Pages

Thursday, July 5, 2012

သခင်များနှင့်အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)


စာအုပ်အမည် - သခင်များနှင့်အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုကြီး (၁၉၃၀-၁၉၄၈)
စာရေးသူအမည် - တက္ကသိုလ်စိန်တင်
စာပေအမျိုးအစား - သမိုင်းအထုပ္ပတ္တိ
စာမျက်နှာ - ၄၇၂ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - အောက်တိုဘာလ၊ ၂၀၀၉
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
စာပေတိုက် - ညောင်ရမ်းစာအုပ်တိုက်
စာအုပ်တန်ဖိုး - ၄၅၀၀ ကျပ်

စာညွှန်း - ဤစာအုပ်သည်မြန်မာ့သမိုင်းတွင် အထင်ကရနိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် တို့ဗမာအစည်းအရုံးဝင် သခင်များ၏ မြန့်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ၄င်းသခင်တို့၏ အခန်းဂဏ္ဍကို ဖော်ပြထားသော နိုင်ငံရေး သမိုင်းအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ဖြစ်ပါသည်။ တို့ဗမာ အစည်းအရုံးတွင် ဦးဆောင်ပါဝင်ခဲ့သော ခေါင်းဆောင်သခင်များ၏ နိုင်ငံရေးဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးဆောင်ရွက်ချက်များ၊ နိုင်ငံရေးလုပ်ထုံးလုပ်နည်းများ၊ လူထုအားကောင်းစွာဆွဲငင်နိုင်သော ကြွေးကြော်သံများ၊ ၀ါဒဖြန့်ချီရေးစနစ်သစ်များ၊ ဂီတစွမ်းအားကို နိုင်ငံရေးတွင် အသုံးချပုံနည်းသစ်များကို သီးခြားမော်ကွန်းတင်၍ ရေးဖွဲ့ထားပါသည်။ ထို့အပြင်ရှားပါးဓာတ်ပုံများကိုလည်း ဝေေ၀ဆာဆာထည့်သွင်းထားပါသည်။ မျိုးဆက်သစ်လူငယ်များ နိုင်ငံရေးဆောင်ရွက်မည်ဆိုပါက လေ့လာအတုယူစရာ အထုပ္ပတ္တိသမိုင်းကျမ်းကြီးပင်ဖြစ်ပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment