Pages

Tuesday, June 26, 2012

ကျွန်မရေးတဲ့ စာအုပ်များထဲက

စာအုပ်အမည်= "ကျွန်မရေးတဲ့ စာအုပ်များထဲက"
စာရေးသူအမည် = လူထုဒေါ်အမာ
စာပေအမျိုးအစား = ဆောင်းပါး
ထုတ်ဝေသည့်ခုနှစ် = ၂၀၁၁-ခု၊ နိုဝင်ဘာလ
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = လူထုစာအုပ်တိုက်
စာမျက်နှာ = ၁၇၅ မျက်နှာ
စာညွှန်း= မြားနတ်မောင်မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် လူထုဒေါ်အမာ၏ ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ “အငြိမ့်”၊ “ကမ္ဘာ့အကြီးဆုံး စာအုပ်”၊ “ရွှေဒေါင်းတောင်”၊ “မြန်မာ့မဟာဂီတ”၊ “ဆေးလိပ်နှင့် လူသား”၊ “မန္တလေးသူ မန္တလေးသားများ”၊ “ရတနာပုံ မန္တလေး - မန္တလေး - ကျွန်မတို့ မန္တလေး”၊ “ပြည်သူချစ်သော အနုပညာသည်များ” အပါအ၀င် အထင်ကရစာအုပ်များ၏ နောက်ခံသမိုင်းကြောင်းနှင့် စာအုပ်ထွက်ပြီးနောက် ထွက်ပေါ်လာခဲ့သည့် ပဲ့တင်တံဂယက်များကို အမှတ်တရအဖြစ် ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ စာကောင်းပေကောင်းတစ်အုပ် သန္ဓေတည်မွေးဖွားလာစေရန် စာရေးသူ ဘယ်လောက်အထိ အဆင်းရဲခံကြိုးပမ်းခဲ့ရ၊ လုံးပမ်းခဲ့ရပုံကို ဆောင်းပါးများတွင် အထင်းသားတွေ့ရှိရမည်ဖြစ်သည်။စာညွှန်းတင်ပြသူ= မြတ်သွင်

1 comment: