Pages

Saturday, June 30, 2012

စည်းအပြင်ကလူ




စာအုပ်အမည် = စည်းအပြင်ကလူ
စာရေးသူအမည် = ထင်လင်း (မူရင်း Albert Camus : The Outsider)
စာပေအမျိုးအစား = ဘာသာပြန်ဝတ္တုရှည်
စာမျက်နှာ = ၂၁၉ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = သြဂုတ်လ၊ ၁၉၉၆

ထုတ်ဝေသည့်အကြိမ် = စတုတ္ထအကြိမ်
စာပေတိုက် = ပန်းရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး = ၁၅၀၀-ကျပ်

စာညွှန်း =  ဤဝတ္ထုတွင် အဓိကဇာတ်ဆောင်ဖြစ်သူ ‘မားဆိုး’ သည် သာမန်လူငယ်တစ်ယောက်ဖြစ်သည်။ သာမန်ဆိုရာ၌ အစစအရာရာ သာမန်အနေအထိုင် သာမန်အတွေးအခေါ်ရှိသည့် လူထဲကလူတစ်ယောက်ဖြစ်သည် ဟုဆိုလိုသည်။ သူ့ဘဝနှင့်ပတ်သက်၍ ငြိုငြင်စရာ ငြူစူစရာဆို၍ဘာမျှမရှိ။ ရှိလည်းငြိုငြင်တတ် ငြူစူတတ်သူမဟုတ်။ သူ့ဘဝသူပျော်သည်။ ဝမ်းရေးအတွက် နေ့စဉ်အလုပ်လုပ်ရခြင်း၊ အလုပ်ပြီးလျှင် အိမ်ပြန်၊ လမ်းလျှောက်ထွက်၊ မိန်းကလေးများကိုကြည့်ပြီးသဘောကျ၊ သူ့အခန်းမှနေ၍ လမ်းထဲတွင်သွားကြလာကြသူများကို တမေ့တမောထိုင်ကြည့်၊ သူ့အခန်းတွင် ချက်စားချင်သည့်အခါ ချက်စား၍ မချက်ချင်သည့်အခါ ဆိုင်သွားစားလိုက်၊ စနေ တနင်္ဂနွေရက်အားများတွင် ပင်လယ်ကွေ့ထဲ သွားရေကူး စသည်ဖြင့် သူ့ဘဝသူကျေနပ်နေသူဖြစ်သည်။ မတော်တဆလူသတ်မှုဖြစ်ပြီး သေဒဏ်ကျခံရကာ နောက်ဆုံးတွင်ဖြစ်ချင်ရာဖြစ်တော့ဟု သဘောထားလိုက်သည်တွင် သူ၏စိတ်များလည်းငြိမ်သက်သွားကာ သေရမှာကိုရှေးကလို မကြောက်တော့ဟုဆိုသည်။ ဝတ္ထုအစတွင် တွေ့ရသော ကုန်တိုက်စာရေးလေး "မားဆိုး" ၏အပူအပင်ကင်းမဲ့သော ခပ်ခပ်ပေါ့ပေါ့ဘဝ သည် တဖြည်းဖြည်းလေးနက်လာကာ နောက်ဆုံးအချိန်တွင် ပြည့်ဝသွားသည့်လက္ခဏာများဖြင့်အဆုံးသတ်ထားသည်။
            နှစ်ဆယ်ရာစုသို့အဝင် အထူးသဖြင့် ပထမကမ္ဘာစစ်ကြီး အပြီးတွင် လူတို့၌ အသိတစ်မျိုးဝင်လာသည်။ ထိုအသိကား အခြားမဟုတ် သေခြင်းတရား နှင့်ပတ်သက်သည့်အသိ၊ သေခြင်းတရားသည် မလွှဲမရှောင်သာ ကိစ္စဖြစ်သည်ကို ရှေးကထက်ပိုမို သိမြင်လာကြသည်။ ဤသို့ ပိုမိုသိမြင်လာကြသည်နှင့်အမျှ လူ့ဘဝ၏ မတည်မြဲသော အဓိပ္ပါယ်ကင်းမဲ့သော သဘောကိုလည်း ပိုမိုသိမြင်လာကြသည်။

စာအုပ်အညွှန်းတင်ပြသူ = သီဟကျော်

1 comment: