Pages

Tuesday, July 31, 2012

ပလေတိုးနိဒါန်း

စာအုပ်အမည် - ပလေတိုးနိဒါန်း
စာရေးသူအမည် - ဇော်ဂျီ
စာပေအမျိုးအစား - ဒဿနစာတမ်း
စာမျက်နှာ - ၃၅၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊၂၀၀၂။
ထုတ်ဝေသည့်အကြိမ် - စတုတ္ထအကြိမ်
စာပေတိုက် - စာပေလောကစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၁၅၀၀ ကျပ်

စာညွှန်း - ဤစာအုပ်သည် ရှေးခေတ်ဂရိဒဿနိကဆရာ ပလေတိုးရေးသားခဲ့သော ကထာစာတမ်း (၁၃) ပုဒ်မှ ကောက်နုတ်သော စာများကို ဆရာဇော်ဂျီမှဘာသာပြန်ဆိုထားခြင်းဖြစ် သည်။ ရှေးခေတ် ဂရိနိုင်ငံနှင့် ရှေးခေတ်ဂရိလူမျိုးတို့အကြောင်းကို နိဒါန်းအဖြစ်ဖော်ပြထားပါသည်။ ထို့နောက် စာ(၂၄)ပုဒ် ကို ဂရိတွေးခေါ်ပညာရှင် ဆော့ခရိတ္တိ၏ သဘာဝကိုအလွယ်တကူနားလည်စေရန် စာပါအကြောင်းအရာ အလိုက် စီစဉ်ထားပါသည်။ ဥရောပယဉ်ကျေးမှုကို တည်ထောင်ခဲ့သော ပလေတိုးသည် ဆော့ခရိတ္တိ၏ တပည့်ဖြစ်သည့်အားလျှော်စွာ သူ၏ကထာစာတမ်းများတွင် ဆော့ခရိတ္တိကိုခေါင်းဆောင်တင်၍ရေးသား ခဲ့ပါ သည်။ ဤစာများသည် လောကကိုစောင့်ရှောက်တတ်သော အကျင့်စရိုက်ကောင်း၊ လောကကို ဖျတ်ဆီးတတ်သော အကျင့်စရိုက်ဆိုးတို့ကို ဖွင့်ဆိုထားသောစာများ ဖြစ်သဖြင့် အချိန်ယူ၍ ဖတ်ရှုသင့်သော စာကောင်းများဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment