Pages

Thursday, August 9, 2012

မြန်မာ့စောင်း

စာအုပ်အမည် - မြန်မာ့စောင်း
စာရေးသူအမည် - ရဲမြလွင်
စာပေအမျိုးအစား - ဘာသာပြန်
စာမျက်နှာ - ၂၂၄ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ၂၀၀၂-ခု၊ ဇန်နဝါရီလ
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - တကောင်းစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၅၀၀ ကျပ်

စာညွှန်း - ဂျပန်လူမျိုး Michio Takeyamaရေးသားသည့် Biruma no Tategoto, Harp of Burma ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် ဤ၀တ္ထုရှည်ကို ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာပြည်ရောက်ဂျပန်စစ်သားများကို ဇာတ်အိမ်ဖွဲ့၍ ရေးသားထားခြင်းဖြစ်သည်။ ၀တ္ထုသည် သာမန် စိတ်ကူးယဉ်ဝတ္ထု တစ်ပုဒ်မျှသာဖြစ်သော်လည်း ၀တ္ထုတွင် ပါဝင်သော ဂီတ၀ါသနာရှင် တပ်စိပ် ကလေးမှာ အမှန်တကယ်ပင် ရှိခဲ့သည်။ စစ်အတွင်း မြန်မာလူမျိုးတို့၏ သဘောထားကြီးပုံ၊ ကူညီ ခဲ့ပုံ၊ မြန်မာများအပေါ် ရက်စက်ခဲ့သည့်အတွက် နောင်တရ၍ မဆုံးဖြစ်ပုံများကို ထိုတပ်စိပ်တွင် ပါဝင်ခဲ့ကြ သည့် စစ်သားများသည် ယခုထက်တိုင် TVအစီအစဉ်များမှတဆင့် တဖွဖွ ပြောကြားနေဆဲဖြစ်သည်။ မူရင်းစာရေးသူသည် ဤ၀တ္ထုရှည်ကြီးကို Akatomboခေါ် ပုစဉ်းနီကလေးဂျာနယ်တွင် ဦးစွာ အခန်းဆက်ရေးသားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ၀တ္ထုစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုစာအုပ်ဖြင့် မိုင်းနိကျီစာပေဆုနှင့် ပညာရေးဝန်ကြီးဌာန၏ စာပေဆုများကို ရရှိခဲ့ပြီး အင်္ဂလိပ်ဘာသာသို့ပါ အကြိမ်ကြိမ် ပြန်ဆိုခြင်း ခံခဲ့ရသည်။ ထို့ပြင် ရုပ်ရှင်အဖြစ်ပါ ရိုက်ကူးပြသရာ ဂျပန်နိုင်ငံ သာမက နိုင်ငံတကာကပါ အထူးနှစ်ခြိုက်ကြသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့ကြီး၏ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့သည်။ စစ်၏ အနိဋ္ဌာရုံနှင့် ဂီတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ကို မီးမောင်းထိုးပြနိုင်ခဲ့ရုံသာမက အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးလော၊ စစ်ပွဲလောဟု မေးခွန်းကိုပါ ထုတ်ပြခဲ့သည့် ၀တ္ထုရှည်တစ်ပုဒ်ဖြစ်သည်။
မှတ်ချက်။ ။ရုပ်ရှင်လည်းရှိပါတယ်။ ဒါပေမဲ့ စာအုပ်လောက် ရသမပေါ်လွင်ပါ။

စာအုပ်အညွှန်းတင်သူ = မြတ်သွင်

No comments:

Post a Comment