Pages

Friday, August 24, 2012

ဝတ္ထုတိုပေါင်းချုပ် ၁၉၇၆-၂၀၀၅

  • စာအုပ် အမည် - ဝတ္ထုတိုပေါင်းချုပ် ၁၉၇၆ - ၂၀၀၅
  • ရေးသားသူ - မင်းလူ
  • စာမျက်နှာ - ၄၁၁
  • ထုတ်ဝေသည့် ခုနှစ် - နိုဝင်ဘာ ၂၀၁၁-ခုနှစ်
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • တန်ဖိုး - ၅၀၀၀ ကျပ်

ဆရာမင်းလူနှင့် ပတ်သက်ပြီး အထူးညွှန်းစရာမလိုဟု ဆိုရမည်ဖြစ်သည်။ ဆရာ၏ ဝတ္ထုတိုများသည် အသွင်ဆန်း၊ အမြင်ဆန်းနှင့် ဖတ်ရသည်မှာ အများနှင့်မတူသော ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့သော အများနှင့် မတူသည့် ခံစားချက်ကို ဖန်တီးနိုင်စွမ်း ရှိသည့်အတွက် ဘယ်အချိန်ဖတ်ဖတ် မရိုးနိုင်သော သဘောဆောင် နေပေသည်။

ဟိုယခင်က ဆရာ့ဝတ္ထုများကို ဆန့်တငန့်ငန့်သာ ဖတ်ရသည်၊ အတိုလေးများစု စာလုံးအကြီးကြီးသုံး စာအုပ်ကို အတင်းချဲ့ထားသော ပုံစံမျိုး ဖြစ်နေသဖြင့် ဖတ်ရတာ အားမရ ( ဆရာ့ ဝတ္ထုများတွင်တော့ ထိုကဲ့သို့သော ဝတ္ထုပုံစံ ရှားပါသည်။ ) အခုတော့ အားလုံး စုပြီး ထုတ်ပေးလိုက်ပြီ အားရပါးရ ဖတ်ရပေတော့မည်။ ဆရာ ဝတ္ထုများထဲမှ အများမတူ တစ်မူထူးသော အရေးအသားတစ်ခုကို ကောက်နှုတ် ဖော်ပြရမည်ဆိုလျှင်

”လောကကြီးတွင် အစစ်အမှန်တရားဟူသည် ရှိသလော။ မည်ကဲ့သို့သော အရာပေနည်းဟု တွေးခေါ်ရှင်တို့ ကြံဆခဲ့သည်။ အစစ်အမှန်တရားသည် အာပေါဓာတ်ဖြစ်သည်ဟူ၍ လည်းကောင်း၊ အနန္တဝိညာဉ်တော် ဖြစ်သည် ဟူ၍လည်းကောင်း၊ အရာဝတ္ထုတို့၏ ဆန့်ကျင်ပေါင်းစည်းခြင်း ဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုးတွေးဆခဲ့ကြသည်။

မောင်စုအဖို့မူ အစစ်အမှန်တရားသည် ရေခဲတုံးနှင့် ရေခဲရေပင်ဖြစ်သည်။ ရေခဲတုံးသည် သူ့ဘဝ၊ ရေခဲရေဖြင့် လူအများကို ငြိမ်းအေးစေမည်။”

  • စာညွှန်းတင်သူ - စိုးသီဟနောင်

No comments:

Post a Comment