Pages

Thursday, September 27, 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

  • စာအုပ်အမည် = ဆရာကြီး သခင်ကိုယ်တော်မှိုင်း
  • ရေးသားသူ = လူထုဒေါ်အမာ
  • စာအုပ်အမျိုးအစား = အတ္ထုပ္ပတ္တိ
  • စာမျက်နှာ = ၄၁၂ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၂၀၀၉-ခု၊ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် = ဒုတိယအကြိမ်
  • တန်ဖိုး = ၄၅၀၀-ကျပ်
  • စာပေတိုက် =  လူထုစာအုပ်တိုက်

၁၉၇၅ ခုနှစ်က ကျရောက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း အသက် ၁၀၀ ပြည့်မွေးနေ့အတွက် ဆရာကြီးအတ္ထုပ္ပတ္တိကို လူထုဒေါ်အမာက ရေးသားထားခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ကိုယ်ကျိုးစီးပွားအတွက် လုံးဝမစဉ်းစားခဲ့သော၊ ရပ်တည်ချက်မှန်မှန်နှင့် ဖြူစင်ဖြောင့်မတ် သည့် စေတနာ ထားနိုင်ခဲ့သော၊ အမှန်တရားတစ်ခုအတွက် ဘာမဆို ရင်ဆိုင်ခဲ့သော ဆရာကြီး အကြောင်းကို လူထုဒေါ်အမာမှ ရေးသားထားရာတွင် ဆရာကြီး၏ ငယ်ဘ၀မှ စတင်ကာ၊ ဆရာကြီး၏ ငယ်ဆရာ နှစ်ပါး အကြောင်း၊ ဆရာကြီး၏ ရုပ်ရည်နှင့် စိတ်သဘောထား၊ ဆရာကြီး၏ ဆွေမျိုးများ၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးဖိုဖြစ်ခဲ့ရသည့် ဆရာကြီး၏ အိမ်ထောင်ရေး၊ ဆရာကြီးနှင့် သူ၏ သားသမက် ဦးယော(ဆရာဇေယျ)၊ ဆရာကြီး ၀ါသနာပါခဲ့သော အဂ္ဂိရတ်၊ ဆရာကြီးနှင့် စံဖဲအရေး၊ ဆရာကြီးနှင့် သခင်လှုပ်ရှားမှု၊ စစ်အတွင်း ကာလ ဆရာကြီး၏ လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့်အတွက် စတာလင်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပုံ၊ စာပေနယ်မှ ဆရာကြီးအကြောင်း၊ ကွယ်လွန်ခါနီးအချိန် တွေ့ရသည့် ဆရာကြီး၏ မြင်ကွင်း၊ ကွယ်လွန်ပြီး ဆရာကြီးကို ဂူဗိမာန်သွင်းပုံတို့ကို ရှားပါးဓာတ်ပုံများစွာနှင့်အတူ အသေးစိတ် မှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။ လူထုဒေါ်အမာ၏ အရေးအသားကို ကြိုက်သူ အတွက်ကတော့ ဝယ်သင့်သော စာအုပ်ပါ။ စာအုပ်၏ထူးခြားချက်မှာ ပင်နီဖျင်စပေါ်ဆေးဆိုးပန်း ရိုက်နှင့် ရေးဆွဲထားပြီး အဖုံးအခန့်ချုပ်ကာ စက္ကူဂျပ်ဗူးနှင့် ထည့်ထားပါသည်။ လက်ဆောင်ပေးရန် အတွက် လည်း ကောင်းပါသည်။

  • စာညွှန်းတင်သူ - မြတ်သွင်

No comments:

Post a Comment