Pages

Thursday, July 5, 2012

ပုလဲတေးသံ



စာအုပ်အမည် - ပုလဲတေးသံ
စာရေးသူအမည် - ထင်လင်း (မူရင်း : John Steinbeck – The Pearl)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထု
စာမျက်နှာ -၁၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဇန်န၀ါရီ၊ ၁၉၉၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်၊ ဒုတိယအကြိမ်
စာပေတိုက် - ဘ၀တက္ကသိုလ်စာပေ၊ ပန်ရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၂၀၀ကျပ်

စာညွှန်း - ဤ၀တ္ထုကို မူလစာရေးဆရာ ဂျွန်စတိုင်းဗက်က ၁၉၄၈ ခုနှစ်တွင် မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ၏ ပုလဲငုတ်စခန်းတစ်ခု ဖြစ်သော လာဗက်ဇ်မြို့ကိုအခြေခံ၍ ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၀တ္ထုဟုယောဘူယအားဖြင့်ဆိုရသော်လည်း ပုံပြင်သဖွယ် လူတို့နေ့စဉ်ပြောဆိုလာကြသည့် ဖြစ်ရပ်ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောခြင်းဖြစ်သည်ဟု ဘာသာပြန်သူ၏ စကားတွင်ဖော်ပြထားသည်။ ဤ၀တ္ထုတွင် အလွန်ကြီးမားသည့် ပုလဲကြီးတစ်လုံး မည်သို့မည်ပုံတွေ့ရှိ၍ မည်သို့မည်ပုံဆုံးရှုံးသွားရသည့် အကြောင်းကို စိတ်ကူးယဉ် နှင့် ဒိဌဓမ္မသရုပ်မှန်ဖြစ်ရပ်ကို ရောနှောရေးသားထားပြီး လူတို့၏စရိုက်ကို အသေးစိတ်ချယ်မှုန်းထားပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment