Pages

Thursday, July 5, 2012

လာခြင်းကောင်းသောအရှင်



စာအုပ်အမည် - လာခြင်းကောင်းသောအရှင်
စာရေးသူအမည် - မြသန်းတင့် (မူရင်း : Robert Payne : The Lord Comes)
စာပေအမျိုးအစား - ဘာသာပြန်ဝတ္ထုရှည်
စာမျက်နှာ - ၂၇၅ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ဖေဖ၀ါရီလ၊ ၁၉၉၇
ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ်
စာပေတိုက် - Crystal Palace Publishing House
စာအုပ်တန်ဖိုး - ၆၀၀ ကျပ်

စာညွှန်း - ဤစာအုပ်၏ မူရင်းရေးသားသူ ရောဘတ်ပိန်းမှာ တရုတ်ပြည်မှ နာမည်ကြီးတက္ကသိုလ်များဖြစ်သော ဖူတန်နှင့် လီယန်တက္ကသိုလ် များတွင် အင်္ဂလိပ်စာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမေရိကန် သတင်းဆရာနှင့် စာရေးဆရာဖြစ်သည်။ ဤစာအုပ်မှာ သက်ရွယ်အိုမင်းလှပြီဖြစ်သော ညီတော်အာနန္ဒာက သူနှင့်နောင်တော် သိဒ္ဓတ္ထတို့ ငယ်စဉ်ကတည်းက နန်းတော်ထဲတွင် အတူကြီးပြင်းခဲ့ပုံ၊ တောလည်ထွက်ပုံ၊ မမြဲသောတရားကို ငယ်ရွယ်စဉ်ကတည်းက နောင်တော်သဘောပေါက်ခဲ့ပုံ၊ နန်းစည်းစိမ်စွန့်ပုံ၊ ဒုက္ခစရိယာကျင့်ခဲ့ပုံ၊ ဥာဏ်အလင်းရခဲ့ပုံ၊ သူနှင့်အတူ ဒေသစာရီကြွချီခဲ့ပုံ၊ ပရိနိဗ္ဗန်စံတော်မူပုံတို့ကို ပြန်ပြောင်းအမှတ်ရကာ အမှတ်တရ မှတ်တမ်းပုံစံဖြင့် ရေးဖွဲ့ထားခြင်းဖြစ်သည်။ အနောက်တိုင်းသားတစ်ဦး၏ ဗုဒ္ဓအပေါ် ရှုမြင်ပုံကိုလည်း သိမြင်နိုင်သည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment