Pages

Monday, August 13, 2012

စာအုပ် အမည် - မှောင်လွန်းသော ညများ (၁၉၆၇ ခုနှစ် အမျိုးသားစာပေဆုရ (ဝတ္ထုရှည်))
ရေးသားသူ - ညိုဝင်း
စာပေအမျိုးအစား - သရုပ်မှန်
စာမျက်နှာ - ၂၇၉
ထုတ်ဝေသည့် ခုနှစ် - မတ် ၂၀၁၂
ထုတ်ဝေသည့် အကြိမ် - ဆဋ္ဌမအကြိမ်
တန်ဖိုး - ၃၀၀၀ ကျပ် (စာရွက်ချော)

စာညွှန်း - သရုပ်မှန် စာပေအမျိုးအစားဖြစ်ပြီး အတူး၏ ဘဝကို လှလှပပဖွဲ့နွဲ့သွားသော ဝတ္ထုဖြစ်သည်။ အတူး၏ ငယ်စဉ်ဘဝ မှောင်လွန်းသောညများ၊ ဘဝ၏ မထင်မှတ်သော အချိုးအကွေ့များ၊ သည်းခံခြင်း၊ မေတ္တာတရားတို့၏ မြင့်မြတ်ပုံ၊ အတူးနှင့် မိနီတို့၏ မေတ္တာတရား၊ အတူး၏ မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယ၊ လက်က မချနိုင်အောင် တစ်ထိုင်တည်း ဖတ်ဖြစ်မယ့် အမျိုးသားစာပေဆုရ ဝတ္ထုဖြစ်သည်။

(ဒီ စာအုပ်ကို ဖတ်ပြီး ကျွန်တော် စိတ်ထဲတွင် မေးခွန်းများသွား ကျန်ရစ်ခဲ့သည်။

  1. အတူးသာ ငယ်ငယ်က တေပေလေလွင့်နေသော ကလေးများနှင့် အနေကြာခဲ့လျှင် ဘာဆက်ဖြစ် မည် နည်း။
  2. တေပေလေလွင့်နေသော ကလေးများနှင့် ပေါင်းပြီး ကလေးထောင် ရောက်သွားခဲ့လျှင် ဘာဆက်ဖြစ် မည်နည်း။
  3. မိဘမဲ့၊ တစ်ကောင်ကြွက်၊ ငယ်စဉ်က အခုလောက်အထိ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ခိုင်းစေခံခဲ့ ရသော ကလေး၏ အကောင်းဓာတ်ခံ ဗီဇစိတ်သည် နဂိုအတိုင်းကျန်နေခွင့် ရှိပါ၏လော။
  4. ထွက်ပြေးလာအောင် အိမ်ပြေးကလေးများ၏ အနာဂတ်တိုင်း မည်ကဲ့သို့ ရှိကြနည်း။

မိတ်ဆွေရော အခုလို မေးခွန်းတွေ စိတ်ထဲမှာ ဖြစ်လာချင်တယ်ဆိုရင် ခုပဲ ဖတ်ကြည့်လိုက်ပါ။ )

စာအုပ်ညွှန်းတင်သူ - စိုးသီဟနောင်

1 comment:

  1. ဘယ်ကနေဒေါင်းရမလဲမသိဘူး

    ReplyDelete