Pages

Sunday, July 8, 2012

ကွယ်လွန်ထင်ရှား ဆရာ ၁၀၀ ၏ အားမာန်များ


စာအုပ်အမည် = ကွယ်လွန်ထင်ရှား ဆရာ ၁၀၀ ၏ အားမာန်များ
စာရေးသူအမည် = အောင်မင်းမြင့်
စာပေအမျိုးအစား = အတ္ထုပတ္တိ
စာမျက်နှာ = ၂၆၀- မျက်နှာ
ထုတ်ဝေသည့်ခုနှစ် = ၂၀၀၉-ခု၊
ထုတ်ဝေသည့်အကြိမ် = ပထမအကြိမ်
စာပေတိုက် = စာပေဗိမာန်
စာအုပ်တန်ဖိုး = တန်ဖိုး(      )ကျပ်ဟု ရေးထား

စာညွှန်း =မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ခေတ်က မြန်မာတိုင်းရင်းသား၊ ပညာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသော ပုဂ္ဂိုလ်ကျော် ၁၀၀ ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၇ (၁၈၂၅ ခုနှစ်) ခုနှစ်မှ ၁၂၆၂ (၁၉၀၀ ပြည့်နှစ်)အထိ ၇၅ နှစ်တာကာလ (၁၉ ရာစု)အတွင်း ဖွားသန့်စင်ခဲ့ကြသော တိုင်းကျိုးပြည်ပြု၊ မျိုးစောင့် ပြည်ချစ် မြန်မာတိုင်းရင်းသား ရှေးပညာရေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် လုပ်ဆောင်ချက်များပါရှိသည်။ အများစုမှာ ဗမာလူမျိုးများ ဖြစ်ကြပြီး မွန်လူမျိုး ၇ ဦး၊ ရခိုင်တိုင်းရင်းသား ၆ ဦး၊ ထားဝယ်တိုင်းရင်းသား ၃ ဦးနှင့် ကရင်တိုင်းရင်းသား ၂ ဦးတို့ ပါရှိသည်။ ၄င်းတို့အနက် ၄၃ ဦးမှာ သက်ဆုံးတိုင် ပညာတာဝန်ထမ်းခဲ့ကြပြီး ကျန်ပုဂ္ဂိုလ်များမှာ ဆရာဖြစ်ပြီးမှ ကံလမ်းကြောင်းပြောင်း၍ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စာပေနယ်၊ အနုပညာနယ်စသည်တို့သို့ ရောက်ရှိသွားခဲ့ကြသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂၀၀၇ ခုနှစ်၊ စာပေဗိမာန်စာမူဆု စာပဒေသာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
စာအုပ်အညွှန်းတင်သူ = မြတ်သွင်

1 comment: