Pages

Monday, August 13, 2012

မျိုးဆက်ပြတ်တော့မည့် ရတနာဂီရိမှ သီပေါမင်းဆွေတော်မျိုးတော်များ

  • စာအုပ်အမည် -  မျိုးဆက်ပြတ်တော့မည့် ရတနာဂီရိမှ သီပေါမင်းဆွေတော်မျိုးတော်များ
  • ရေးသားသူ - -မောင်ခိုင်ခန့် (အမျိုးသားစာပေဆုရ)
  • စာပေအမျိုးအစား - ခရီးသွားဆောင်းပါး
  • စာမျက်နှာ - ၂၁၀
  • ထုတ်ဝေသည့် ခုနှစ် - ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် - ပထမအကြိမ်
  • တန်ဖိုး - ၂၅၀၀ ကျပ်
စာရေးသူရည်ရွယ်ချက်- ဤစာအုပ်အား ဖတ်ရှု၍ မြန်မာလူမျိုးတိုင်း မြေမျို၍ လူမျိုးမပြုတ်၊လူမျိုမှ လူမျိုးပြုတ်မည်ဆိုသော မြန်မာ့ဆိုရိုး စကားကို အလေးအနက်ထား သတိမူနိုင်ကြပါစေဟု မေတ္တာစိတ်ဖြင့် ရည်သန်လျှက်—-

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ၏ စီစဉ်ပေးမှုဖြင့် စာရေးသူပါဝင်သော မြန်မာအဖွဲ့ သည် လေ့လာရေးခရီး အဖြစ် အိန္ဒိယနိုင်ငံသို့ ၂၀၀၇ ခုနှစ်ကုန်ပိုင်းက သွားရောက်ခဲ့ရာ ယခုစာအုပ်မှာ ထိုခရီးစဉ်၏ မှတ်တမ်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့၊ တောင်မည်းကြီးပေါ်မှ ကနေရီ သို့မဟုတ် ဗုဒ္ဓလိုဏ်ဂူများ၊ မွမ်ဘိုင်းမြို့တွင် ဦးဂိုအင်ကာဦးဆောင်မှုဖြင့် တည် ထားသော ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ်ကြီး၊ ဆရာကြီး ဦးဂိုအင်ကာ၏ အပြည်ပြည်ဆိုင်ရာ ဓမ္မဂိရိဝိပဿနာရိပ်သာ၊ အာဂျန်တာ ဗုဒ္ဓ၀င်လိုဏ်ဂူများရှိ အံ့ဖွယ် ကျောက်ဆစ် လက်ရာများ၊ အယ်လိုရာလိုဏ်ဂူများမှ ကျောက်သားဝိဟာရနှင့် အနုဆစ်လက်ရာများ၊ ပူနေးမြို့နှင့် ကာလေဗုဒ္ဓ၀င်လိုဏ်ဂူအနီးမှ ဖြစ်ရပ်ဆန်း၊ ရတနာဂီရိမှ သီပေါမင်း၏ မြစ်တော်၊ ရတနာဂီရိတွင် မျိုးဆက်ပြတ်တော့မည့် သီပေါများ၏ ဆွေတော်မျိုးတော်များ၊ ကိုးလ်ကတ္တား မှ မြန်မာ ဘုန်းတော်ကြီးကျောင်း အကြောင်းတို့ကို ဤစာအုပ်ပါ ဆောင်းပါး ၁၇ ပုဒ်၌ စိတ်ဝင်စားဖွယ်ဖတ်ရှုကြရ မည်ဖြစ်သည်။ သီပေါများ၏ ဆွေတော်မျိုးတော်များကို သွားရောက်တွေ့ဆုံရာ၌ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကိုပါ ထည့်သွင်းဖော်ပြထားသည်။
  • စာညွှန်းတင်သူ - မြတ်သွင်

No comments:

Post a Comment