Pages

Monday, July 2, 2012

ပလိပ်



စာအုပ်အမည် - ပလိပ်
စာရေးသူအမည် - ထင်လင်း (မူရင်း : Albert Camus – The Plague)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထုရှည်
စာမျက်နှာ - ၃၇၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊ ၂၀၀၀
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - ပန်းရွှေပြည်စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၈၀၀ ကျပ်

စာညွှန်း - ဤ၀တ္ထု၏အကြောင်းအရာမှာ ၁၉၄၀ခုနှစ်၊ အယ်လ်ဂျီးရီးယားနိုင်ငံ၊ အိုရန်မြို့တွင် ပလိပ်ကပ်ရောဂါဖြစ်ပွားသည့် အကြောင်းဖြစ်သည်။ ဤ၀တ္ထုကိုဝေဖန်ရေးဆရာများက ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ပြည်ကို နာဇီဂျာမန်တို့ သိမ်းပိုက်ထားစဉ်က အဖြစ်အပျက်များကို “ပလိပ်ကပ်ရောဂါ” သင်္ကေတဖြင့် တင်စား၍ရေးသားထားသည်ဟု ဆိုကြသည်။ ဤ၀တ္ထုတွင် ဇာတ်ကောင်တို့၏ တွေးခေါ်ပုံ၊ ယူဆပုံ၊ လှုပ်ရှားပုံ၊ အခြေအနေတစ်ခုခုကို တုန့်ပြန်ပုံတို့သည် ဒဿနတစ်ခုခုဆီသို့ ညွှန်ပြလျှက်ရှိတတ်ပါသည်။ ထို့အပြင် ဤ၀တ္ထုသည် “စည်းအပြင်ကလူ” (The Outsider) နည်းတူ အဲဘတ်ကမူး၏ အပြောင်မြောက်ဆုံးသော ၀တ္ထုတစ်အုပ်လည်းဖြစ်သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment