Pages

Wednesday, August 8, 2012

ရဲဘော်ဘခက်ရေးသည့် ဘခက်အကြောင်း

စာအုပ်အမည်                = ရဲဘော်ဘခက်ရေးသည့် ဘခက်အကြောင်း
စာရေးသူအမည်             = ရဲဘော်ဘခက်
စာပေအမျိုးအစား           = နိုင်ငံရေး
စာမျက်နှာ                    = ၅၅၉ မျက်နှာ
ထုတ်ဝေသည့်ခုနှစ်         = ၂၀၁၂-ခု၊ ဇွန်လ
ထုတ်ဝေသည့်အကြိမ်      = ပထမ အကြိမ်
စာပေတိုက်                  = Northern Star
စာအုပ်တန်ဖိုး                = ၇၀၀၀-ကျပ်

စာညွှန်း                      = Northern Star ဂျာနယ်ပါ စာရေးသူ၏ ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။ ၁၉၄၈-၄၉ ခုနှစ်တစ်ဝိုက်မှာ ဖဆပလအစိုးရကို တော်လှန်ပုန်ကန်ရန် ဗကပ နောက်ကို လိုက်ပါသွားကြသည့် ထိုခေတ် လူငယ်များတွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်ဆိုသည့် အကွေ့ အကောက်များလှသည့် နိုင်ငံရေး ခရီးကြမ်းတစ်လျှောက်လုံး လိုက်ပါစီးမျောရင်း တွေ့ ကြုံ ခံစားခဲ့ရသော ခါးသီးမှုများ၊ နာကြည်းမှုများကို ရွှေဘိုနယ်၊ ဆိတ်ခွန်ရွာသားဖြစ်သူ စာရေးသူက ဆောင်းပါးများတွင် ပွင့်ပွင့် လင်းလင်း ဖော်ထုတ်ရေးသားထားသည်ကို တွေ့ရသည်။ ဗကပ တစ်ဦးအနေနှင့်သာဆိုပါက သူ့ အကြောင်းမှာ များစွာ စိတ်ဝင်စားဖွယ် မရှိပေ။ သခင်သန်းထွန်းသည် ၁၉၆၇ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က “ဗမာပြည် ကွန်မြူနစ်ပါတီ သမိုင်းဝင် အောင်ပွဲနေ့”အဖြစ် သတ်မှတ်ကာ ရဲဘော်ဘတင် (ဂိုရှယ်)၊ ရဲဘော်ဌေးနှင့် စာရေးသူရဲဘော်ဘခက်တို့အား ဖမ်းဆီး၍ အသတ်ခံရလုဆဲဆဲတွင် စာရေးသူသည် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုအတွေ့အကြုံနှင့်တကွ မြန်မာတစ်ပြည်လုံးကို မီးတင်ရှို့ခဲ့သည့် သခင် သန်းထွန်းနှင့် ရောင်းရင်းကွန်မြူနစ်အပေါင်းအသင်းများအကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်းကို ဤစာအုပ်မှတဆင့် အသေးစိတ် သိရှိရမည်ဖြစ်သည်။


စာအုပ်အညွှန်းတင်သူ = မြတ်သွင်

No comments:

Post a Comment