၂၁) ပျော်ရွှင်နိုင်နိုင်ဖို့ နည်းပညာ
(၂၂) စွယ်စုံရ လက္ခဏာများ
(၂၃) အကျိုးပြုသူသားဆရာဝန်ကြီး
(၂၄) ညအလှကိုခံစားခြင်း
(၂၅) ပေးဝေခြင်းနှင့် ဘ၀ တစ်သားတည်းဖြစ်ပါစေ…….
အားလုံးစုစုပေါင်း ရသစာစု (၂၅) စု ပါဝင်ပါတယ်… ။
စာအုပ်အညွှန်းတင်သူ = မေသူ (ညိုချောလေး)
ပုလဲတေးသံ
စာအုပ်အမည် - ပုလဲတေးသံ
စာရေးသူအမည် - ထင်လင်း (မူရင်း : John Steinbeck – The Pearl)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထု
စာမျက်နှာ -၁၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဇန်န၀ါရီ၊ ၁၉၉၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်၊ ဒုတိယအကြိမ်
စာပေတိုက် - ဘ၀တက္ကသိုလ်စာပေ၊ ပန်ရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၂၀၀ကျပ်
စာညွှန်း - ဤ၀တ္ထုကို မူလစာရေးဆရာ ဂျွန်စတိုင်းဗက်က ၁၉၄၈ ခုနှစ်တွင် မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ၏ ပုလဲငုတ်စခန်းတစ်ခု ဖြစ်သော လာဗက်ဇ်မြို့ကိုအခြေခံ၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၀တ္ထုဟုယောဘူယအားဖြင့်ဆိုရသော်လည်း ပုံပြင်သဖွယ် လူတို့နေ့စဉ်ပြောဆိုလာကြသည့် ဖြစ်ရပ်ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောခြင်းဖြစ်သည်ဟု ဘာသာပြန်သူ၏ စကားတွင်ဖော်ပြထားသည်။ ဤ၀တ္ထုတွင် အလွန်ကြီးမားသည့် ပုလဲကြီးတစ်လုံး မည်သို့မည်ပုံတွေ့ရှိ၍ မည်သို့မည်ပုံဆုံးရှုံးသွားရသည့် အကြောင်းကို စိတ်ကူးယဉ် နှင့် ဒိဌဓမ္မသရုပ်မှန်ဖြစ်ရပ်ကို ရောနှောရေးသားထားပြီး လူတို့၏စရိုက်ကို အသေးစိတ်ချယ်မှုန်းထားပါသည်။
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)
ပထမမြန်မာများ
စာအုပ်အမည် = ပထမမြန်မာများ စာရေးသူအမည် = မင်းယုဝေ
စာပေအမျိုးအစား = အတ္ထုပတ္တိ
စာမျက်နှာ် = ၂၂၀ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = မေလ ၁ ၂၀၀၃ ခုနှစ် ၊ ( ဒုတိယအကြိမ်)
စာပေတိုက် = ရာပြည့်စာအုပ်တိုက်
စာညွန်း = ဤစာအုပ်တွင်ပြည့်ထောင်စုသာ ပုဂ္ဂိုလ် ကျော် ၁၈ ဦး၏ ဘ၀ဖြစ်စဉ်များ ၊ ကြိုးပမ်းချက်များ အားရေးသားတင်ပြထားသည့် ။ အဆိုပါ ပုဂ္ဂိုလ်ကျော် ၁၈ ဦးသည် စာပေ၊ ပန်းချီ၊ ကာတွန်း ၊ဂီတ၊သဘင်၊ရုပ်ရှင် ၊ အားကစား ၊ ဆေးပညာ၊ လူမှု့ဝန်းထမ်းတို့ နှင့်ပတ်သက်၍ မြန်မာပြည်တွင် တစ်ခတ်ဆန်းသစ်လာအောင် သူ့ခတ်သူ့အခါနှင်အညီ ကြိုးပမ်းခဲ့ကြသူများ ၏ အတွေ့အကြုံ များ ကြိုးပမ်းချင်များအား ရေးသားတင်ပြထားသည် ။ ပါဝင်သည့် ပုဂ္ဂိုလ် ကျော် များမှာ မက္ခရာမင်းသားကြီး ၊ ယောမင်းကြီး ဥိးဘိုးလှိုင်၊ ဒေါက်တာရှောလူး၊ ဂျိမ်းလှကျော်၊ဒေါ်ဦးဇွန်း ၊ ဦးရွှေကြူး ၊ ဦးဘိုးစိန်၊ စိန်ဗေဒါ ၊ ဦးဖေမောင်တင် ၊ ဦးအုန်းမောင် ၊ဦးဘကလေး (ရွေတလေး) ၊ ဦးဘဥဏ် ၊ ဒေါက်တာ ၀ါလတာချစ်ထွန်း ၊ ဦးညီပု၊ ဇော်ဂျီ၊ ဥိးဘဂျမ်း ၊ မင်းသုဝဏ် ၊ ဦးဇော်ဝိတ် တို့ ၏ မြန်မာနိုင်ငံ၏ သမိုင်းဝင် ပထမဦးဆုံးပြုလုပ်ခဲ့သည့်အကြောုင်းအရာများအားရေးသားတင်ပြထားသည် ၊
စာအညွန်းတင်သူ = Khing Soe Aung (မောင်သာဂိ)
Monday, July 2, 2012
ပလိပ်
စာအုပ်အမည် - ပလိပ်
စာရေးသူအမည် - ထင်လင်း (မူရင်း : Albert Camus – The Plague)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထုရှည်
စာမျက်နှာ - ၃၇၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊ ၂၀၀၀
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - ပန်းရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၈၀၀ ကျပ်
စာညွှန်း - ဤ၀တ္ထု၏အကြောင်းအရာမှာ ၁၉၄၀ခုနှစ်၊ အယ်လ်ဂျီးရီးယားနိုင်ငံ၊ အိုရန်မြို့တွင် ပလိပ်ကပ်ရောဂါဖြစ်ပွားသည့် အကြောင်းဖြစ်သည်။ ဤ၀တ္ထုကိုဝေဖန်ရေးဆရာများက ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ပြည်ကို နာဇီဂျာမန်တို့ သိမ်းပိုက်ထားစဉ်က အဖြစ်အပျက်များကို “ပလိပ်ကပ်ရောဂါ” သင်္ကေတဖြင့် တင်စား၍ရေးသားထားသည်ဟု ဆိုကြသည်။ ဤ၀တ္ထုတွင် ဇာတ်ကောင်တို့၏ တွေးခေါ်ပုံ၊ ယူဆပုံ၊ လှုပ်ရှားပုံ၊ အခြေအနေတစ်ခုခုကို တုန့်ပြန်ပုံတို့သည် ဒဿနတစ်ခုခုဆီသို့ ညွှန်ပြလျှက်ရှိတတ်ပါသည်။ ထို့အပြင် ဤ၀တ္ထုသည် “စည်းအပြင်ကလူ” (The Outsider) နည်းတူ အဲဘတ်ကမူး၏ အပြောင်မြောက်ဆုံးသော ၀တ္ထုတစ်အုပ်လည်းဖြစ်သည်။
စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)
Saturday, June 30, 2012
ပတ်ဝန်းကျင်မှ ရူပဗေဒ
Subscribe to:
Posts (Atom)

















