Pages

Wednesday, July 25, 2012

ငဘ



စာအုပ်အမည် - ငဘ
စာရေးသူအမည် - မောင်ထင်
စာပေအမျိုးအစား - ၀တ္ထု
စာမျက်နှာ - ၉၁ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - မေလ၊ ၁၉၉၁။
ထုတ်ဝေသည့်အကြိမ် - ပဉ္စမအကြိမ်
စာပေတိုက် - သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
စာအုပ်တန်ဖိုး - မဖော်ပြ

စာညွှန်း - ဆရာမောင်ထင်၏ ငဘ၀တ္ထုသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖြတ်သန်းခဲ့ရသော မြန်မာလူမျိုးများ၏ ဘ၀သရုပ်ဖော် ၀တ္ထုတစ်ပုဒ်အဖြစ်သာမက ဂျပန်ခေတ်၏ လူနေမှုစနစ်ဆိုးများကိုပါ ခြယ်မှုန်းပြသထားသော ဘ၀ပန်ချီကားတစ်ချပ်လည်းဖြစ်ပါသည်။ ဤ၀တ္ထုကို ဆရာမောင်ထင်သည် ၁၉၄၇ခုနှစ် နှစ်ဦးပိုင်းတွင် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ “ကိုယ့်ကံကြမ္မာကို ကိုယ်မဖန်တီးနိုင်သော ဗမာပြည်ရှိ ငဘများသို့” ဟုနိဒါန်းချီကာ မြေရှင်အရင်းရှင်ကြီးများ၏ လွှမ်းမိုးမှုအောက်တွင် ကျင်လည်ခဲ့ရသော မြန်မာတောင်သူကြီးများ၏ ဘ၀ကို ဖော်ညွှန်းသော ဤ၀တ္ထုသည် တရုတ်နှင့် ဆိုဗီယက် နိုင်ငံတို့တွင် တိုက်ရိုက်ဘာသာပြန်ဆို၍ ရိုက်နှိပ်ထုတ်ဝေခဲ့ရပါသည်။

စာအုပ်အညွှန်းတင်ပြသူ - ကိုဇေ (ကျော်ဇေယျာအောင်)

No comments:

Post a Comment