Pages

Monday, July 2, 2012

သန်းခေါင်ယံလွတ်လပ်ရေး



စာအုပ်အမည် - သန်းခေါင်ယံလွတ်လပ်ရေး
စာရေးသူအမည် - မောင်ပေါ်ထွန်း (မူရင်း : Lorry Collins & Dominique Lapierre – Freedom At Midnight)
စာပေအမျိုးအစား - အတ္ထုပတ္တိ
စာမျက်နှာ - ၄၅၂မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဇွန်လ၊ ၂၀၀၀
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - လောကသစ်စာပေတိုက်
စာအုပ်တန်ဖိုး - ၁၃၀၀ ကျပ်

စာညွှန်း - ဤစာအုပ်သည် အိန္ဒိယတိုက်ငယ်တွင် နှစ်ပေါင်း ၃၀၀ကျော်တိုင် ဗြိတိသျှတို့ ကျူးကျော်နယ်ချဲ့အုပ်ချုပ်ခဲ့သောကြောင့် အိန္ဒိယနှင့် ပါကစ္စတန်ပြည်သူများအားလုံး လူလုံးမလှ၊ ဒုက္ခမျိုးစုံခံစားခဲ့ရပုံများကို ဇာတ်လမ်းပမာ အသေးစိတ်ခြယ်မှုန်းရေးသားထားသော အတ္ထုပတ္တိစာအုပ်ဖြစ်ပါသည်။ မူလက အင်္ဂလိပ်နှင့်ပြင်သစ် နှစ်ဘာသာထဲသာ ပုံနှိပ်ခဲ့သော်လည်း ကမ္ဘာ့ဘာသာမျိုးစုံသို့ ဘာသာပြန်ဆိုကာ အရောင်းရဆုံး စာရင်းဝင်ခဲ့သောစာအုပ်လည်းဖြစ်ပါသည်။ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံခွဲခြမ်းစဉ် ကာလအတွင်းအချင်းချင်း သွေးချောင်းစီး သတ်ဖြတ်မှုများနှင့် မဟတ္တမဂန္ဒီ၏ ကိုယ်ကျိုးမဖက်အသက်မငဲ့ကွက်ဘဲ အိန္ဒိယတိုက်ငယ် တစ်ခုလုံး၏ လွတ်လပ်ရေးအတွက် ရက်ရက်ရောရောစတေးခံခဲ့ပုံများ၊ လွတ်လပ်ရေးအောင်ပွဲတွင် အဓိက ပါဝင်ခဲ့သော ကမ္ဘာ့ ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေးဒဿနများ၊ တစ်ချိန်တစ်ခါက ထင်ရာစိုင်းခဲ့သော မဟာရာဇာများ၏ ဆိုးသွမ်းရိုင်းစိုင်းပုံများ စသည့်အကြောင်းပြောင်မြောက်စွာ ရေးဖွဲ့ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment